Saturday 16 February 2013

အင်တာနက်မရရင် ငွေပြန်လျော်ရမယ်


အင်တာနက်လိုင်း နှေးနေလို့၊ လိုင်းကျနေလို့၊ လိုင်းပျောက်နေလို့ စိတ်ညစ်နေလား? ဂျာမဏီမှာတော့ အင်တာနက်လိုင်း မရလို့ ကုမ္ပဏီက ပြန်ပြီးတောင် ပိုက်ဆံလျော်ပေး ရပါတယ်တဲ့။ ဂျာမဏီရဲ့ Karlsruhe မြို့က တရားသူကြီးတဦးဟာ ၂၀၀၈ - ၂၀၀၉ ခုနှစ်အတွင်းမှာ အင်တာနက်လိုင်း ၂ လ ကြာ မရဘဲ ရှိခဲ့တဲ့ အင်တာနက်သုံးစွဲသူများက သက်ဆိုင်တဲ့ကုမ္ပဏီကနေ နှစ်နာကြေးတောင်းဆိုနိုင်ကြောင်း ဒီနေ့မှာ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။ အင်တာနက်ပျောက်သွားတာကို "အရေးကြီးတဲ့ ၀တ္တုပစ္စည်း" အဖြစ် သတ်မှတ်လို့ရကြောင်း တရားသူကြီးက ပြောခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ပြဿနာ စတာကတော့ ဂျာမဏီနိုင်ငံသားတယောက်က အင်တာနက်မရလို့ အဲဒီ ၂ လထဲမှာ မိုဘိုင်းဖုန်းကိုပဲ အားကိုးကာ နေခဲ့ရပြီး အင်တာနက်ကုမ္ပဏီမှလည်း ထိုက်တန်တဲ့ ပြန်အမ်းငွေကို ပေးပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလူက မကြေနပ်သေးလို့ ပြဿနာကို တဆင့်တက်ပြီး တရားရုံးကိုတိုင်ကြားခဲ့လို့ ယခုလို အမိန့်ချမှတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
 


No comments:

Post a Comment