Saturday 16 February 2013

♣ အစွမ်းတန်ခိုးကြီးသည့် သမ္ဗုဒ္ဓေဂါထာတော် ♣



သမ္ဗုဒ္ဓေဂါထာတော်သည် ဘေးအမျိုးမျိုး၊ ရန်အန္တရာယ် အမျိုးမျိုးတို့ကို ကာကွယ် တားဆီးပေးတတ်၍၊ ချမ်းသာ စီးပွားဖြစ်အောင် စောင့်ရှောက် ပေးနိုင်သဖြင့် -

ရတနာမြတ် သုံးပါး အပေါ် မမှိတ်မသုန် ယုံကြည် သက်ဝင် ကြသော ဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် နေ့စဉ်မပြတ် ရွတ်ဖတ်ပူဇော်ကြရန် ကျေးဇူးတော်ရှင် နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်
ဆရာတော်ကြီး၏ ကရုဏာ၊ မေတ္တာကြီးသော မိန့်မြွက် တိုက်တွန်းချက်ကြောင့် ဗုဒ္ဓဘာသာလူငယ်များ အသင်းမှ ဓမ္မဒါနပြု ထပ်ဆင့်မျှ ဝေလိုက်ပါသည်။

" သမ္ဗုဒ္ဓေဂါထာတော်"
~~~~~~~~~~~~

“ သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ
ဒွါဒသဉ္စ သဟဿကေ
ပဉ္စသတ သဟဿာနိ
နမာမိ သိရသာ မဟံ၊
အပကာ ၀ါဠုကာ ဂင်္ဂါ
အနန္တာ နိဗ္ဗုတာ ဇိနာ
တေသံ ဓမ္မဉ္စ သံဃဉ္စ
အာဒရေန နမာမဟံ၊
နမက္ကာရာ နုဘာဝေန
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ
အနေက အန္တရာယာပိ
ဝိနာဿန္တု အသေသတော။ "

ပါဠိတော် မြန်မာပြန်
-------------------

နှစ်ကျိပ်ရှစ် (၂၈) ဆူကုန်သော ဘုရားရှင်တို့ကို
လည်းကောင်း၊ တစ်သောင်းနှစ်ထောင်ကုန်သော
ဘုရားရှင်တို့ကို လည်းကောင်း၊
ငါးသိန်းကုန်သော ဘုရား ရှင်တို့ကို လည်းကောင်း၊
အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။

ဂင်္ဂါမြစ်အတွင်းမှာရှိကြသော သဲလုံးတို့က
နည်းကြပါသေး၏။ ပရိနိဗ္ဗာန်ပြုသွားကြသော
ဘုရားရှင်တို့ကား ရေတွက်ပိုင်းခြား၍ပင်
မရနိုင်ပါ။ ထိုများပြားလှသော ဘုရားရှင်တို့ကို
လည်းကောင်း၊ ထိုဘုရားရှင်အားလုံးတို့၏
တရားတော်တို့ကိုလည်းကောင်း၊ ထိုဘုရားရှင်
အားလုံးတို့၏ တပည့်သံဃာတော်များကို
လည်းကောင်း၊ အကျွန်ုပ်ရိုသေစွာ ရှိခိုးပါ၏။

ဤသို့ရှိခိုးပူဇော်ရသော ကုသိုလ်စေတနာကြောင့်
ခပ်သိမ်းသော ရန်တို့ကို ပယ်ပျောက်ပြီး တစ်ပါးမက
များပြားလှသည့် အန္တရာယ်ဟူမျှတို့ အကြွေးကျန်မရှိ
ကြွင်းမဲ့ဥဿုံ ကင်းပျောက်ပါစေကုန်သတည်း။



မျက်မှောက်ဘ၀ချမ်းသာကြောင်းတရားလေးပါး



၁။ ဥဋ္ဌာနသံပဒါ -
ထကြွလုံ့လ၀ီရိယနှင့်ပြည့်စုံခြင်း ။
၂။ အာရက္ခသံပဒါ -
ပစ္စည်းဥစ္စာတို့ကိုစောင့်ရှောက်ထိန်းသိမ်းတတ်မှုနှင့်ပြည့်စုံခြင်း ။
၃။ သမဇီဝိတသံပဒါ -
အသက်မွေးမှုမျှတမှန်ကန်ခြင်း ။
၎။ ကလျာဏမိတ္တသံပဒါ -
သူတော်ကောင်းမိတ်ဆွေများနှင့်ပေါင်းသင်းဆက်ဆံရခြင်း ။
နောင်သံသရာဘ၀ချမ်းသာကြောင်းတရားလေးပါး -
၁။ သဒ္ဓါသံပဒါ -
ရတနာသုံးတန် ကံ-ကံ၏အကျိုးကိုမြတ်နိုးယုံကြည်ခြင်း ။
၂။ သီလသံပဒါ -
ငါးပါးသီလိကိုလုံခြုံအောင်စောင့်ရှောက်ထိန်းသိမ်းခြင်း ။
၃။ စာဂသံပဒါ -
ပေးကမ်းလှူဒါန်းစွန့်ကြဲခြင်း ။
၎။ ဥာဏသံပဒါ -
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တလက္ခဏာရေးသုံးပါးကိုသိခြင်း ။
( လင်္ကာ )
(က) ထကြွ ၊ သိမ်းဆဲ ၊ မျှသုံးစွဲ ၊ ပေါင်းမြဲ မိတ်ဆွေကောင်း ။
( ခ ) သဒ္ဓါ ၊ သီလ ၊ ကျင့်စာဂ ၊ ဥာဏ ဆင့်ကာလောင်း ။
ရှေ့လေးပါးမှာ ၊ ခုဖို့ရာ ။ နောင် မှာ နောက်ကောင်းကြောင်း ။
( အင်္ဂုတ္တရနိကာယငါဠိတော်-အဋ္ဌကနိပါတ်-ဂေါတမီဝဂ် ၊
ဗျဂ်ဃပဇ္ဖသုတ် ၊ ဒီဃဇာဏုသုတ် ၊ ဥဇ်ဇယသုတ် )
 
ရွှေနီဆရာတော်
 
 

သီတဂူဆရာတော်

အော်......ရိုသေတတ်သော သီတဂူဆရာတော်
ဖားအောက်ဆရာတော်အား အရိုအသေပြုနေသော သီတဂူဆရာတော် ....



သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏
ဗုဒ္ဓဘာသာပေါ်တွင် ထားရှိသည့်
ကမ္ဘာကျော် အမြင် ။
အိန္ဒိယလူမျိုးတစ်ယောက်က ဆရာတော်ကို
အရှင်ဘုရား ဗုဒ္ဓဘာသာကို( Religion ) ဘာသာတရားလို့ဆိုနိုင်ပါသလားလို့ မေးပါတယ်။
ဆရာတော်က ‘‘ဗုဒ္ဓဘာသာဟာ Religion ရီလေးဂျင်း မဟုတ်ဟု‘‘ ရဲဝံ့ပြတ်သားစွာ
ဖြေဆိုခဲ့ပါတယ်။
္ဒ‘‘ရီလေးဂျင်းမဟုတ်ရင် အရှင်ဘုရားကဘာလို့ပြောချင်တာလဲ‘‘
‘‘ဗုဒ္ဓဘာသာဟာ ကျင့်စဉ်တစ်မျိုးပါ။‘‘
‘‘ ရီလေးဂျင်းကတော့ ကျင့်စဉ်မဟုတ်ဘူးလား‘‘
‘‘ရီလေးဂျင်းဆိုတဲ့ ဘာသာတရားမှာ ကျင့်စဉ်မပါဘူး။
ယုံကြည်ခြင်း၊ရှိခိုးခြင်း ၊ ဆုတောင်းချင်းတို့ပဲရှိပါတယ်။
ယုံကြည်မှုနှင့်ဆုတောင်မှုကိုပဓာန မထားပဲ အကျင့်ကိုသာ ပဓာနထားတဲ့
ဘာသာဟာ ဗုဒ္ဓဘာသာပါ။‘‘
ဒါဆိုရင် ဗုဒ္ဓဘာသာဟာ ဖီလော်ဆိုဖိ (Philosophy) လို့ဆိုလို့ရှိရင်ကောရပါသလား
လို့ ဒကာကထပ်မေးပါတယ်။
ဆရာတ်ာက ‘‘မရပါဘူ။ ဒီလိုတစ်ဘက်သက်လည်းမပြောနိုင်ပါဘူး။
ဖီလောဆိုဖီ ဆိုတာ အသိသက်သက်ပဲ ။ အကျင့်စရဏမပါဘူး။‘‘
‘‘ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုနဲ့ အသိဉာဏ်ပေါင်းစပ်ပြီး ကျင့်ရတဲ့တရားပါ‘‘
ယုံကြည်မှုနဲ့ အသိဉာဏ်ပေါင်းစပ်ပြီး ကျင့်တော့ မိမိနှလုံးသားထဲက
ယုတ်ညံတဲ့ကိလေသာ တွေအကုန်ရှင်းသွားတယ်။ အဲဒီလိုရှင်းသွားတော့
ချမ်းသာသုခကိုတစ်ကယ်ရတာပါပဲ။‘‘
‘‘ မိမိရဲ့ယုတ်ညံမှုတွေကို မိမိကိုယ်တိုင် သန့်ရှင်းအောင်လုပ်ရပါတယ်။
မိမိစိတ်ဓါတ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို မိမိကိုယ်တိုင် ကြိုးစားယူရတယ်။
အလွန်တန်ဖိုးထင်မြတ်တဲ့ စိတ်၊စေတသိတ်တို့ကို အသုံချကျင့်ရတာဟာ
ဗုဒ္ဓဘာသာပါပဲ‘‘ ဟုဆရာတော်က မိန့်ဆိုလိုက်ပါတယ်။
 

အင်တာနက်မရရင် ငွေပြန်လျော်ရမယ်


အင်တာနက်လိုင်း နှေးနေလို့၊ လိုင်းကျနေလို့၊ လိုင်းပျောက်နေလို့ စိတ်ညစ်နေလား? ဂျာမဏီမှာတော့ အင်တာနက်လိုင်း မရလို့ ကုမ္ပဏီက ပြန်ပြီးတောင် ပိုက်ဆံလျော်ပေး ရပါတယ်တဲ့။ ဂျာမဏီရဲ့ Karlsruhe မြို့က တရားသူကြီးတဦးဟာ ၂၀၀၈ - ၂၀၀၉ ခုနှစ်အတွင်းမှာ အင်တာနက်လိုင်း ၂ လ ကြာ မရဘဲ ရှိခဲ့တဲ့ အင်တာနက်သုံးစွဲသူများက သက်ဆိုင်တဲ့ကုမ္ပဏီကနေ နှစ်နာကြေးတောင်းဆိုနိုင်ကြောင်း ဒီနေ့မှာ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။ အင်တာနက်ပျောက်သွားတာကို "အရေးကြီးတဲ့ ၀တ္တုပစ္စည်း" အဖြစ် သတ်မှတ်လို့ရကြောင်း တရားသူကြီးက ပြောခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ပြဿနာ စတာကတော့ ဂျာမဏီနိုင်ငံသားတယောက်က အင်တာနက်မရလို့ အဲဒီ ၂ လထဲမှာ မိုဘိုင်းဖုန်းကိုပဲ အားကိုးကာ နေခဲ့ရပြီး အင်တာနက်ကုမ္ပဏီမှလည်း ထိုက်တန်တဲ့ ပြန်အမ်းငွေကို ပေးပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလူက မကြေနပ်သေးလို့ ပြဿနာကို တဆင့်တက်ပြီး တရားရုံးကိုတိုင်ကြားခဲ့လို့ ယခုလို အမိန့်ချမှတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
 


မြန်မာဆန်ဆန် ၀တ်ဆင်နေထိုင်ခြင်း၏ အကျိုးကျေးဇူးများ




၁။ မြင်သူတကာ စိတ်ကြည်နူးမှုရရှိခြင်း

၂။ အိနြေ္ဒကြီးသူအဖြစ် လူလေးစားဖွယ် ဖြစ်ရခြင်း

၃။ အထင်သေး အမြင်သေး လူကြည့်ခံရခြင်းမှ
ကင်းဝေးခြင်း

၎။ မည်သည့်နေရာမဆို ရဲရဲဝံ့ဝံ့ ၀င်ထွက်သွားလာနိုင်ခြင်း

၅။ သိမ်ငယ်စိုးရွံ့မှုများမှ ကင်းဝေးခြင်း

၆။ ညစ်ညမ်းသောစကားလုံးများဖြင့် နောက်ပြောင်ခံရမှုမှ ကင်းဝေးခြင်း

၇။ စိတ်လက်ပေါ့ပါးစွာ နေထိုင်ခွင့် ရရှိခြင်း

၈။ ပြစ်မှားလိုသော ယုတ်ညံ့သည့်စိတ်များ ဖြစ်ပွါးစေမှု နည်းပါခြင်း

၉။ လူကြီးလူကောင်းနှင့် ပညာရှိတို့၏ ချီးမွမ်းခံထိုက်သူဖြစ်ခြင်း

၁၀။ သိမ်မွေ့သည့်ဝတ်ဆင်မှုမှဂုဏ်သိက္ခာတိုးတက်မြှင့်မားစေနိုင်ခြင်း

၁၁။ ရိုးသားမြင့်မြတ်သော အမျိုးသားကောင်း၊ အမျိုးမြတ်တို့ကို ရယူ
ပိုင်ဆိုင်နိုင်ခြင်း

၁၂။ လူကုန်ကူးလိုသူတို့၏ ဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ် များမှ ကင်းဝေးစေနိုင်ခြင်း

စသည့်အခြား၊အခြားသော ဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကင်းဝေးစေ
နိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။
 
 

ရေလယ်ခေါင်မှ အီတလီရဲတိုက်



အီတလီနိုင်င်ငံ Lambordy ပြည်နယ်က Lake Iseo လို့အမည်ရတဲ့ ရေကန် အလယ်မှာ ဖြစ်ပါတယ်။

ယင်းရေကန်အလယ်မှာ လူဦးရေ ထောင်ဂဏန်းသာ ရှိတဲ့ Monte Isola ကျွန်းမြို့  နဲ့အတူ သီးခြား တည်ရှိနေတဲ့ ရဲတိုက် တစ်ခုကိုလည်း ယခုလို မြင်တွေ့ ရပါတယ်။ Lake Iseo က အီတလီက စတုတ္ထအကြီးဆုံး ကုန်းတွင်းပိတ် ရေအိုင်ြ့ကီး တစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါက် မြောက်များစွာ ကတည်းက တည်ရှိနေတာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့ ရဲတိုက်ရဲ့  ကို ၁၅ ရာစုနောင်းပိုင်းကာလကတည်းက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ပြန်လည် ပြုပြင်မွမ်းမံမှု များကြောင့် အမွေအနှစ်အပြတ်စီးပဲ အရင်အတိုင်း တည်ရှိနေပါတယ်။ အီတလနိုင်ငံရဲ့  နေရာတော်တော်များများမှာ စက်မှုထွန်းကားပြီး လူဦးရေ သိပ်သည်းနေပြီ ဖြစ်ပေမယ့် Lake Iseo ပတ်ဝန်းကျင်ကတော့ သဘာဝ ပတ်ဝန်းကျင် တစ်ခုအတိုင်း စိမ်းစိမ်းလန်းလန်း ကျန်ရှိနေပါတယ်။

ဒါကြောင့်ပဲ Lake Iseo နဲ့ ကျွန်းလယ်ခေါင်က ရဲတိုက်ဟာ ကမ္ဘာလှည့်ခရီးသည် များအတွက် လည်ပတ်ချင်စရာ နေရာကောင်း တစ်ခုအဖြစ် တည်ရှိနေကြောင်း သိရပါတယ်။ 


ဗိုလ်ချုပ်ရဲ့ မွေးချင်း

ဗိုလ်ချုပ်ရဲ့ မွေးချင်းတွေကိုတော့ သိသူတော်တော်နည်းမယ်ထင်တယ်။
ပုံထဲမှာတော့ မွေးချင်းအချို့ပါပါတယ်
1) မခင်ညွှန့် (လယ်ဝန်ကတော်)
2) မ၀က် (အိပ်ထောင်မပြု)
3) မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်နဲ့ အတူလုပ်ကြံခံရ)
4) မရွှေမှန် (ငယ်စဉ်ကကွယ်လွန်)
5) မောင်နေအောင် (အမိန်တော်အရရှေ့နေ)
6) ခုနှစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်း ကွယ်လွန်)
7) ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ်)
8) ဗိုလ်ချုပ်အောင်ဆန်း တို့ဖြစ်ပါတယ်။ဓာတ်ပုံတွေပို့ပေးခဲ့တဲ့ အစ်ကို Aung Ko ကို ကျွန်တော့ ရဲ့ ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ Page လေးက Member များကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုသဘောထားအမြင်



ကျွန်တော်တို့ လူ့ဘောင်လောကမှာ မမေ့သင့်မမေ့အပ်တဲ့ အရာတွေ၊ အမြောက်အမြားရှိခဲ့တယ်။ လူတစ်ဦးတစ်ယောက်အတွက် တစ်တိုင်းတစ်ပြည်လုံးအတွက် ဘယ်လိုမှမေ့ဖျောက်လို့ မရတဲ့ အရာတွေလည်း ဒုနဲ့ဒေး ရှိခဲ့ပြန် တယ်။ အဲဒီအရာတွေထဲမှာ ပြည် ထောင်စုနေ့ဟာ ကျွန်တော်တို့ လုံးဝမမေ့သင့် မမေ့အပ်တဲ့ အရာတွေထဲကတစ်ခုပါ။ဆောင်းပါးဆက်မရေးခင် ကြားဖြတ်ပြောရရင် ကျွန်တော်တို့ နိုင်ငံရဲ့လက်ရှိ အခြေအနေမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အရေးကြီးနေတာမို့ ပြည်ထောင်စုနေ့ဆိုတာကို ကျွန်တော်တို့ ပိုလို့ တောင် အမှတ်ရနေသင့်တယ်။ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပြန်လည် ရရှိဖို့ နိုင်ငံသားတိုင်းက ပြည်ထောင်စုရဲ့ အနှစ်သာရကိုအလေးအနက်ထား ဖော်ဆောင် သင့်တယ်။

ဒီတော့ ကျွန်တော်တို့နိုင်ငံ တော်သစ်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ အရေးတကြီး လိုအပ်နေတဲ့အချိန်မှာ ပြည်ထောင် စုနေ့ကို ကျွန်တော်တို့ မမေ့သင့် မမေ့အပ်ဘူးဆိုတာ အထူးပြောနေ ဖို့ မလိုပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ အဓိက ပြဿနာ (ဝါ) လက်ရှိဖြစ် နေတဲ့ ပဋိပက္ခတွေဟာ တိုင်းရင်း သား စည်းလုံးညီညွတ်မှု ပြိုကွဲရာ ကနေ စတင် မြစ်ဖျားခံလာတာမို့ ”ပြည်ထောင်စု” အခြေခံ၊ တိုင်း ရင်းသား စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့ နိုင်ငံ သား အားလုံးမှာ တာဝန်ကိုယ်စီ ရှိနေတယ်လို့ ကျွန်တော် ခံယူမိ တယ်။ဒါကြောင့် လွန်ခဲ့တဲ့ ၆၆ နှစ်က ရှမ်းပြည်တောင်ပိုင်း၊ လဲချား နယ်ရှိ တောင်ပေါ်မြို့လေးတစ်မြို့ ဖြစ်တဲ့ ”ပင်လုံ” မြို့ကနေ စတင် ပေါက်ဖွားလာခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေပြု ပြည် ထောင်စုနေ့ကို ယနေ့ကာလမှာ ကျွန်တော်တို့ ပိုပြောရမယ်၊ ပို အရေးထား ဖော်ဆောင်ရမယ်။ တစ်စည်းတစ်လုံး တစ်စိတ်တစ်ဝမ်း တည်းရှိရမယ့် ပြည်ထောင်စုစိတ် ဓာတ်အကျင့်တွေ ပြန်လည် သက် ဝင်လာအောင် လုပ်ဆောင်ကြရ မယ်။

ပြည်ထောင်စုနေ့ အကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့ အကျင့် တွေအကြောင်း ပြောရင်၊ ကျွန် တော်တို့ နိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းအကြောင်းကို မပြော မဖြစ် ပြောကြရမှာပါ။ ဘယ်သူတွေ ကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ ဘယ်သူတွေ လက်ခံခံ၊ မခံခံ၊ လွတ်လပ်ရေးရရှိခဲ့ခြင်း၊ ပြည် ထောင်စု စိတ်ဓာတ်အမွေပေးခဲ့ခြင်း အကြောင်းပြောတဲ့အခါ ဗိုလ်ချုပ်ကို ကျွန်တော်တို့ ချန်လှပ်ထားခဲ့လို့ မရပါ။မြန်မာပြည် လွတ်လပ်ရေးနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ တိုင်းရင်း သား စည်းလုံးညီညွတ်ခြင်းရဲ့ ပြည် ထောင်စုနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ တသီးတခြား၊ ကန့်သတ်ခွဲခြားထား လို့ မရသလို ခုတ်ထစ်ပိုင်းဖြတ်ပြီး ကွဲပြားအောင်လည်း လုပ်ဆောင်လို့ မရနိုင်ပါ။ ဒီလို ဖြစ်နေအောင်လည်း ဗိုလ်ချုပ်အောင်ဆန်း အလကား ရခဲ့တာတော့ မဟုတ်ပါ။ ရင်းနှီးပေး ဆပ်မှုများစွာ မဆုတ်မနစ်၊ လုံ့လ ဝီရိယများစွာနဲ့ ကြိုးပမ်း ဆောင် ရွက်ခဲ့ရတာပါ။

ဗိုလ်ချုပ်ရဲ့ ဥာဏ်အမြော်အမြင် ကြီးမှု၊ ဗိုလ်ချုပ်ရဲ့ ရိုးသားဖြောင့် မတ်မှု၊ ဗိုလ်ချုပ်ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်မှု၊ ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင်ပီသမှု၊ အဲဒီ အရည် အချင်း၊ အစွမ်းအစတွေကြောင့် တိုင်းပြည် လွတ်လပ်ရေးအတွက် အာမခံချက်ပေးနိုင်တဲ့ ပြည်ထောင် စုပုံစံ တိုင်းရင်းသား စည်းလုံးညီ ညွတ်မှုကို တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို တည်ဆောက်နိုင်ခဲ့လို့ လည်း ကိုလိုနီ နယ်ချဲ့စနစ်နဲ့ ဖက် ဆစ် စစ်အာဏာရှင်ဝါဒ ကြီးစိုးမှု အောက်ကနေ ရုန်းထွက် လွတ် မြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်ခေတ် ဘယ်အခါကမှ မရဖူး ခဲ့တဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမချင်း ချစ်ကြည်ရင်းနှီးမှု တွေ ရရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပိုင်း ကွဲကြ၊ ပြဲကြ၊ လွဲကြ၊ ဆဲကြ၊ ဆူကြ၊ ပူကြတာ ဗိုလ်ချုပ်နဲ့ လုံးဝ မပတ်သက်ပါ။ ဗိုလ်ချုပ်ရဲ့ လုပ်ဆောင်ချက် သေးနုပ်ညံ့ဖျင်းမှု ကြောင့်လည်း မဟုတ်ပါ။ထားတော့။ ဗိုလ်ချုပ်ရဲ့အ ကြောင်းပြောရမယ်ဆိုရင် ကုန်နိုင် ဖွယ်ရှိမှာ မဟုတ်ဘူး။ ကျွန်တော် အဓိက ပြောချင်တာ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိအောင်၊ ဗိုလ် ချုပ်လုပ်ဆောင်ခဲ့တာတွေကို နိုင်ငံ တော်သစ်ကို သွားနေပါတယ်ဆို တဲ့ ပုဂ္ဂိုလ်တွေ၊ ခေတ်သစ် စနစ် သစ်၊ မူဝါဒသစ်နဲ့ သွားချင်ပါတယ် ဆိုတဲ့ နိုင်ငံသားများ အမှတ်ရနေဖို့ ဗိုလ်ချုပ်တည်ဆောက် ခဲ့တဲ့အတိုင်း ပြန်လည် တည်ဆောက်နိုင်ဖို့ ကျွန် တော်တို့ အားထုတ် ကြိုးပမ်းကြရ မယ်။တကယ်တော့ ဗိုလ်ချုပ် စည်း ရုံးလုပ်ဆောင်ခဲ့ရတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုဟာ သက်သက် သာသာ၊ အေးအေးဆေးဆေးရခဲ့ တာတော့ မဟုတ်ဘူး။ အခန့် မသင့်ရင် အသက်အန္တရာယ်တောင် စိုးရိမ်ရတဲ့ အနေအထားကနေ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ ရတာပါ။ တစ်ဖက်က တိုင်းရင်းသား လူမျိုးစုတွေ ယုံကြည်မှုမရှိရင် အသက်နဲ့ခန္ဓာ အိုးစားကွဲရမယ့် အခြေအနေပါ။

ဒီလိုအနေအထားကနေ တိုင်း ရင်းသားထုတစ်ရပ်လုံး၊ သွေးစည်း ညီညွတ်လာကြတာ ဗိုလ်ချုပ်ရဲ့ နည်းတဲ့ အရည်အချင်းတော့ မဟုတ်ပေဘူး။ တခြားပုဂ္ဂိုလ်တွေ ဗိုလ်ချုပ်လိုတောင် စွမ်းဆောင် နိုင်လိမ့်မယ် မထင်ဘူး။ ဗိုလ်ချုပ်မို့ လို့သာ အပင်ပန်းခံ၊ အဆင်းရဲခံပြီး လုပ်နိုင်ကိုင်နိုင်ခဲ့တာ။ ဒါကို ကျွန် တော်တို့ အောက်မေ့သတိရသင့် တယ်။ ဗိုလ်ချုပ်ရဲ့ ကျေးဇူးတရား များကို ကျွန်တော်တို့ အမြဲတမ်း ဦးညွှတ် လေးစားနေသင့်တယ်။

ဗိုလ်ချုပ်ရဲ့ တိုင်းရင်းသား ညီ ညွတ်မှုရအောင် ကြိုးပမ်းဆောင် ရွက်ခဲ့တာကို ကျွန်တော်တို့ နိုင်ငံ သား အများစု သိထားကြတာက ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ ပင်လုံစာချုပ်ချုပ်ဆိုပြီး တိုင်း ရင်းသားစည်းလုံးညီညွတ်မှု ရခဲ့ တာကိုပဲ သိကြတာ။ ၁၉၄၇ ခုနှစ် မတိုင်မီ လွန်ခဲ့တဲ့ ၅ နှစ် လောက် ကတည်းက ဗိုလ်ချုပ်ဘယ်လို လုပ်ကိုင် ဆောင်ရွက်ခဲ့တယ်ဆို တာ သိတဲ့သူ အင်မတန် နည်းပါ လိမ့်မယ်။

၁၉၄၂ ခုနှစ်တစ်ဝိုက်လောက် က ဗြိတိသျှ နယ်ချဲ့ စစ်တပ်များ ဆုတ်ခွာပြေးနေရချိန် ဧရာဝတီတိုင်း ဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသ တွေမှာ ကရင်၊ ဗမာ ပဋိပက္ခ အရေးအခင်းတွေ ပေါ်ပေါက်ခဲ့ တယ်။ မီးရှို့၊ လူသတ်၊ လုယက် တိုက်ခိုက်မှုတွေ၊ သူတစ်ပြန် ကိုယ် တစ်လှည့် ထင်သလို ပြုချင်တိုင်း ပြုနေတဲ့အချိန် ဗိုလ်ချုပ်ဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ ကာလမှာ ခုလို အချင်းချင်းစိတ် ဝမ်းကွဲနေရင် ညီ ညွတ်မှု ပြိုကွဲနေရင် မိမိတို့ လိုချင် နေတဲ့ လွတ်လပ်ရေး နှောင့်နှေး နေမှာကိုသိလို့ နှစ်ဖက် ပဋိပက္ခဖြစ် နေတဲ့ကြားမှာ သက်စွန့်ဆံဖျား စည်းရုံးစေ့စပ် ညှိနှိုင်းအဖြေရှာခဲ့ တယ်။

ဗိုလ်ချုပ်ရဲ့ စည်းရုံးလုပ်ဆောင် မှု၊ ဗိုလ်ချုပ်ရဲ့ ရိုးသားဖြောင့်မတ် မှု၊ ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင် ပီသ မှုကြောင့် ဖြစ်ပေါ်နေတဲ့ ကရင်၊ ဗမာ ပဋိပက္ခ ပြဿနာတွေ ပြေ ငြိမ်းသွားခဲ့တယ်။ ကရင် ခေါင်း ဆောင်တချို့လည်း ဗိုလ်ချုပ်အောင် ဆန်း ဦးဆောင် လှုပ်ရှားနေတဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အင် တိုက်အားတိုက် ပါဝင်လုပ်ဆောင် လာခဲ့ကြတယ်။ ဗိုလ်ချုပ်နဲ့ ပူးပေါင်း ပြီး လွတ်လပ်ရေး ရရှိအောင် ကြိုး ပမ်း ဆောင်ရွက်ခဲ့တဲ့ ကရင် ခေါင်း ဆောင်တွေထဲမှာ ”စောစံဘိုးသင်နဲ့ ဗိုလ်မှူးကြီး စောကြာဒိုး”တို့ ထင် ရှား ကျော်ကြားတယ်။အဲဒီ ၁၉၄၂ ခုနှစ် တစ်ဝိုက် ကနေ တိုင်းရင်းသား စည်းလုံးညီ ညွတ်မှု၊ ပြည်ထောင်စုမျိုးစေ့ချပေး ခဲ့တာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မှာ ပင်လုံစာချုပ်ချုပ်ဆိုပြီး ခိုင်မာတည်တံ့စေမယ့် ပြည်ထောင် စုကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ တယ်။ ဒီလို ပြည်ထောင်စု စိတ်ဓာတ်၊ ပြည်ထောင်စုအကျင့်၊ ပြည်ထောင်စုစွမ်းရည် သတ္တိတွေ ကြောင့်လည်း ဗြိတိသျှနယ်ချဲ့တွေ လက်မလွှတ်ချင်သေးတဲ့ အမိ မြန်မာပြည်ကို မပေးချင်ပေးချင်နဲ့ လွတ်လပ်ရေး ပေးခဲ့ရတာ ဖြစ်ပါ တယ်။ ဒါဟာဘယ်သူမှ ဆန့်ကျင် ငြင်း ပယ်လို့မရတဲ့ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ စစ်မှန်တဲ့ သမိုင်းဖြစ်ပါ တယ်။ ဒီလို စုစည်းညီညွတ်မှု၊ ပြည်ထောင်စုတိုင်းရင်းသား ညီ အစ်ကို မောင်နှမများရဲ့ ချစ်ကြည် ရင်းနှီးမှုကသာလျှင် တိုင်းပြည် အတွက် လွတ်လပ်ရေးသာမက ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီ ရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ် ရေးကို တည်ဆောက်နိုင်မှာ ဖြစ် ပါတယ်။

အဲဒီကနေမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းပြည် စည်ပင် ဝပြောရေး၊ တိုင်းပြည်တောင့်တင်း ခိုင်မာ သာယာရေး အကျိုးကျေး ဇူးများ၊ ခံစား စံစားလာရမှာ ဖြစ် ပါတယ်။ ခုလို အခက်အခဲပေါင်းစုံ နဲ့ ရင်ဆိုင် တိုက်ခိုက်နေရတဲ့ အချိန်မှာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြည်ထောင်စုပုံစံ ပြန် လည် တည်ဆောက်ရမှာ ဖြစ်ပါ တယ်။

ဒီတော့ ဆောင်းပါး နိဂုံးချုပ် အနေနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုနဲ့ ပတ်သက်ပြီး ၁၉၄၅ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း သူ့ရဲ ဘော်များကို ပြောကြားခဲ့တဲ့စကား ကို ဂုဏ်ပြု ရေးသားလိုက်ပါတယ်။ ဒီအကြောင်းအရာများ ရေးသားပြီး ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ ပြည် ထောင်စုကို ဦးညွှတ်ဂုဏ်ပြုလိုက်ပါ တယ်။ ဗိုလ်ချုပ်ပြောကြားခဲ့တာက ”ဗြိတိသျှနယ်ချဲ့လက်အောက်က လွတ်မြောက်ပြီး လုံးဝလွတ်လပ်ရေး ရဖို့က ငါတို့ဟာ စစ်ရေးအရ ဗြိတိ သျှအင်ပါယာကြီးကို နိုင်အောင် မတိုက်နိုင်ဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အင်အားနဲ့မှ တိုက်လို့ရမယ်။ မင်းတို့ မြဲမြဲမှတ် ထားဖို့က ငါတို့ရဲ့ အဓိက လက် နက်၊ အထိရောက်ဆုံး လက်နက် ဟာ စက်သေနတ်တွေ၊ အမြောက် တွေ မဟုတ်ဘူး။့ ညငအပ ဆိုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု သာ ဖြစ်တယ်”တိုင်းပြည်နဲ့အဝှမ်း၊ ငြိမ်းချမ်း ညီညွတ်မှု ပြည်ထောင်စုပုံသဏ္ဌာန် ပြန်လည်တည်ဆောက်နိုင်ပါစေ။

မြို့မသိင်္ခ

မှတ်ချက်။ ။ ဆရာတက္ကသိုလ်နေဝင်း၏ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်းကို အခြေပြုမှီငြမ်း ရေးသားပါသည်။

Above the Law

ဒေါက်တာဆိတ်ဖွား၏ Above the Law ဝေဖန်ချက်နှင့် စပ်လျဉ်းသည့် စုံစမ်းရေးကော်မရှင်ဖွဲ့စည်း

အင်တာနက်ပေါ် ရေးသားခဲ့သော ဒေါက်တာဆိတ်ဖွား၏ Above the Law ဝေဖန်ချက်နှင့် စပ်လျဉ်းသော စုံစမ်းရေးကော်မရှင်ကို ဖေဖော်ဝါရီ ၇ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်သည်။

ယင်းကော်မရှင်တွင် အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြငြိမ်း၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးနှင့် ဦးဖုန်းမြင့်အောင်တို့ အပါအ၀င် အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည်။

ကော်မရှင်၏ အဓိကတာဝန်အရ ဒေါက်တာဆိတ်ဖွား၏ ရေးသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံသားတိုင်း၏ တာဝန်၊ လွတ်လပ်စွာပြောဆိုရေးသား ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်း၍ ၎င်း၏ဆောင်ရွက်ချက်များသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆန့်ကျင်ခြင်း ရှိ၊ မရှိ လိုက်နာဆောင်ရွက်ရမည့် တာဝန်ပျက်ကွက်ခြင်း ရှိ၊ မရှိ ဖော်ထုတ်ရမည်ဖြစ်သည်။ ထို့အပြင် ကာယကံရှင်အား မည်သို့အရေးယူဆောင်ရွက်မည့် အချက်များနှင့် အစီအစဉ်များကို ဖော်ထုတ်အကြံပြု တင်ပြရမည်ဖြစ်သည်။

ကော်မရှင်သက်တမ်းမှာ အစီရင်ခံစာတင်ပြီးနောက် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်အရ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပြီးသည်အထိ အတည်ဖြစ်ကြောင်း သတင်းရရှိသည်။

အနိုင်ယူနည်း(၄) မျိုး



၁။ အမျက်ဒေါသ ကြီးသောသူကို မိမိက အမျက်မထား မေတ္တာပွါးသဖြင့် အနိုင်ယူပါ။

၂။ မိမိအပေါ် မကောင်းသောသူကို (ကောက်ကျစ် ယုတ်မာသောသူကို မိမိက စိတ်ကောင်းနှလုံးကောင်း ထားခြင်းဖြင့် (အမှန်တရား လက်ကိုင် ထားခြင်းဖြင့်) အနိုင်ယူပါ။

၃။ ကပ်စေးနဲသော သူကို (မိမိဥစ္စာပစ္စည်း အပေါ်၌ ၀န်တိုနှမြော စေးနဲသောသူကို) မိမိက ကျွေးမွေးလှူဒါန်း ပေးကမ်းစွန့်ကြဲခြင်းဖြင့် အနိုင်ယူပါ။

၎။ မိမိအပေါ် လိမ်လည်လှည့်ဖြား မုသားစကားပြောတတ်သော သူကို မိမိက အမှန်တရား သစ္စာစကား ပြောကြားခြင်း- ပြောဆိုခြင်းဖြင့် အနိုင်ယူပါ။

(ဓမ္မပဒ)


ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်လူပုဂ္ဂိုလ်များ၏ အတွေး အမြင် နှင့် မှတ်ချက်များ (၁)



(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)


(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်းမဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိညဏ်အလင်းရရှိစေရန် တရားဟောခြင်းဖြစ်သည်။ (စာရေးဆရာတစ်ဦး)

(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)

(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် လက်၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)

(၅) သတ်ပစ်လိုက်
ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းသည် အကျိုးမရှိပါ၊ ခန္ဓာကိုယ်က အပြစ်ကျူးလွန်ခြင်းကိစ္စမှာ တာဝန်မရှိပါ၊ မသိမိုက်မဲစိတ်ကသာ အပြစ်ကို ကျုးလွန်၍ တာဝန်ရှိသူဖြစ်တယ်၊ မသိမိုက်မဲမှုလျင် လူသတ်သမားအစစ်ဖြစ်ပါတယ်။
ဒါ့ကြောင့် မသိမိုက်မဲမှုကိုသာ သတ်ပစ်ရမယ်၊ ကြိုးပေးရမယ်၊ ဘယ်လိုသတ်ဖြတ်ကြိုးပေးရမလဲ?
လူသတ်သမားကို သစ္စာ ပညာ ဗုဒ္ဓဒေသနာတရား ဟောကြားပြီး မိုက်မဲမှု မသိမှုကို ပယ်သတ်ပြစ်နိုင်တယ်။ (မဟတ္တမဂန္ဒီ - Ghandi)

(၆) အနာဂါတ်ဘာသာတရားက သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေပေးစွမ်းနိုင်သော အယူဝါဒတစ်ရပ်သာဖြစ်ရလိမ့်မည်။ အနှီးဘာသာသည် ပုဂ္ဂလအဓိဌာန်အယူအဆဖြင့် ဖန်တီးတီထွင်ထားသော ဖန်ဆင်ရှင်တရားနှင့် မသက်ဆိုင်စေသင့်။ တစ်ယူသန်အစွဲအလမ်းများနှင့် ယင်တို့မှ ပေါက်ဖွားခဲ့သော အကိုးအကြောင်းဆက်ပညာကိုလည်း ကျော်လွှားလွန်မြောက် ရလိမ့်မည်။ ထိုဘာသာတရားသည် သာဘာဝလောကဓာတ်(ရုပ်တရား)နှင့်တကွ နာမ်တရာများကို လွှမ်းခြုံ၍ ဒိဌဓမ္မဖြင့် အဓိပ္ပါယ်ပြည့်ဝသော ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်မည်။ ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့် ပြည့်စုံသည်ကို တွေ့ရ၏။ မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်သောဘာသာတရားတစ်ခုရှိသည်ဆိုပါလျင် ထိုဘာသာတရားက ဗုဒ္ဓဘာသာဖြစ်လိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)

(၇) ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ဆိုခြင်းကို မပြောလျှင်မဖြစ်ပြောပါဟု သင်ကကျွနုပ်အား တိုက်တွန်းခဲ့သော် ကျွနုပ်စိတ်ပါလက်ပါစာနာထောက်ထားသောအားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်" ဟု မဆိုင်းမတွ အဖြေပေးရမည်ဖြစ်ပါသည်။ (ရာဘင်ဒြာနတ်တဂိုးလ် - Rabindranath Tagroe)

(၈) ဗုဒ္ဓ၏ကြီးမားသော အနှစ်နာခံမှု၊ စွန့်လွတ်မှုနှင့် ဘဝ၏သန့်ရှင်းစင်ကြယ်မှုတို့ဖြင် ဟိန္ဒူဝါဒအပေါ်တွင် မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ်တစ်ခုကို ထားရစ်ခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုမြတ်သောဆရာအား အနန္တကျေးဇူးကြွေးများ ပေးဆပ်ရန် ရှိနေပေသည်။ (မဟတ္တမဂန္ဒီ - Ghandi)

(၉) အကယ်၍ ပြဿနာတစ်ခုခုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်။ (နေရူး - Nehru)

(၁၀) ဗုဒ္ဓ၏ အဆုံးအမများသည် ဟိန္ဒူဝါဒတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်အကျုံးဝင်နေသည်ဟု ကျွနုပ်ဆင်ခြင်ယူဆမိပါသည်။ အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဝါဒအပေါ် ဂေါတမဗုဒ္ဓ က မည်ကဲ့သို့ ကြီးမားစွာ ပြောင်းလဲစေခဲ့သည်ကို မည်သို့မျှ ပြန်လည်စူးစမ်းရှာဖွေရန် မဖြစ်နိုင်တော့ချေ။ (မဟတ္တမဂန္ဒီ - Ghandi)

(၁၁) သန့်ရှင်းသော နည်းနာနိဿယနှင့် မြင့်မြတ်သောသင်ကြားမှုများမှာ တစ်စုံတစ်ရာသော အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွက်နိုင်သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရပေသည်။ (အိပ်ခ်ျဂျီဝဲလ် - H.G. Wells - ဗြိတိသျှသမိုင်းပညာရှင်)

(၁၂) ရှင်တော်ဗုဒ္ဓ --- အရှင်ဘုရားဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြားအရာတွေထက် အကြောင်းအရာ တစ်ခုအတွက်နှင့်ပဲ တပည့်တော် အရှင်ဘုရားရဲ့ တရားဒေသနာတော်ကို လေးစားမြတ်နိုးလှပါသည်။ အဲဒီအကြောင်းအရာဟာ ဘာလဲဆိုရင် တရားဒေသနာမှာ ပါတဲ့ အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်းဖြစ်ပါတယ်။ သူ့အလိုလိုပင် ထင်ရှားနေခြင်း ဖြစ်ပါတယ်။ (ဟာမန်ဟက်စ် - ၁၈၈၇ - ၁၉၆၂ )

(၁၃) ပြစ်မူကျူးလွန်သူသည် ဘုရားသခင်ထံ တောင်းပန်အသနားခံရန် ဆုတောင်းဝတ်ပြုကြိုးစားမူတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓဝါဒီတို့က မယုံကြည်ချေ။ (ဂျွန်ဝေါလ်တားစ် - John Walters)

(၁၄) စိတ်ချမ်းတာစေတာက
ကျွနုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမူ ဝိုင်းဝိုင်းလည်နေသည့် ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျနေကြရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝသော်လည်း စိတ်ချမ်းသာမူ ကင်းသော အခြေအနေတွင် စိတ်၏ချမ်းသာမူ အမှန်တကယ်ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကိုကျင့်ကြံအားထုတ်ကြည့်ဖို့သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမူကို အမှန်တကယ်ဖြစ်စေနိုင်သည်။ (ဂျွန်ဝေါလ်တားစ် - John Walters)

(၁၅)သက်ရှိသတ္တဝါများကို မညှင်းဆဲရန် နတ်ဘုရားများထံဝယ် ဆုတောင်းပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ်ရန် ဗုဒ္ဓသည် လူ့သမိုင်းတွင် အဦးဆုံး အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။ (Prof. Phys Davids)

(၁၆) ဗုဒ္ဓ၏တရားတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ ရှိနေသည်ထက်ပို၍လိုအပ်သောအချိန်ဖြစ်သည်။ (နေရူး - Nehru)

(၁၇) ကမ္ဘာပေါ်ရှိ ဘာသာတရားတီထွင်သူ ခေါင်းဆောင်အများစုမှာ မဟာခရီးသည်များဖြစ်ကြသည်။ ဘာသာတရားခေါင်းဆောင် ဓမ္မနာယကများထဲတွင် အကျင့်သိက္ခာ၊ ပညာညဏ်၊စဉ်းစားညဏ်၊ စိတ်နေသဘောထားအရာတို့၌ အမြင့်မြတ်ဆုံးဖြစ်သည့် ဗုဒ္ဓသည် ခရီးသည်ဘုရင် ဖြစ်သည်။ (ရာဟုလာသံ ကစ္စည်း)

(၁၈) လူမှုဒုက္ခ သုက္ခအရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးတရားဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။ (နေရူး - Nehru)

(၁၉) ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါဟူ၍ မည်သည့်အခါမျှ မရှိချေ။ ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာမဲ့သောစကားထွက်ပေါ်လာသည်ဟူ၍ မည်သည့်အခါမျှ မရှိပေ။ (Dr. S. Radhakrishnan)

(၂၀) ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် အခြားဘာသာဝင်များကို ညှင်းပန်းနှိပ်စက်မှုဟူသော မှတ်တမ်းမှတ်ရာ တစ်စုံတစ်ရာမျှ မရှိပါပေ။ (ပါမောက္ခရီးစ်ဒေးဗစ် - Prof. Rhys Davids )

(၂၁) ဘာသာကို ကျုပ်လက်ခံယုံကြည်နိုင်ခြင်း မရှိပါ၊ သို့သော် ကမ္ဘာ့ဘာသာကြီးများအနက်တစ်စုံတစ်ခုသော ဘာသာကို လက်ခံရန် အကြောင်းများပေါ်ပေါက်လာခဲ့သော် မိမိလက်ခံနိုင်မည့် ဘာသာတရားမှာ " ဗုဒ္ဓဘာသာ" ဖြစ်ပါသည်။ (Bertrand Russell, English Philosopher)

(၂၂) ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့် ရှုမြင်မှုကိုသာ အဓိကထားသည်။ ဗုဒ္ဓ၏ သွန်သင်ဆုံးမမှု (တရားတော်) များသည် "ဧဟိ ပဿိကော လာလှည့် ရှူလှည့်" ဟုဖိတ်ခေါ်ခြင်းကိုသာ ပြု၍လာပြီး ယုံကြည်လော့ ဟုမဆိုပေ။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)

(၂၃) ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် (သို့) နတ်ဘုရားများ၏ ကူညီမှု မြူတစ်စိမျှမပါဘဲ လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက်ရေးကို ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖော်ကြေငြာခဲ့သည်။ (Prof. Eliot)

(၂၄) နှလုံးသားမှာ ချမ်းသာစေတဲ့ တရားမရှိလျှင် စည်းစိမ်ဥစ္စာ မည်မျှပြည့်စုံစေကာမှု ချမ်းသာနိုင်မည်မဟုတ်ပေ။ (ဒလိုင်လားမား - Dalai Lama)

(၂၅) လွတ်လပ်မှု မပေးစွမ်းနိုင်တဲ့ အမိန့်ဟာ ညှင်းဆဲနှိပ်စက်မှု ဖြစ်သွားနိုင်တယ်။ အမိန့်မပါတဲ့ လွတ်လပ်မှုဟာလည်း ဖရိုဖရဲ ဖြစ်သွားနိုင်တာပဲ။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လွတ်လပ်မှုကိုလည်း ပေးစွမ်းနိုင်ရမယ်။ ဖရိုဖရဲဖြစ်မှုကိုလည်း ကာကွယ်နိုင်စွမ်းရှိရမယ်။ (ဒလိုင်လားမား - Dalai Lama)

(၂၆) ဤအရာ လူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေ့ကုဋေ့တစ်ကြိမ်သာပွင့်ခဲ့တာ ပညာရနံ့ မေတ္တာပျားရည်စက်များလောကကို ပြည့်ဝစေတာလူသားပန်းတစ်ပွင့်ပါ။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၇) ဗုဒ္ဓဘာသာနှင့်
ခေတ်သစ်သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန်နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာ ဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုပါဦးမည်။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၈) ဗုဒ္ဓဝါဒသည် လောကနှင့်ဘဝ ၏ တကယ်ပကတိ အဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝဓမ္မအတိုင်း ရှုမြင်သော ဝါဒဟု ဆိုရပေမည်။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)

(၂၉) များသောအားဖြင့် ဘာသာရေးဆရာ များသည် ၎င်းတို့၏တပည့်များကို အခြားဘာသာများနှင့် စပ်ဆိုင်သည့် ကျမ်းစာများ၊ အယူဝါဒများ၊စာပေများကို ဖတ်ရှူလေ့လာခွင့် မပြုဘဲတားမြစ်ကြသည်။ ဗုဒ္ဓဝါဒတွင် ဤအဖြစ်မျိုး လွန်စွာနည်းပါးပေသည်။ (ဖရခန္တီပါလော)

(၃၀) စွမ်းရည်သတ္တိ ဘယ်လောက်သိမ်ဖျင်းသူပင်ဖြစ်ပါစေ တရားတော်ရဲ့ တန်ခိုးကြောင့် သတ္တိဗျတ္တိ ပြည့်ဝလာစေပါတယ်။ အညံ့စားလူတစ်ဦးကို အတော်ဆုံးလူဖြစ်လာစေတာဟာ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတော်ကြောင့်ပါပဲ။ (ဂိုအင်ဂါ - SN Goenka)
.................................................................
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း) နှင့်  အရှင်ဝိဇယ ရေးသားပြုစုထားသော " ဗုဒ္ဓအနု ပညာပြခန်း " စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။


လန်ဒန်မြို့ ပေါ်မှ အိန္ဒိယရိုးရာပွဲ Notting Hill Carnival



ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ ရှိ Notting Hill လမ်းတွင် ကျင်းပလျက်ရှိသော Notting Hill ရိုးရာပွဲတော် လမ်းလျှောက်ပွဲအား ယခုကဲ့သို့ တွေ့မြင်ရပါတယ်။

အင်္ဂလန်ရောက် အနောက်တိုင်း အိန္ဒိယမျိုးနွယ်စုများမှ ၁၉၆၅ ခုနှစ်က စတင်ကျင်းပလာသည့် ယင်းရိုးရာပွဲသည် ယနေ့တိုင် ကျင်းပလျက်ရှိပြီး ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်နိုင်သော ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ပွဲတော်ကို နှစ်စဉ် စက်တင်ဘာလတိုင်းမှာ ပြုလုပ်ပါတယ်။ ပုံမှာ မြင်တွေ့ရတာကတော့ ပြီးခဲ့တဲ့ ပွဲတော် ဖြစ်ပါတယ်။

အနောက်အိန္ဒိယမျိုးနွယ်စုတို့တင်မကပဲ ရိုးရာပွဲ နှစ် သက်သော လန်ဒန်နေပြည်သူများက ယခုကဲ့သို့ ဝတ်ဆင်၍ ပါဝင်ဆင်နွဲလေ့ရှိအါတယ်။ ပွဲတော်မှာ ကာရေဘီယံ ပင်လယ်ကွေ့နေ ရှေးလူမျိုးများ ဝတ်စုံများ ဝတ်ဆင် ပြီး ဆေးရောင်ခြယ် လမ်းလျှောက်၊ ကပြဖျော်ဖြေ နေမှုအား ယခုကဲ့သို့ တွေ့မြင်ရပါတယ်။


ဒီလိုဓလေ့မျိုးဘယ်ဒေသမှာမြင်ဖူးလဲဗျ။

ဒီလိုဓလေ့မျိုးဘယ်ဒေသမှာမြင်ဖူးလဲဗျ။
တနသာင်္ရီမြို့နယ်၊ပ၀ကျေးရွာအုပ်စုကမိန်းကလေးများဟာဝါတွင်းအခါသမယတွင်
အဖိတ်နေ့တိုင်းရွာတွင်းလှည့်လည်အလှူခံနေပုံ။(အမှတ်တရ၊ရိုက်လာတာ)မမြင်ဖူးလို့။


မြန်မာဆန်ဆန်လေးများ

မြန်မာ့ရိုးရာဝတ်စုံလေးကိုနှစ်သက်တဲ့ အနောက်တိုင်းနိုင်ငံသူလေးများကလှနေရင် Like ပါ
မြန်မာ့ရိုးရာယဉ်ကျေးမှုကိုနှစ်သက်တဲ့သူမတို့ရဲ့စိတ်ထားကိုသဘောကျရင် Share လိုက်ပါနော်..။


မိန်းကလေးတွေအတွက် အကြံဥာဏ်(၁၄)ချက်



(၁) စာဖတ်ဝါသနာရှိပါစေ

(၂) အဆင့်အတန်းရှိပါစေ

(၃) ဘဝထဲကအလှတွေကို ရှာဖွေတတ်ပါစေ

(၄) အတွေးအခေါ်ကောင်းသူတွေနဲ့ မိတ်ဆွေဖွဲ့တတ်ပါစေ

(၅) အနှစ်သာရမရှိတဲ့ ရုပ်ရှင်ကားတွေကို ဝေးဝေးရှောင်နိုင်ပါစေ

(၆) သည်းခံခွင့်လွှတ်တတ်ဖို့ သင်ယူနိုင်ပါစေ

(၇) ကျန်းမာတဲ့စိတ်နှလုံး မွေးမြူနိုင်ပါစေ

(၈) လှပတင့်တယ်ခြင်းက သင်ရဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ပါစေ

(၉) ဘယ်ယောက်ျားကိုမှအားမကိုးတဲ့ ကိုယ့်ကိုယ်ကိုရှင်သန်နိုင်သူ ဖြစ်ပါစေ

(၁ဝ) ငွေရေးကြေးရေး စီမံခန့်ခွဲတတ်အောင် သင်ယူနိုင်ပါစေ

(၁၁) အချစ်နဲ့ အိမ်ထောင်ရေး အတူတကွပူးတွဲနေပါစေ

(၁၂) ယောက်ျားတွေနဲ့ တန်းတူညီမျှ ရင်ဘောင်တန်းနိုင်ပါစေ

(၁၃) သင့်စိတ်ကူးအိပ်မက်ကို ကူညီအကောင်အထည်ဖော်ပေးမယ့် ယောက်ျားကိုရှာယူနိုင်ပါစေ

(၁၄) နုပျိုခြင်းကို စွန့်လွှတ်ရသည့်တိုင် အပြုံးကိုချိတ်ဆွဲထားနိုင်ပါစေ
 


စိတ်ပညာရှင်

စိတ်ပညာရှင်တွေရဲ့အဆိုအရ မွေးဖွားတဲ့လပေါ်မူတည်ပြီး ဒီလိုစိတ်သဘောထားနဲ့ သဘောသဘာဝတွေရှိတတ်ပါတယ်တဲ့... သင်ကောဘယ်လမှာမွေးဖွားပါသလဲ...
 
 ဇန်န၀ါရီလ >>> အစဉ်အမြဲတက်ကြွ နိုးကြားတယ်
ဖေဖော်ဝါရီလ >>> သစ္စာရှိပြီး ကံကောင်းတတ်ကြတယ်
မတ်လ >>> ဆိုးပေမဲ့ ထူးချွန်တယ်
ဧပြီလ >>> ကြံ့ခိုင်ပြီး ဂရုတစိုက်ရှိတတ်ကြတယ်
မေလ >>> လက်တွေ့ကျပေမဲ့ ချစ်ခင်တတ်တယ်
ဇွန်လ >>> စိတ်ကူးယဉ်ဆန်ပြီး စူးစမ်းလိုစိတ်ပြင်းပြတယ်
ဇူလိုင်လ >>> ရဲဝံ့စွန့်စားပြီး အလုပ်ကြိုးစားတယ်
သြဂုတ်လ >>> ရိုးသားပြီး တက်ကြွတယ်
စက်တင်ဘာလ >>> လှပသလို စိတ်ထိခိုက်လွယ်တတ်ကြတယ်
အောက်တိုဘာလ >>> စတိုလ်ကျပြီး ဖော်ရွေတယ်
နိုဝင်ဘာလ >>> ဖန်တီးနိုင်စွမ်းရှိပြီး သဘောကောင်းကြတယ်
ဒီဇင်ဘာလ >>> ယုံကြည်မှုရှိပြီး လွတ်လပ်ပေါ့ပါးတယ်

ဇာတ်ပါဠိတော်တွင် ပါရှိသော မိန်းမပျက်အင်္ဂါ(၂၅)ချက်



၁။ လင်ယောက်ျား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။
၂။ အရပ်ဝေးသွားသော လင်ယောက်ျားအား အမှတ်မရတတ်ခြင်း။
၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။
၎။ လင်ယောက်ျား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။
၅။ လင်ယောက်ျားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း။

၆။ လင်ယောက်ျားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။
၇။ လင်ယောက်ျားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း။
၈။ လင်ယောက်ျားအပေါ်တွင် ပြုလုပ်ပေးရမည့်တာဝန်ကို မပြုလုပ်ပေးခြင်း။
၉။ လင်ယောက်ျားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။
၁၀။ အ၀တ်ကို မြဲစွာဝတ်၍ အိပ်တတ်ခြင်း။

၁၁။ လင်ကို ကျောပေးအိပ်ခြင်း။
၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။
၁၃။ အသက်ရှု ကြမ်းတမ်းစွာ အိပ်တတ်ခြင်း။
၁၄။ လင်ယောက်ျား စိတ်ဆန္ဒကို ဆန့်ကျင့်ဘက်လုပ်ပြီး စိတ်ဆင်းရဲအောင် ပြုလုပ်တတ်ခြင်း။
၁၅။ ကျင်ကြီးကျင်ငယ်စွန့်ရန် ခဏခဏ သွားတတ်ခြင်း။

၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်ခြင်း။
၁၇။ ကျန်းမာရေးဖောက်ပြန်ချင်ယောင် ဆောင်တတ်ခြင်း။
၁၈။ တခြားယောက်ျားအသံကို နားစွင့်ပြီး နားထောင်တတ်ခြင်း။
၁၉။ လင်ယောက်ျားရှာဖွေထားသော ပစ္စည်းဥစ္စာကို မတရားဖြုန်းတီးပစ်တတ်ခြင်း။
၂၀။ တဏှာကာမစိတ်နဲ့ အိမ်နီးချင်းယောက်ျားများကို အကျွမ်းဝင်တတ်ခြင်း။

၂၁။ အချိန်အခါမဲ့တွင် လင်ငယ်ရှာဖွေရန် လမ်းတကာသို့ ၀င်ထွက်သွားလာတတ်ခြင်း။
၂၂။ လင်ငယ်နေပြီး လင်ကြီးပေါ်တွင် ရိုသေခြင်းမရှိဘဲ မကောင်းကြံတတ်ခြင်း။
၂၃။ အိမ်တံခါးဝတွင် အမြဲလိုလို နေထိုင်တတ်ခြင်း။
၂၄။ ခန္ဓာကိုယ် အင်္ဂါကြီးငယ်တို့ကို ဖော်ပြတတ်ခြင်း။
၂၅။ အရပ်တကာ လျှောက်သွားတတ်ခြင်းတို့ ဖြစ်ပါပေတယ်။ (မဟာကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၂၁)

အိမ်ထောင်သည်ဘ၀တွင် ယောက်ျားမိန်းမနှစ်ဦးတို့ မကွဲကွာအောင် ဘယ်လိုပြုမှုနေထိုင်ရမလဲလို့ မေးထားတဲ့မေးခွန်းကို မိန်းမသားဘက်က မိန်းမပျက်အင်္ဂါများမှ ရှောင်ကြဉ်နိုင်ပြီး ယောက်ျားသားဘက်ကလည်း မိမိဇနီးမယားကို စောင့်ကြည့်ကာ သတိပေးပြင်ဆင်ပေးနိုင်ဖို့ မိန်းမသားများ ရှောင်ကြဉ်ရမဲ့ အချက်အလက်တွေကို ရေးပေးလိုက်ပါတယ်။ မကြာခင် ယောက်ျားသားများရှောင်ကြဉ်ရမဲ့ အချက်တွေလည်း တင်ပေးပါဦးမယ်။

ဒီအချက်အလက်များကို ရေးသားပေးရခြင်းမှာ မိန်းမများကလည်း မိမိတို့ ဒီအချက်တွေထဲက တော်တော်များများ ဖြစ်နေပြီဆိုရင် မိမိကိုယ်ကို မိန်းမပျက်မဖြစ်အောင် စောင့်ထိန်းနိုင်ဖို့၊ ယောက်ျားများကလည်း မိမိဇနီးမယားဟာ မိန်းမပျက် ဟုတ်မဟုတ်ကို စိစစ်တတ်ပြီး နှစ်ဦးနှစ်ဘက် အကျိုးရှိစေလိုတဲ့ စေတနာနဲ့ ရေးသားပေးလိုက်တာပါ။

မိန်းမသားများကလည်း မိန်းမပျက်ဘ၀မှ လွတ်ကင်းကြကာ ယောက်ျားသားများလည်း မိန်းမပျက်များနဲ့ ကင်းရှင်းကြပါစေလို့ ဆန္ဒပြုလျက်....။


ဆရာမ ( ငွေသော်တာရောင်ခြည် )


(ဤသီချင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးသည်ဒေါ်ခင်ကြည်အား ရည်ရွယ်ပြီး ရေးစပ်သီကုံးထားတဲ့သီချင်းတစ်ပုဒ်ဆိုတာ အားလုံးသိကြမှာပါ ကျွန်တော်တို့ဗိုလ်ချုပ်လဲကြိုက်နှစ်သက်လိမ့်မည်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ ဒါကြောင့် ကျွန်တော်နှင့်အတူခံစားနားဆင် နိုင်ရန်အလို့ငှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ အားလုံးအဆင်ပြေကြပါစေ)

ဆရာမ (ငွေသော်တာရောင်ခြည်)

....♪ ♫ ♪ ♫ ♪.... ♪....♪ ♫ ....♪ ♫ ♪....♪ ♫ ♪ ....♪ ♫ ♪....♪ ♫ ♪...... ...♪ ♫ ♪....♪ ♫ ♪ ....♪ ♫ ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည်ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီသဒ္ဒါကပိုသည် ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိသည်♪....♪ ♫ ♪ ....♪ ♫ ..♪ ♫ ♪ ....♪ ♫ ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည်ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီသဒ္ဒါကပိုသည် ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိသည်♪....♪ ♫ ♪ ....♪ ♫ ♪. ♪ ♫ ♪ ....♪ ♫ ထိန်ကြည် လရောင်သမ်းတော့ အလွမ်းပိုပါသည်ချစ်သူရှိရင် ဪ ဖွင့်ပြောပါလားလို့အတည်♪....♪ ♫ ♪ .... ..♪ ♫ ♪....♪ ♫ ♪ ....♪ ♫ ရိုးရိုးနဲ့မှန်တာကိုပြောမည် တကယ်စိတ်ကအတည်ဘယ်မိန်းမမှ မချစ်ခဲ့ပြီသဒ္ဒါကပိုသည် ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိသည်♪....♪ ♫ ♪ ...♪ ♫ ♪... . ...♪♪ ♫ ♪ ....♪ ♫ ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည်ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီသဒ္ဒါကပိုသည် ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိသည်♪....♪ ♫ ♪ ....♪ ♫ ♪....♪ ထိန်ကြည် လရောင်သမ်းတော့ အလွမ်းပိုပါသည်ချစ်သူရှိရင် ဪ ဖွင့်ပြောပါလားလို့အတည်♪....♪ ♫ ♪ ....♪ ♫ ♪....♪ ♫ ♪ရိုးရိုးနဲ့မှန်တာကိုပြောမည် တကယ်စိတ်ကအတည်ဘယ်မိန်းမမှ မချစ်ခဲ့ပြီသဒ္ဒါကပိုသည် ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိသည်♪....♪ ♫ ♪ ....♪ ♫ ♪....♪ ♫ ♪...... ...♪ ♫ ♪....♪ ♫ ♪ ....♪ ♫ ♪....♪ ♫ ♪ ....♪ ♫ ♪....♪ ♫ ♪...... ...♪ ♫ ♪....♪ ♫ ♪ ....♪

စာရင်းစစ်

တို့ ရွာသမိုင်း



သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။
ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။


သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။

ငါတို့ရွာတွင်
ရှေးခါအရှက်၊ အကြောက်ဖက်၍
ကျင့်ပျက်အမှု၊ မကောင်းစုကို
ပြုခဲပြောခဲ၊ တွေးကြံခဲ၏။

သူတို့လာမှ
ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။

တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
တယောက်တမျိုး၊ ထဲကြံခိုး၍
တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
ညီညာသောလိုက်၊ အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင်၊ တောတခွင်၌
(မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌)
သမင်ကိုကျား၊ ချောင်းသောလားသို့
စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
(မြန်မာသမိုင်း၊ အဖြစ်ရိုင်းမှ)
ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
တော်လှန်ရေး၏ ကျေးဇူးတည်း။ ။


မင်းသုဝဏ်



အမေ့ကို လူအိုရုံ တကယ်ပို့ရမှာလား?

ချွေးမလုပ်တဲ့သူက “ပေါ့တော့လဲ အရသာမရှိဘူး၊ ငံတော့လဲ မျိုမကျဘူး။ အမေကဘာဖြစ်ချင်တာလဲ?”
အမေက သူ့သားပြန်လာတာမြင်တော့ဘာမှမပြောတော့ဘဲ ထမင်းဟင်းကို ပါးစပါထဲသွတ်ထည့် လိုက်တယ်။ သူမသူ့ကို မျက်စောင်းထိုးပြီး တစ်ချက်ကြည့်လိုက်တယ်။
သားက တစ်လုတ်လောက်မြည်းကြည့်လိုက်တယ်။ ချက်ချင်းပြန်ထွေးထုတ်လိုက်ပြီး “ငါမင်းကို ပြောထားတယ် မဟုတ်ဘူးလား၊ အမေ့မှာ ရောဂါရှိတယ်၊ အငံစားလို့မရဘူးဆိုတာကို”
“ကောင်းပြီလေ၊ ဒါ ရှင့် အမေဘဲ၊ နောက်ကျရင်ရှင်ဘဲချက်တော့”
ချွေးမ ကတော့ ဆောင့်အောင့်ပြီး အခန်းထဲဝင်သွားတယ်။

သားကတော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်တယ် “အမေ မစားနဲ့တော့၊ သားခေါက်ဆွဲ ချက်ကျွေးမယ်”
“သား မင်း အမေ့ကို ပြောစရာ ရှိတယ် မဟုတ်လား၊ ရှိရင် ပွင့်ပွင့်လင်းလင်းသာပြောပါ၊ စိတ်ထဲမှာ မျိုသိပ် မထားပါနဲ့။”

“အမေ သား နောက်လကျရင် ရာထူးတိုးတယ်၊ အလုပ်တွေ အရမ်းများလာလိမ့်မယ်၊ မိန်းမကလဲ အပြင်ထွက် အလုပ်လုပ်ချင်တယ်ပြောတယ်။ ဒါကြောင့်…”
“သား အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်” အသံလေးက တုန်ရီနေတယ်။

သား ကလဲ ခဏငြိမ်သက်သွားတယ်၊ ဒီထက်ကောင်းတဲ့ အကြောင်းရင်းကို ရှာနေသလို။
“အမေ လူအိုရုံ ကလဲမကောင်းတာ မဟုတ်ပါဘူး၊ အမေသိတဲ့ အတိုင်း မိန်းမအလုပ်လုပ်ရင် အမေ့ကို ကောင်းကောင်းပြုစုနိုင်မှာ မဟုတ်ဘူး၊ ဟိုမှာ က ကျွေမဲ့သူ ပြုစုမဲ့သူ အဆင်သင့်ရှိပြီးသား ဘဲ။ အိမ်မှာထက်တောင် ပို အဆင်ပြေသေးတယ် မဟုတ်ဘူးလား?”

“…….”

ရေမိုချိုးပြီး ခေါက်ဆွဲထုတ်ကို ဘဲ ကမန်းကတန်းပြုတ်စားလိုက်တယ်။ သူ အခန်းထဲဝင်သွားပြီး ပြတင်းပေါက်မှာ ရပ်ပြီး စိတ်ထဲမှာ တွေဝေနေသလိုဘဲ။
အမေဟာ ငယ်ငယ်လေးကတည်းက မုဆိုးမ ဖြစ်ခဲ့တာပါ။ သူ့ကို ကျောင်းပြီးတဲ့ အထိ တစ်ယောက်တည်း ရှာကျွေးခဲ့တာပါ။ ငယ်ရွယ် စဉ် အခါက ပင်ပန်းခဲ့ တာတွေ ကို အကြောင်းပြ ပြီး မိခင်ကို လုပ်ကျွေးစောင့်ရှောက်ရမယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူး။ ဒါပေမဲ့ မိန်းမကတော့ အိမ်ထောင်ရေးနဲ့ ချိန်းခြောက်လာတယ်။

အမေ့ကို လူအိုရုံ တကယ်ပို့ရမှာလား? သူ့ကိုယ်သူပြန်မေးတယ်။ သူ မလုပ်ရက်ဘူး။
“မင်းရဲ့ နောက်ပိုင်း ဘ၀ကို ဆက်ပြီးလက်တွဲလျှောက်မှာက မင်းမိန်းမနော်။ မင်း အမေ မဟုတ်ဘူး”လို့ ဦးလေးရဲ့ သားက အမြဲသတိပေးတယ်။
“မင်း အမေ ဒီလောက်တောင်အိုနေပြီ၊ ကံကောင်းရင်တော့ နေနိုင်သေးတာပေါ့၊ အသက်ရှင်နေတုန်းကောင်းကောင်း ပြုစု ပါလား? သစ်ပင်သည်ငြိမ်ချင်သော်လည်း လေကမငြိမ်ပေ။ မိဘကို လုပ်ကျွေးချင်သော်လည်း မိဘက မရှိတော့ပေ ဆိုတာမျိုးတော့ မဖြစ်စေနဲ့ဟေ့” လို့ တချို့ဆွေမျိုးတွေက တော့ သတိပေးကြတယ်။ သူ ဘာမှ ထပ်မစဉ်းစားချင်တော့ဘူး၊ စိတ်ပြောင်းသွားမှာစိုးလို့။

နေမင်းက သူ့ရဲ့ ပူပြင်းလှတဲ့ အရှိန် အ၀ါကို သိမ်းပြီး တောင်ကုန်းရဲ့နောက်ကွယ်ကို ပုန်းခိုသွားပြီ။
မြို့ပြင် စိတ်ငြိမ်တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ အဆင့်မြင့် လူအိုရုံလေး….
ဟုတ်တယ်လေ၊ ပိုက်ဆံများများသုံးထားမှာ သားရဲ့စိတ်ထဲက ပိုဖြောင့်တာပေါ့။
သားက မိခင်ကို တွဲခေါ်ပြီး ဧည့်ခန်းထဲဝင်လိုက်ချိန်မှာ ၄၂ လက်မ တီဗွီ ဖန်သားပြင်မှာ ဟာသကား တစ်ကားပြနေတယ်။ ဒါပေမဲ့ ပရိသတ်တွေဆီက ဘာရယ်သံမှ မကြားရဘူး။
တချို့ အင်္ကျီဆင်တူ ၀တ်ထားတဲ့ အဖိုးကြီးတွေ ဆိုဖာပေါ်မှာ ထိုင်ပြီး ငိုင်နေကြတယ်။ စိတ်ဓာတ်ကျနေတဲ့ ပုံတွေဘဲ။
နောက် လူအိုတစ်ယောက်က ကိုယ့်ဖာသာကိုယ် တီးတိုးပြောနေပြီးမြေကြီးပေါ်ကျနေတဲ့ ဘီစကွတ်မုန့်ကို ကောက်စားနေတယ်။
သားကသိတယ်။ အမေ လင်းလင်းထင်းထင်း ကြိုက်တယ်ဆိုတာကို။ နေရောင် ကောင်းကောင်းရတဲ့ အခန်းတစ်ခန်းကို ရွေးပေးလိုက်တယ်။ ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်ရင် မြက်ခင်းပြင်က စိမ်းစိုလို့၊ သူနာပြုတွေက လဲ တွန်းလှည်းတွေကို တွန်းပေးပြီး တချို့လူအိုတွေ ကလည်း လမ်းလျှောက်နေကြတယ်။ ပတ်ဝန်းကျင် တိတ်ဆိတ်လွန်းတာဟာ လူရဲ့စိတ်ထဲမှာ ၀မ်းနည်းသလိုလို ဖြစ်လာစေတယ်။

ဆည်းဆာ သည်လှပသော်လည်းဘဲ မှောင်ရီပျိုးနေပြီ။
“မေ သားပြန်တော့မယ်။”
အမေကတော့ ခေါင်းလေးတစ်ချက်ဘဲငြိမ့်လိုက်တယ်။
သူလှည့်ထွက်သွားတဲ့ အချိန်မှာ အမေက တော့ တောက်လျှောက် လက်ပြနှုတ်ဆက်နေရှာတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး ခြောက်ကပ်ဖြူလျော်နေတဲ့ နှုတ်ခမ်းသားများဟာ မျှော်လင့်ချက်တွေများစွာနဲ့ ကျန်နေရစ်ခဲ့တယ်။
သားလေးက အဲ့ဒီ အချိန်မှာမှ မိခင်ရဲ့ မီးခိုရောင်သန်းနေတဲ့ ဆံနွယ်တွေ၊ ချိုင့်ဝင်နေတဲ့ မျက်ဝန်း အစုံ၊ တွန့်ကြေနေတဲ့ ပါးပြင် ကို သတိထားမိတယ်။ အမေတကယ် အိုနေပါပြီလား။

သူရုတ်ချည်း တစ်ခုကို သတိရလိုက်တယ်။ သူ ၆နှစ်သား အရွယ်တုန်းက အမေဟာ အရေးကြီးကိစ္စနဲ့ ရွာပြန်ဖို့ရှိတော့ သူ့ကို ဦးလေးအိမ်မှာ အပ်ခဲ့တယ်။ အမေသွားခါနီးမှာ အမေရဲ့ ခြေထောက်ကိုဖတ်ပြီး ကြောက်လန့်တကြားအော်ငိုပါလေရော
“မေမေ သားကိုပစ်မသွားပါနဲ့၊ သားကို မထားခဲ့ပါနဲ့နော်။” နောက်ဆုံး အမေကလဲ သူ့ကို မထားရစ်ခဲ့ပါဘူး။

သူ အလောသုံးဆယ်နဲ့ ထွက်လာလိုက်တယ်၊ တံခါးကိုပါဆွဲပိတ်လိုက်တယ်။
နောက်ပြန် မကြည့်ရဲဘူး။ ဟိုး အတိတ်က အရိပ်တွေ ပြန်ပေါ်လာပြီး စွဲကပ်နေမှာစိုးလို့။

အိမ်ပြန်ရောက်လာတော့ မိန်းမက သူ့အမေပစ္စည်းတွေကို စွန့်ပစ်နေတာ အားရပါးရဘဲ။
၃လက်မ မြင့်တဲ့ ဆုတံဆိပ်လေးတစ်ခု
ဒါဟာ မူလတန်းတုန်းက စာစီစာကုန်းပြိုင်ပွဲ “ကျွန်တော်၏မိခင်” မှာ ပထမရခဲ့တဲ့ အောင်ပွဲ အမှတ်တရလေးပါ။
အင်္ဂလိပ်-မြန်မာ အဘိဓာန် စာအုပ်လေး
ဒါကတော့ အမေ မစားရက် မသောက်ရက် ချွေတာပြီးဝယ်ထားပေးတဲ့ ပထမဦးဆုံးသောမွေးနေ့လက်ဆောင်။
နောက်ပြီး အိပ်ရာဝင်ခါနီးတိုင်း အမေ အမြဲလိမ်းလေ့ရှိတဲ့ ဒဏ်ကြေလိမ်းဆေး။
မင်း အမေကို မလိမ်းပေးတော့ လူအိုရုံ ယူသွားလဲ ဘာထူးမှာတဲ့လဲ?

“တော်ပြီ ဆက်မပစ်နဲ့တော့”လို့ ဒေါသတကြီးအော်လိုက်တယ်။
“ဒါတွေကို မပစ်တော့ ငါ့ပစ္စည်းတွေ ဘယ်မှာထားရမှာလဲ” လို့ မိန်းမကလဲ ပြန်အော်လိုက်တယ်။
“ဒါတွေ အားလုံးဟာ ငါ့ အမေရဲ့ အမွေတွေဘဲ၊ ဘာမှ မထိနဲ့”
“ရှင် ဒါဘာသဘောလဲ?”
“မင်းငါ့ကို ချစ်လို့ ငါကို လက်ထပ်ခဲ့တာ၊ ငါ့အမေကို ကော် နင်ချစ်လို့မရဘူးလား?”

ပြောပြီး သူကားမောင်းထွက်သွားတယ်။

မိုးရွာပြီးတဲ့ ညဟာ အေးစက်လွန်းတယ်။ လမ်းမှာလဲ လူတွေရှင်းလို့၊ သူအဆုံးဆုံထိနင်းပြီး မောင်းလာခဲ့တယ်။
ကားလေးက တောင်ကုန်းပေါ်က လူအိုရုံဆီသို့ဦးတည်လျက်။
ကားကိုရပ်ပြီးဒါနဲ့ လှေခါးပေါ်ပြေးတက်သွားပြီး အမေ့ အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။

သူဝိဥာဏ်မဲ့စွာ ရပ်နေတယ်။
အမေကတော့ ကိုက်ခဲနေတဲ့ ခြေ၂ဖက်ကို နှိပ်နေရှာတယ်။
သားလက်ထဲက ဒဏ်ကြေလိမ်းဆေးကိုမြင်တော့ ၀မ်းသာအားရနဲ့ပြောလိုက်တယ်။
“အမေ မေ့ခဲ့တာ၊ တော်သေးတာပေါ့ သားယူလာပေးလို့”
သူဟာ အမေဘေးနားကို တိုးသွားပြီးဒူးထောက်လိုက်တယ်။
“မိုးချုပ်နေပြီ။ အမေ့ဖာသာလိမ်းမယ်၊ မနက်ဖန်ရုံးတက်ရဦးမယ်၊ ပြန်ပါတော့သားရယ်”

သူ ခဏမှင်သက်သွားပြီး နောက်ဆုံးထိန်းမရတဲ့ မျက်ရည်တွေလျှံထွက်လာပြီး
“သားကိုခွင့်လွတ်ပါ။ သားတောင်းပန်ပါတယ်။ အိမ်ပြန်ရအောင်နော်”

ကိုယ်တွေ တဖြေးဖြေးကြီးလာတာနဲ့ အမျှ မိဘတွေနုနယ်တဲ့ မျက်နှာ တဖြေးဖြေးအိုမင်းခဲ့တာကို မြင်တွေ့နေရတယ်။ နက်မှောင်တဲ့ဆံကေသာ ဖြူရောင်သမ်းလာတယ်၊ လျင်မြန်ဖျက်လပ်မှုက နေ တုံ့နှေးလာတယ်။ ဘယ်လောက်ထိရင်နာစရာကောင်းလဲ။

မိဘဆိုတာ အကောင်းဆုံး တန်ဖိုး အကြီးမားဆုံး အရာတွေကို ထားခဲ့ပေးတယ်။
ဖယောင်းတိုင်မီးလိုဘဲ အဆက်မပျက် ကိုယ့်ကိုယ်ကို လောင်ကျွမ်းပြီး သားသမီးတွေ ကို အလင်းရောင်ပေးခဲ့တယ်။ ကျွန်တော်တို့က ရော?

သူတို့အတွက် နေရာလေးပေးနိုင်လား? ဒါမှ မဟုတ် လိုအပ်တဲ့ အချိန်မှာမှ သတိရတာလား?

သူတို့တောင်းဆိုတာ တကယ်မများပါဘူး။ “မေ မေ ဒီနေ့နေကောင်းလား ထမင်းစားပြီးပြီလား” ဆိုတဲ့ ရိုးရှင်းတဲ့ စကားသံလေးပါဘဲ။

မိဘကျေးဇူး မဆပ်နိုင်ကြရင်တောင် ကျေးဇူးတော့မကန်းသင့်ဘူးလို့  ကျွန်တော် ထင်ပါတယ်.......မိတ်ဆွေ သူငယ်ချင်းများ ဗုဓ္ဒဘာသာဝင် ပီပီ မိဘကျေးဇူး အထူးကျေနိုင်ကြပါစေသား.......။