Sunday, 27 January 2013

မိဘတို့အား အကောင်းဆုံး ကျေးဇူးဆပ်နည်း။

 Photo: မိဘတို့အား အကောင်းဆုံး ကျေးဇူးဆပ်နည်း


“ ပခုံးထက်၌ ထမ်းလျက်ထား အမိ အဖအား - ညောင်းညာပင်ပန်း နှိပ်နယ်ပေး
ရေပူရေအေး ပေး - ကျင်ကြီးကျင်ငယ်စွန့်ပေစေ လုပ်ကြွေးပြုစုပေ ”
ရဟန်းတို့၊ ဤသို့ပင် အသက်ထက်ဆုံးလုပ်ကျွေးပြုစုသော်လည်း
အမိအဖတို့အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ပေးသည် မမည်သေး။

ရဟန်းတို့၊ အမှန်စင်စစ်အားဖြင့် အကြင်သူသည် သဒ္ဓါတရား ခေါင်းပါးသော
မိဘတို့ကို သဒ္ဓါတရား ရှိအောင် ဆောင်ရွက်ပေး၏။
သီလမရှိသော မိဘတို့ကို သီလရှိအောင် ဆောင်ရွက်ပေး၏။
နှမြောဝန်တိုသော မိဘတို့ကို စွန့်ကြဲလှူဒါန်းအောင်ဆောင်ရွက်ပေး၏။
ပညာမရှိသော မိဘတို့ကို ပညာရှိအောင် ဆောင်ရွက်ပေး၏။
ဤသို့ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့်
အမိအဖတို့ အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သည် မည်၏။

လင်္ကာ by the eXistence

အေးချမ်းမွန်မှ  World Of Wisdom တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
 
 
မိဘတို့အား အကောင်းဆုံး ကျေးဇူးဆပ်နည်း


“ ပခုံးထက်၌ ထမ်းလျက်ထား အမိ အဖအား - ညောင်းညာပင်ပန်း နှိပ်နယ်ပေး
ရေပူရေအေး ပေး - ကျင်ကြီးကျင်ငယ်စွန့်ပေစေ လုပ်ကြွေးပြုစုပေ ”
ရဟန်းတို့၊ ဤသို့ပင် အသက်ထက်ဆုံးလုပ်ကျွေးပြုစုသော်လည်း
အမိအဖတို့အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ပေးသည် မမည်သေး။

ရဟန်းတို့၊ အမှန်စင်စစ်အားဖြင့် အကြင်သူသည် သဒ္ဓါတရား ခေါင်းပါးသော
မိဘတို့ကို သဒ္ဓါတရား ရှိအောင် ဆောင်ရွက်ပေး၏။
သီလမရှိသော မိဘတို့ကို သီလရှိအောင် ဆောင်ရွက်ပေး၏။
နှမြောဝန်တိုသော မိဘတို့ကို စွန့်ကြဲလှူဒါန်းအောင်ဆောင်ရွက်ပေး၏။
ပညာမရှိသော မိဘတို့ကို ပညာရှိအောင် ဆောင်ရွက်ပေး၏။
ဤသို့ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့်
အမိအဖတို့ အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သည် မည်၏။

No comments:

Post a Comment