Monday 7 January 2013

အပြောင်းအလဲရဲ့ သီးပွင့်စ

မြို့နယ်တရားသူကြီး တစ်ဦးကိုယ်တိုင်က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီထံသို့ လာဘ်ပေးလာဘ်ယူမှုနှင့်ပတ်သက်၍တိုင်ကြားလာကြောင်းတရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

"တရားသူကြီးကိုယ်တိုင်က (အခြား တရားသူကြီး) တရားသူကြီးလာဘ်စားပါတယ်လို့ စာဖြင့်ရော၊ နှုတ်ဖြင့်ပါလာရောက် တိုင်ကြားထားတာ ရှိပါတယ်။ ဒီစာကို အထူးသီးသန့် အနေနဲ့ သိမ်းဆည်း ထားပါတယ်" ဟု ၄င်းက ပြောသည်။တိုင်စာပါ ဖြစ်စဉ်များအနက် အကြောင်းအရာတစ်ခုမှာ တရားခွင်တစ်ခုတွင် တရားသူကြီးတစ်ဦးက ၄င်းဒေသရှိ လွှတ်တော်ကိုယ်စားလှယ်နှင့် ပေါင်း၍ လာဘ်စားမှုများ ဖြစ်ပေါ်နေသည်။ တိုင်ကြားသူတရားသူကြီးက လာဘ်စားခြင်းအပေါ် အလိုမတူမှုကြောင့် ၄င်းကို ဖိနှိပ်ကိုင်တွယ်လာခြင်း အပေါ်တိုင်ကြားလာခြင်း ဖြစ်သည်ဟုဆိုသည်။ ယခင်က တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီထံ တရားရေးဘက်မှ ဝန်ထမ်းများတိုင်ကြားမှု မရှိသလောက် နည်းပါးခဲ့ပြီး ယခု တရားသူကြီးတစ်ဦး၏ တိုင်ကြားမှုမှာ ပထမဆုံးဖြစ်ကြောင်း၊ တိုင်ကြားသူမှာလက်ရှိ ရာထူးနှင့်တာဝန်ရယူထားခြင်းကြောင့် ၄င်း၏ အလုပ်အကိုင်ကို ထိခိုက်မည်စိုး၍ အထူးသီးသန့်အနေဖြင့် ယင်းအမှုကိုကိုင်တွယ် သွားမည်ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောသည်။


 ဇန်နဝါရီလ ( ၃)ရက်နေ့ထုတ် (7 Days News ) ဂျာနယ်ရေးသားသော
“လာဘ်ပေး လာဘ်ယူမှုနှင့်ပတ်သက်၍ တရားသူကြီးတစ်ဦးက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ ပထမဆုံးအကြိမ်တိုင်ကြား” ခြင်း သတင်းမှ ကောက်နုတ်တင်ပြပါသည်။

No comments:

Post a Comment