Tuesday 8 January 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပထမဆုံးအကြိမ်အဖြစ် နိုင်ငံလုံးဆိုင်ရာ 
ညီလာခံတခုကိုလာမယ့် ဖေဖေါ်ဝါရီလထဲမှာ ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။
 နှစ်ပေါင်း ၂၀ ကျော်အတွင်း ကျင်းပမယ့် ညီလာခံမှာ အဓိက အနေနဲ့ ပါတီရဲ့ဗဟိုကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကို ရွေးချယ် တင်မြောက်သွားဖို့ရှိနေပြီး ၂၀၁၅ အထွေအထွေရွေးကောက်ပွဲကြီးအတွက်လည်း ကြိုတင်ပြင်ဆင်မှာဖြစ်တယ်လို့ ပါတီရဲ့ပြောခွင့်ရ ဦးအုံးကြိုင်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ရေးသားထားပါတယ်။ ညီလာခံကို နိုင်ငံတ၀ှမ်းက ပါတီ ကိုယ်စားလှယ်ပေါင်း ၁၅၀၀ လောက်တက်ရောက်ဖို့ မျှော်လင့်ထားပြီး ကျင်းပမယ့်နေရာကိုတော့ ရှာဖွေနေဆဲဖြစ်တယ်လို့ သတင်းမှာရေးသားထားပါတယ်။

No comments:

Post a Comment