Saturday 6 April 2013

မြင့်မြတ်တဲ့စိတ်ဓာတ်...(သီတဂူဆရာတော်ဘုရားကြီး)

မြင့်မြတ်တဲ့စိတ်ဓာတ်...(သီတဂူဆရာတော်ဘုရားကြီး)

ရေကြည်ရာ မြက်နုရာကိုရှာမယ်ဆိုတဲ့နိမ့်ကျတဲ့စိတ်ထားကို ရှောင်ဖယ်ပြီး...
မကြည်တဲ့ရေကို ကြည်အောင် လုပ်မယ် ...
မနုတဲ့မြက်ကို နုအောင် လုပ်မယ်ဆိုတဲ့...
မြင့်မြတ်တဲ့စိတ်ဓာတ်ကို တပည့်တို့ မွေးမြူကြပါ ...
(သီတဂူဆရာတော်ဘုရားကြီး၏ ဘွဲ့နှင်းသဘင် မိန့်ခွန်းမှ)





ရေနွေးညသိပ် အဆိပ်ထက်ပြင်း



ရေနွေးညသိပ် အဆိပ်ထက်ပြင်း

ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ရဲ့နာမည်ကျော်ဥတုဘောဇန သင်္ဂဟကျမ်းမှာ ဖော်ပြထားတဲံ့ ရေနွေး။ရေကျက်အေး ရေအေးတို့နဲံပတ်သက်တဲ့ သိမှတ်ဖွယ်ရာဗဟုသုတတွေဒီစာအုပ်မှာ ပါဝင်တယ်. နောက်ဆုံးတင်ပြလိုတာကတော့.....

(၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီးကျက်အောင်ကျိုပါ။

(၂) ကော်ဖီဖျော်ရင် ခြောက်နာရီအတွင်း ကျိုချက်ထားတဲံ ရေနွေးနဲ့ဖျော်ပါ။

(၃) ဓာတ်ဗူးထဲက ရေနွေးနဲံဖျော်ရင် ခြောက်နာရီထက်ကျော်ပြီး ဓာတ်ဗူးထဲမှာ လှောင်ထားသော ရေနွေးကိုမသုံးသင့်ပါ။

(၄)ဓာတ်ဗူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွေးပြီး မသုံးပါနဲံ။ပြန်ကျိုချက်ပြီး မသုံးပါနဲ့။

(၅)ညသိပ်ရေနွေး ။ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

(၆)ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေးမသောက်ပါနဲ့။ ရေအေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေနွေးမသောက်ပါနဲ့။ အထက်ပါအယူအဆတွေဟာ မလွဲနိုင်တဲံ့ တိုင်းရင်းဆေးပညာ ဥပဒေသ အယူအဆတွေဖြစ်ကြောင်း တင်ပြအပ်ပါသည်။.

ထွန်းတောက်နိုင်ငံခြားဆေးနှင့်မြန်မာဆေးမျိုးစုံဆိုင်(Tun Tauk Pharmacy)

ယောက်ျားလေးတစ်ယောက်ကိုချစ်ရင် အောက်ပါ(၁၅)ချက်တွေထဲက ဘယ်အရာတွေကို လုပ်ပေးနိုင်သလဲ ???

ယောက်ျားလေးတစ်ယောက်ကိုချစ်ရင် အောက်ပါ(၁၅)ချက်တွေထဲက ဘယ်အရာတွေကို လုပ်ပေးနိုင်သလဲ ???

၁။ သ၀န်မတိုရဘူး
၂။မချုပ်ခြယ်ရဘူး
၃။နားလည်ပေးနိုင်ရမယ်
၎။ခွင့်လွှတ်ပေးနိုင်ရမယ်
၅။အကောင့် ပတ်ဝှက်မတောင်းရဘူး
၆။ဖုန်းမစ်ကောလစ်တွေ ၊မက်ဆေခ်ျချက်တွေ လှန်လှောမကြည့်ရဘူး
၇။ဂိမ်းကစားခွင့်ပေးရမယ်။
၈။ဘောလုံးကိုလွတ်လပ်စွာကန်ခွင့်ပေးရမယ်
၉။တခြားမိန်းကလေးနဲ့ တွဲသွားမိရင် စိတ်မဆိုးရဘူး
၁၀။လူကြားထဲမှာ တမောင်မောင်နဲ့  ဒါမှမဟုတ် ကိုကို ကိုကိုနဲ့  မပြောရဘူး
၁၁။သူငယ်ချင်းတွေစုံတဲ့  အချိန် အတင်းမပြောရဘူး
၁၂။နှစ်ပတ်လည်နေ့တွေ မေ့ခဲ့ ရင် မဆူရဘူး
၁၃။တခြားကောင်မလေး အကောင့်ကို ကွန်မန့်ပေးမိရင် မငြူစူရဘူး
၁၄။ဖုန်းမှန်မှန် မဆက်ရင် နားလည်ပေးရမယ်
၁၅။ဘယ်လို အကြောင်းအရာအဖြစ်အပျက်တွေကြုံကြုံ ဘယ်တော့ မှ အချစ်မလျော့ ဘူးလို့  အမြဲတမ်း ကတိပေးရယ်
....
....
နောက်ဆုံးတချက်ကတော့  တွေ့တိုင်း ချစ်တယ် ချစ်တယ်ပြောရမယ်

(ပုံရိပ်စစ်)

ဟော့မှကြိုက်တဲ့ ဂေါ်လီမလေးများသို့


ဟော့မှကြိုက်တဲ့ ဂေါ်လီမလေးများသို့

ရေးချင်နေတာကြာပြီ အခုမှ အချိန်လေးအားတုန်းရေးလိုက်အုံးမယ်
ကျွန်တော့်ကိုတော့ရိုင်းတယ်...နှာဘူးကျတယ်လို့တော့မမြင်စေချင်ဘူး..(မြင်လိုကလည်းမြင်ပါ :) )..ညီမလေးတွေ အစ်မတွေကိုကြိုပြောထားတာ..
ကျွန်တော်တို့ဆီက မြန်မာမိန်းကလေးတွေကိုကြည့်ရတာ အမြင်မသင့်တော်လွန်းလို့ ရေးလိုက်တာပါ...
တရုတ်ကားတွေကြည့်..ကိုရီးယားကားတွေကြည့်ပြီး..ရသမျှပိုက်ဆံ အ၀တ်အစားဖိုးနဲ့ထိုင်ဖြုန်းနေတဲ့သူတွေ ပေါမှပေါဗျ...
ဝတ်လိုက်တဲ့အ၀တ်ကလည်း..ပေါင်ပေါ် ဒူးပေါ် ဗိုက်ပေါ်..တစ်ချို့ဆိုရင်သားတွေတောင် တစ်ခြမ်းထွက်နေပြီ...
ကျွန်တော်တို့ယောကျာ်းလေးတွေကတော့ ကြိုက်ပါတယ်...တကယ်ပြောတာ
ပွင့်ပွင့်လင်းလင်းပဲ..ဟိုးအရင်တုန်းကဆိုရင် ဒါမျိုးလေးတွေမြင်ဖို့ ဗီဒီယိုရုံကိုပြေးရတာ...အခုဆိုအပြင်ထွက်လိုက်တာနဲ့...ဟောတစ်ယောက်
ဟောတစ်ယောက်ပဲ..လိုက်ကြည့်ရတာ ခေါင်းတောင်မူးပါရဲ့...
မနောကံနဲ့ပြစ်မှားလိုက်...၀စီကံနဲ့ပြစ်မှားလိုက်နဲ့..ကာယကံနဲ့တော့ ပြစ်မှားလို့မရဘူး...အချုပ်ခန်းထဲရောက်မှာကိုး...
ဒါအသာထားလိုက်အုံး..ကိုရီးယားမတို့ တရုတ်မတို့ဝတ်တာက သူတို့နိုင်ငံရာသီဥတု သူတို့နိုင်ငံရဲ့Living Style ကိုး..ပြီးတော့ သူတို့တွေက
ခြေသလုံးဖြူဖြူ..ပေါင်ဖြူဖြူ ..ဗိုက်သားဖြူဖြူချပ်ချပ်လေးတွေ...
ကျွန်တော်တို့ဆီကဟာတွေက..ခြေသလုံးကမဲတုတ်တုတ် ဗိုက်ခေါက်ကထူထူ...ပေါင်ကမဲမဲ ကျောပြဲပြဲတွေနဲ့ ..ကြည့်ရတာ...ကောက်ညှင်းထုပ်ကြီးကို မီးသွေးသုတ်ပြီး စီးထားသလိုပဲ..
ကျွန်တော်တို့ယောက်ျားလေးတွေဆိုတာကလည်း အဲလိုခပ်ဟော့ဟော့မိန်းကလေးကို..သူ့ဟာသူဘာပဲဖြစ်ဖြစ် အတည်ကြံလိုက်မယ်လို့တော့ မထင်နဲ့...တကယ်ပြောတာ ခဏတစ်ဖြုတ်ပဲ..
လမ်းတိုင်းမှာတွေ့ရတဲ့ရေအိုင်လိုပဲ သဘောထားကြတာ...ခြေထောက်ဆေးရုံလောက်ပဲ..ဘယ်သူမှတော့ ကုန်းမသောက်ဘူး...
ကျွန်တော်တို့ ယောကျာ်းလေးတွေ ဘယ်လိုမိန်းကလေးမျိုးကို အတည်ကြံတယ်လဲ...အလေးထားတယ်ထင်လဲဗျ...ဆံပင်ရှည်ရှည်လေးနဲ့..
မြန်မာဆန်ဆန်ဝတ်စားတတ်တဲ့မိန်းကလေးကိုပဲကြိုက်ကြတာများတယ်...
စစ်တမ်းတောင်ကောက်စရာမလိုဘူး...တကယ်...
အခုခေတ်မှာ ဘောင်းဘိုတိုတိုမိန်းကလေးတစ်ယောက် လုံချည်ဝတ်ထားတဲ့
မိန်းကလေးတစ်ယောက် သူတို့နှစ်ယောက်ကို ယှဉ်ပြီးလမ်းလျှောက်ခိုင်းကြည့်...ဘယ်သူ့ကို ယောကျာ်းလေးတွေ အများဆုံး
စိတ်ဝင်စားမယ်ထင်လဲ...လုံချည်လေးနဲ့ကောင်မလေးကိုပဲပေါ့...
ဒါကအပြင်ပိုင်းပြောတာနော် ...စိတ်ပိုင်းဆိုင်ရာကိုမပြောသေးဘူး...
ရှေးလူကြီးတွေလို မိန်းကလေးတစ်ယောက်ကို ၀တ်တာစားတာကြည့်ပြီး
စိတ်ရင်းကို အကဲခတ်မယ်ဆိုရင်တော့ ဒီခေတ်တော်တော်များများ မိန်းကလေးတွေ ယုန်ထင်ကြောင်ထင် အထင်ခံရဖို့တော့ တော်တော်များပြီ..
ဟိုတစ်လောက သူငယ်ချင်းတစ်ယောက်နဲ့အပြင်ထွက်တော့...
ကောင်မလေးတစ်ယောက်ကိုတွေ့တယ် ဆံပင်ရှည်ရှည်..မြန်မာဝတ်စုံလေးနဲ့..သနပ်ခါးကိုမထူမပါးလေးလိမ်းထားသေးတယ်...အသားကမဖြူမညို...အဲဒါနဲ့ ဒီကောင့်ကို.“.ဟေ့ကောင်...မလန်းဘူးလားကွ...ဒါမျိုးရရင်မယူချင်ဘူးလား”
လို့မေးလိုက်တော့..“ဒါမျိုးရရင်တော့ ယူချင်တာပေါ့...ရွှေထက်တောင်ရှားသေးတယ်”တဲ့..ကဲအဲဒါတာကြည့်ပေတော့...ဒီကောင်ကလည်းမိန်းမမြင်တိုင်းကြိုက်တတ်တဲ့ကောင်...ရည်းစားကလည်းပေါမှပေါ..ဒီကောင်ပါးစပ်က ဒီတစ်ခါပဲ အဲလိုကြားဖူးတယ်...
ကဲ..ဒါတွေအသာထား...
ယဉ်ကျေးမှုအစဉ်အလာကြီးမားတဲ့...ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေနဲ့...ဒီလိုဖြစ်ကတတ်ဆန်းဝတ်တတ်တဲ့မိန်းကလေးတွေ...
ဘိယ်လိုမှကိုယှဉ်တွဲကြည့်လို့မရဘူး...အခုဆိုရင် ဘောင်းဘီတို စကတ်တိုနဲ့
ဘုန်းကြီးကျောင်းသွားတဲ့မိန်းကလေးတောင်ရှိရဲ့...
လူကြီးတွေမတွေကြားလည်း ဖြတ်လျှောက်လိုလျှောက်နဲ့...
“ဘယ်မှာလဲ မင်းတို့မြန်မာမိန်းကလေးတွေအနေအထိုင်သိမ်မွေ့တယ်ဆို”လို့များ
မေးတဲ့သူရှိရင် ဖြေရမှာတောင်ခက်နေပြီ....
ဘယ်လိုထိန်းသိမ်းကြမလဲ...
ထိန်းသိမ်းဖို့ကတော့တော်တော်ခက်နေပြီ...မီဒီယာတွေကလည်း ဒီလိုဝတ်ထားတဲ့မိန်းကလေးပုံကိုမှ ရှေ့တန်းတင်နေမှတော့ အတုခိုးကြတာကလည်းမြန်မှမြန်...ဒီတော့ သက်ဆိုင်ရာ နိုင်ငံတော်လူကြီးတွေကပဲ ကိုရီးယားလို ဥပဒေတစ်ရပ်ထုတ်ဖို့ပဲရှိပါတော့တယ်.......။

Moekyaswheco

ဗိုက်အောင့်ခြင်းကို ကာကွယ်နည်း။

ဗိုက်အောင့်ခြင်းကို ကာကွယ်နည်း

ဗိုက်အောင့် နေရင် ဝမ်းဗိုက် ပေါ်မှာ ရေနွေးအိတ် ကပ်ပေးပါ။ အပူကြောင့် အရေပြား မျက်နှာပြင်ဆီ သွေးစီးဆင်းမှု ကောင်းစေကာ နာကျင်မှု ထိသိတဲ့ ခံစား ချက်ကို အပြင်ဖယ်ထုတ် လိုက်သလိုဖြစ် သွားစေပါတယ်။


မြန်မာ ၊ မြန်မာခြင်း ငဲ့ညာသောအနေဖြင့် ကူညီကြစေလိုပါသည်။

မြန်မာ ၊ မြန်မာခြင်း ငဲ့ညာသောအနေဖြင့်  ကူညီကြစေလိုပါသည်။

ယခုအခါတွင် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ စေလွတ်လိုက်သော

စိုက်ပျိုးရေး၊မွေးမြူးရေးအလုပ်သမားအများစုမှာ အလုပ်ငန်းခွင် အန္တရာယ် ၊ ရာသီဥတုဒဏ်မခံနိုင်

ခြင်းများကြောင့် တာဝန်ကျရာ နေရာများတွင် ဒုက္ခရောက်ရှိနေကြပါသည်။

တောင်ကိုရီယားနိုင်ငံမှ တာဝန်ရှိသောအဖွဲ့အစည်းများအား အကူအညီတောင်းခံပါသော်လည်း

ကူညီပေးဆောင်ရွက်မှုများကို မလုပ်ဆောင်ပေးကြသည့်အပြင်၊အပြစ်ပြောကာ ဝေဖန်ပြောဆိုနေကြသည်ကို

တွေ့မြင်ရပါသောကြောင့် များစွာစိတ်မကောင်းဖြစ်မိပါသည်။သိုပါသောကြောင့် တာဝန်သိ မြန်မာနိုင်ငံသားအများစုအနေဖြင့်

မိမိမြို့၊ဒေသများတွင် ယခုရောက်ရှိလာသော စိုက်ပျိုးရေး၊မွေးမြူးရေးအလုပ်သမားများအား

ငဲ့ညာသောအနေဖြင့် ကူညီဆောင်ရွက်ပေးစေလိုပါသည်။အကူအညီမရရှိပါကလည်း ကျွန်တော်အား ဆက်သွယ်၍

အကူအညီတောင်းစေလိုပါသည်။အတတ်နိုင်ဆုံးသော အကူအညီများကိုဆောင်ရွက်ပေးသွားပါမည်။
                                                                   

                                                                  ဆက်သွယ်ရန် -

                                                                                            မောင်လှမျိုး - ၀၁၀ ၂၈၁၈ ၁၉၈၄

                                                                                            မောင်နိုင်လင်းအောင် - ၀၁၀ ၄၉၉၁ ၅၂၂၈

                                                                                            မောင်ဝေဖြိုးဦး - ၀၁၀ ၄၉၆၈ ၆၄၅၄









"ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း"

ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့်
ဘာကြောင့် ဖုံးလွှမ်းရသနည်း"


တို့ အဘဘုရား သာသနာမှာ လက်ဝဲတော်ရံ
လက်ယာတော်ရံဆိုတာ မရှိဘူးလား

"ရှိပါတယ်ဘုရား"

လက်ဝဲတော်ရံဆိုတာ

"တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါဘုရား"

လက်ယာတော်ရံဆိုတာ

"ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာပါဘုရား"

ဟုတ်ပြီဗျာ.. တန်ခိုးက လက်ဝဲ၊ ပညာက လက်ယာ...
တန်ခိုးဆိုတာ အာသဝေါတရားတို့ ရဲ့  ကုန်ရာခန်းရာ အရဟတ္တဓဇ၊
အရဟတ္တရဲ့ အလံတံခွန်သာဖြစ်တယ်။ ပညာဆိုတာကတော့ ၀ိပဿနာပညာ၊
မဂ်ပညာ၊ ဖိုလ်ပညာကနေ နိဗ္ဗာန်ကို ရဖို့ ရောက်ဖို့ မဟုတ်လား။
ပုထုဇဉ်တို့ ရဲ့ စိတ်သဘာဝဆိုတာ အဆန်းကြိုက်၊ တစ်ခုရိုး တစ်မျိုးပြောင်းပြီး
တစ်သံသရာလုံး ဆန်းတယ်ထင်တာတွေနောက်လိုက်ခဲ့ကြတယ်။ ရိုင်းရိုင်းပြောရရင်
လမ်းဘေးက မျောက်ပွဲ၊ မျက်လှည့်ပွဲကအစ ဆန်းတယ်ထင်တာ မှန်သမျှမှာ
လူတွေမေ့မျော သာယာနေတတ်ကြတယ်။

ဒီတော့ တန်ခိုးရဲ့  ဆန်းဆန်းပြားပြား
ဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ်ပညာကွယ်မှာပဲ၊
မဂ်ပညာ ဖိုလ်ပညာကွယ်ရင် သာသနာကွယ်မှာပဲ။ သာသနာကွယ်ပြီ ဆိုတာနဲ့ 
သတ္တ၀ါတွေရဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းက လွတ်မြောက်ရာ တရားတွေလည်း
ကွယ်တာပဲ။

ယောဂီတို့  တရားထိုင်ရာမှာလည်း တင်ပျဉ်ခွေကြား လက်နှစ်ဖက် ယှက်တင်တဲ့အခါ
လက်ဝဲလက်ကို အောက်က လက်ယာလက်ကို အပေါ်က ထားရတာလည်း
ဒီသဘောပဲ။ လက်ဝဲဆိုတဲ့ တန်ခိုးသဘောကို လက်ယာဆိုတဲ့ ပညာက ဖုံးထားအုပ်ထား
ဆင့်ထားရတယ်။ တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ၀ိပဿနာ။
သမထ တန်ခိုးကိုသာ ပြလိုက်လို့ ကတော့ အညှီ ယင်အုံသလို နေတော့မှာပေါ့။

ရုပ် နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ ဘာမှဟောလို့  ပြောလို့ နားဝင်တော့မှာ မဟုတ်ဘူး။ တန်ခိုးပြမိရင် တန်ခိုးပဲ ကိုးကွယ်မှာ။ ၀ိပဿနာပညာ၊ ဖိုလ်ပညာ၊ မဂ်ပညာတွေဆိုတာ ကျင့်ကြံအားထုတ်ရမှန်းတောင် သိမှာမဟုတ်တော့ဘူး။

တန်ခိုးလောက်ရင် မိန်းမောနေရင် သံသရာဝဋ်ဆင်းရဲက မလွတ်မြောက်နိုင်ဘူး။
ဒါ့ကြောင့်တန်ခိုးဆိုတာ ဖုံးထားအပ်သောအရာ၊ ပညာသာလျှင် အမြဲအစဉ်
ဖွင့်ထားအပ်သောအရာ၊ ဖော်ထားအပ်သော အရာ၊ ဒါကြောင့် တန်ခိုးကို ကိုယ်စားပြုတဲ့
လက်ဝဲဘက်ကို သင်္ကန်းနဲ့ ဖုံးထားရတယ်။ ပညာကိုကိုယ်စားပြုတဲ့ လက်ယာဘက်ကိုတော့
ဖွင့်ပြထားရတယ်၊ ဖော်ထားရတယ်။



လုံမလေးရေ.....

လုံမလေးရေ.....
အရှက်အကြောက်သည် အမျိုးသမိးတို့ ၏ တန်ဖိုး
ဘုရားရှင်လက်ထက်အခါတုန်းက တောသူ အမျိုးသမီးတစ်ဦးသည် ခန္ဓာကိုယ့်အရေးကိစ္စကြောင့် မထိန်းနိုင်ဘဲ မင်းနန်းတော်အတွင်း ဖြတ်သန်းသွားစဉ် လူမြင်ကွင်းတွင် ကိုယ့်ကို အ၀တ်ဖြင့်ခြုံပြီး ကိုယ်လက်သန့် စင်လိုက်သည်။ ထိုအခြင်းအရာကို လေသာပြတင်းပေါက်တွင်ရှိနေသော မင်းကြီးမြင်သောကြောင့် အရှက်အကြောက်ရှိသော အမျိုးသမီးဟုသတ်မှတ်ပြီး မိဖုရားအရာ ထားသည်။ မကြာမီ ထိုမိန်းမမှ သားတစ်ယောက်မွေးရာ ထိုသားသည် မင်းဖြစ်လာသည်။ ကျေးလက်သူပင်ဖြစ်သော်လည်း အရှက်အကြောက်ကြီးသောကြောင့် မင်းကြီးမြတ်နိုးတော်မူကာ မိဖုရားမြှောက်ခြင်းကိုခံရပြီး ကြီးကျယ်မြင့်မြတ်သူဘ၀သို့ ရောက်ခဲ့ရသည်။ (ဗာဟိရဇာတ်)
သင်္ကြန်တွင်း မြန်မာ မိန်းကလေးများ အရက်သောက်စားခြင်းရှောင်ကြဉ်ရန်နှင့် အ၀တ်များကို လုံလုံခြုံခြုံဝတ်ဆင်ကြပါ။ မြန်မာယဉ်ကျေးမူတွင် ဘိုးဘွား ဘီဘင် အစဉ်အဆက် မိန်းကလေးငယ်များကို လုံမလေးဟုခေါ်ဆိုခဲ့ပါတယ်။ အဘယ်ကြောင့်ဆိုသော် မြန်မာမိန်ကလေးများ အ၀တ်များကို လုံလုံခြုံခြုံ ၀တ်ဆင်သောကြောင့် လုံမလေးဟု ခေါ်ပါသည်။ မြန်မာ ယဉ်ကျေးမူ များကို ထိန်းသိမ်းကြပါစေရန် နှင့် အရှက်အကြောက်သည် အမျိုးသမီးတို့ ၏ တန်ဖိုးဖြစ်ကြောင်းကို ညီမငယ်များအား မေတ္တာရပ်ခံအပ်ပါတယ်။ မေတ္တာတရားဖြင့် (julymoe

သောက်သုံးရန်မသင့်သော ရေ (၅)မျိုး

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး

(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်ရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည်

၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။


(မဃဒေဝ)

လူမိုက်တိရစ္ဆာန်
နိဗ္ဗာန်စကား
အလွန်ခါး၏။
နားပါးမဝင်
သိမြင်မဲ့စွာ
လူယုတ်မာအား
နှစ်ဖြာကြောင်းကျိုး
ကောင်းအဆိုးကို
မဟောကြားရာ
ဟောကြားမိက
အပြစ်ရ၏...။
 
(မဃဒေဝ)
 Ashin Nanda Dhammasukha
 
 

၉၆၉ ကိုမုန်းတီးရေးဖွဲသူများမည်သူနည်း ???????????????



၉၆၉ ကိုမုန်းတီးရေးဖွဲသူများမည်သူနည်း ???????????????


ဆရာတော် ဦးဝီရသူ တရားပွဲတွင် မွတ်ဒေါင်းဟု မဟောခဲ့စဉ် အချိန်က ၉၆၉ အားဝိုင်းဝန်းထောက်ခံပြီး ၇၈၆ ဆိုင်များအား အထိနာစေခဲ့ပါသည် ။

ထိုစဉ် အချိန်အခါသည် မိတ္ထီလာ အရေးအခင်း မဖြစ်စဉ်ဖြစ်သည် ။
ထို့နောက်တွင် မိတ္ထီလာ အရေးအခင်းဖြစ်လာခဲ့သည် ။ ထို ဖြစ်စဉ်အတွင်း မွတ်စ်လင်များမှာ ကိုယ့်ပစ္စည်းများကို အပြင်ကို ကြိုထုတ်နေနိုင်ခဲ့သည်မှာ အဘယ့်ကြောင့်နည်း ။
ပြီးမှ ကိုယ့်အိမ်ကို ကိုယ်ကိုတိုင် မီးရှို့ သွားခဲ့သည် ။

ဘယ်သောအခါမှ ပြဿနာတက်တိုင်း ပွဲပြီးမှ ဖျာခင်းတက်သော ၈၈ ပူးများ အဘယ့်ကြောင့် စောစီးစွာရောက်ပြီး ထိန်းသိမ်းပေးခဲ့သည်ဟု အော်ခဲ့သနည်း ။

ဖြစ်စဉ်အားလုံးကို ခြုံငုံကြည့်မည်ဆိုလျှင် ..........

၉၆၉ အား ဆရာတော် ဦးဝီရသူ ဦးဆောင်ခဲ့သည် ။ ထို့ကြောင့် ဆရာတော် ဦးဝီရသူကို မကျေနပ်သော NLD နှင့် ၈၈ များမှာ ဆရာတော်အား တိုက်ခိုက်ရန် ကြံစည်ကြသည် ။ ၁ ချက်ခုတ် ၂ ချက်ပျက် အစီအစဉ်ကို ရေးဆွဲပြီး ကုလား နှင့် မြန်မာ လူမျိုးများကို တိုက်ပေးရန် ကြံစည်ခဲ့ကြသည်မှာ ဧကန်မလွဲပေ ။

မိတ္ထီလာ ဖြစ်စဉ်တွင် ၉၆၉ ဟု အော်၍ လူမသတ် ၊ ၉၆၉ ဟု အော်၍ မီးမရှို့ပေ ။ မကျေနပ်ချက်များကို မီးရှို့ပေးခဲ့ကျပြီး ၉၆၉ များဖျက်စီးသည်ဟု ၀ါဒဖြန့်ခဲ့ကျသည် ။ ဆရာတော် ဦးဝီရသူကိုလည်း လေးစားကြည်ညိုမူ့ကို ပျက်ပြားစေသကဲ့သို့ ၄င်းတို့၏ အချစ်တော် မာမွတ်ဆ်များကိုလည်း ကူညီရာရောက်သည် ။ ထို အချင်းအရာများကြောင့် နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှားစေခဲ့သည်မှာ ပေါ်လွင်နေခဲ့သည် ။ ထို့ထက် ပေါ်လွင်မူ့မှာ ယက္ခုအခါ လူမျိုးမခွဲခြားဟု စာတန်းများကဖြင့် ဆက်လက်ပြီး ၀ါဒဖြန့်ကာ ကွက်ကျော်ရိုက်ပြီး ၄င်းတို့ နာမည်ရအောင် ကြံဆောင်ပြန်သည် ။


ဖြစ်ပျက်ခဲ့သည့် အဖြစ်ပျက်အားလုံးကို ၁ ချက်ခြင်း ကြည့်မည့် အစား ခြုံငုံကြည့်မည်ဆိုလျှင် ၄င်းတို့လုပ်ရပ်များပေါ်လွင်လာသကဲ့သို့။ နောက်ကွယ်ကြိုးကိုင်သူများမှာ ပေါ်လာမည်ဖြစ်သည်။
ပြည်သူတို့ အဖြစ်ပျက်တိုင်းကို စဉ်းစားတွေးခေါ်နိုင်ရန် လိုအပ်လာပြီ ။ အသားထဲက
aလာက်ထွက်ဆိုသည်မှာ အသားကပဲ လောက်ဖြစ်ခဲ့ခြင်းဖြစ်သည်ကို ပြည်သူများ လက်ခံမည်ဖြစ်သည် ။


အနှစ်ချုပ်ပြောရလျှင်
 
ဆရာတော် ဦးဝီသူရကို မကျေနပ်၍ မွတ်ဒေါင်းတရားတော်ကို ခုတုံးလုပ်ပြီး၎င်းတို့ ပြောဆိုဖူးသည့်မဟာမိတ်မွတ်စ်လင်၇၈၆များကိုကူညီခဲ့ခြင်းဆိုတာ
 ပေါ်လွင်ကြောင်းပြောချင်ပါသည် ။အမှန်တရားဆိုသည်မှာ ဘယ်သောအခါမှ ဖုန်းကွယ်၍ မရနိုင်သည်မှာ နိုင်ငံရေး အမြတ်ထုတ်ချင်သူများ သိပါလေစ ။






“နွေဦးပေါက်တော့” (မင်းသုဝဏ်)

“နွေဦးပေါက်တော့” (မင်းသုဝဏ်)

သွေ့သည်သွေ့သည်၊ စုံပတ်လည်ဝယ်
မစည်ကြိုးကြဲ၊ ရွက်ရော်ဝဲသည်
နှင်းစဲခါစပေါ်နွေဦး။ ။

ဝေ့လည်ဝေ့လည်၊ ရပ်မတည်သည်
ဟိုသည်လျှောက်ပြေး၊ ရွက်ရော်သေးကို
ဆောင်သွေးချေပေါ့ဆော်လေရူး။ ။

မြေ့ချည်မြေ့ချည်၊ စိုမပြည်သည်
မကြည်နောင့်ဝမ်း၊ ရွက်ရော်နွမ်းနှင့်
မိတ်ကျွမ်းတဝင်၊ ပါလေအင်သည်
ဘယ်တွင်ဆုံးရိပ်မြော်ချေဘူး။ ။

မင်းသုဝဏ်
မင်းသုဝဏ်(ဂန္ထလောက၊တပို့တွဲ...)
ပန်းချီ ဦးအမ်တင်အေး