Monday 14 January 2013

ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယား ခရီးစဉ် အချိန်ဇယား

ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယား ခရီးစဉ် အချိန်ဇယား


ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား

သတင်းထုတ်ပြန်ချက် ၁ (ခရီးစဉ်)

။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသို့ ငါးရက်ကြာ လာရောက်မည့် ခရီးစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၂၀၁၃ ဇန်နဝါရီလ ၂၈၊ ၁၆း၃၀ နာရီ
    - အမေရိကန်နိုင်ငံပိုင် ဟာဝိုင်ယီကျွန်းမှတဆင့် ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်သို့ ဆိုက်ရောက်လာမည်။
    - ဆိုးလ်မြို့ ဂျိုဆောန်အနောက်ဟိုတယ် (Westin Chosun Hotel/조선호텔)တွင် ညအိပ် နားနေမည်။

ဇန်နဝါရီလ ၂၉၊ နေ့လယ်ပိုင်း
    - ဖျောင်းချန်းအိုလံပစ် (평창스페셜올림픽)မှ ကျင်းပမည့် ညီလာခံသို့ တက်ရောက်ရန် ကင်ပိုလေဆိပ်မှ ဂန်ဝန်ဒိုပြည်နယ်၊ ဖျောင်းချန်းမြို့သို့ ထွက်ခွာမည်။

ဇန်နဝါရီလ ၃၀၊ ညနေပိုင်း
    - ဖျောင်းချန်းမြို့မှ ကင်ပိုလေဆိပ်သို့ ပြန်လည် ဆိုက်ရောက်လာပြီး၊ ထိုမှတဆင့် ဂွမ်ဂျူးမြို့(광주)သို့ ဆက်လက် ထွက်ခွာမည်။
    - ည ၁၉း၃၀ နာရီတွင် ဂွမ်ဂျူးလေဆိပ်သို့ ဆိုက်ရောက်မည်။

ဇန်နဝါရီလ ၃၁၊ ၀၉း၀၀ နာရီ
    - ဂွမ်ဂျူးမြို့ရှိ ဒီမိုကရေစီတော်လှန်ရေး အထိမ်းအမှတ် သုသာန်သို့ သွားရောက်မည်။ ထို့နောက်
    - ၂၀၀၄ ခုနှစ်က ဒေါ်စုကို ချီးမြှင့်ခဲ့သည့် “ဂွမ်ဂျူးလူ့အခွင့်အရေးဆု” ရရှိခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲသို့ တက်ရောက်၍ မိန့်ခွန်း ပြောကြားမည်။
    - ၁၄း၁၅ နာရီတွင် ဂွမ်ဂျူးမြို့မှ ဆိုးလ်မြို့သို့ ပြန်လည် ထွက်ခွာမည်။

ဖေဖော်ဝါရီလ ၁၊ ၁၀း၀၀ နာရီ
    - သမ္မတဟောင်း ကင်မ်ဒဲဂျုံး အထိမ်းအမှတ် စာကြည့်တိုက်ရှိ ခန်းမဆောင်တွင် ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲ ကျင်းပမည်။

ဖေဖော်ဝါရီလ ၁၊ ၁၈း၃၀ နာရီ
    - အင်ချွန်းလေဆိပ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာမည်။

။ ယခု ဖော်ပြထားသော ခရီးစဉ်တို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံသားများ ကြိုဆို တွေ့ဆုံနိုင်မည့် အချိန်နှင့် နေရာ အသီးသီး ဖြစ်ပါသည်။ ကိုရီးယား အစိုးရ၊ အခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံမည့် အစီအစဉ်များ မပါဝင်ပါ။

။ မြန်မာနိုင်ငံသားများ ဒေါ်စုကို ကြိုဆိုရေးနှင့် တွေ့ဆုံပွဲ တက်ရောက်ရေးအတွက် လိုအပ်သော သတင်း အချက်အလက်များကို ဆက်လက် ထုတ်ပြန်သွားပါမည်။

။ ခရီးစဉ်နှင့် ပတ်သက်၍ စုံစမ်း မေးမြန်း ပူးပေါင်းဆောင်ရွက်နိုင်ရန် “ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ”၏ ဆပ်ကော်မတီ တာဝန်ခံများကို ဖော်ပြလိုက်ပါသည်။

- စီမံခန့်ခွဲရေး ဆပ်ကော်မတီ - ဦးနေထွန်းနိုင် 010-8962-3414, naing8888@yahoo.com
- ဘဏ္ဍာရေး ဆပ်ကော်မတီ - ဦးအောင်မြင့်ဆွေ 010-8993-3194, aungnld@yahoo.com
- ပြန်ကြားရေး ဆပ်ကော်မတီ - ဦးဝင်းပေါ်မောင် 010-4034-5712, paw369maung@gmail.com
- လုံခြုံရေး ဆပ်ကော်မတီ - ဦးကျော်ကျော်ဦး 010-5434-6943, ohho32@ yahoo.com
- ကြိုဆိုရေး ဆပ်ကော်မတီ - ဦးဆန်းကိုကို 010-4860-3581, kaekaesan@gmail.com
- ပြင်ဆင်ရေး ဆပ်ကော်မတီ - ဦးသန့်ဇင်အောင် 010-9054-4727, thettun2009@gmail.com
- မှတ်တမ်းတင်ရေး ဆပ်ကော်မတီ
       - ဗွီဒီယိုမှတ်တမ်း - ဦးဝင်းလှိုင်(နန်းရှေ့) 010-7999-2208, koluchit@gmail.com
       - ဓာတ်ပုံမှတ်တမ်း - ဦးမင်းဟန် 010-4255-3870, birdgyi1@gmail.com

ရက်စွဲ။ ၂၀၁၃ ဇန်န၀ါရီလ ၁၂၊ စနေနေ့

ကော်မတီ အီးမေးလ် - dassk.koreatrip@gmail.com
ကော်မတီ ဖေ့စ်ဘွတ် - http://www.facebook.com/pages/

No comments:

Post a Comment