Saturday 16 February 2013

Above the Law

ဒေါက်တာဆိတ်ဖွား၏ Above the Law ဝေဖန်ချက်နှင့် စပ်လျဉ်းသည့် စုံစမ်းရေးကော်မရှင်ဖွဲ့စည်း

အင်တာနက်ပေါ် ရေးသားခဲ့သော ဒေါက်တာဆိတ်ဖွား၏ Above the Law ဝေဖန်ချက်နှင့် စပ်လျဉ်းသော စုံစမ်းရေးကော်မရှင်ကို ဖေဖော်ဝါရီ ၇ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်သည်။

ယင်းကော်မရှင်တွင် အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြငြိမ်း၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးနှင့် ဦးဖုန်းမြင့်အောင်တို့ အပါအ၀င် အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည်။

ကော်မရှင်၏ အဓိကတာဝန်အရ ဒေါက်တာဆိတ်ဖွား၏ ရေးသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံသားတိုင်း၏ တာဝန်၊ လွတ်လပ်စွာပြောဆိုရေးသား ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်း၍ ၎င်း၏ဆောင်ရွက်ချက်များသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆန့်ကျင်ခြင်း ရှိ၊ မရှိ လိုက်နာဆောင်ရွက်ရမည့် တာဝန်ပျက်ကွက်ခြင်း ရှိ၊ မရှိ ဖော်ထုတ်ရမည်ဖြစ်သည်။ ထို့အပြင် ကာယကံရှင်အား မည်သို့အရေးယူဆောင်ရွက်မည့် အချက်များနှင့် အစီအစဉ်များကို ဖော်ထုတ်အကြံပြု တင်ပြရမည်ဖြစ်သည်။

ကော်မရှင်သက်တမ်းမှာ အစီရင်ခံစာတင်ပြီးနောက် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်အရ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပြီးသည်အထိ အတည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment