Sunday 10 February 2013

တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတော်၊ အလိုရှိသူများဆက်သွယ်ပါ။

တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတော်၊ အလိုရှိသူများဆက်သွယ်ပါ။

“တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး”
၁၉၉၈ခုနှစ် မြန်မာအသင်း(ကိုရီးယား)မှ ဦးဆောင်၍ မြန်မာနိုင်ငံ၊ မန္တလေးမြို့တွင် ဉာဏ်တော် ၃ပေ၈လက်မရှိ ဗုဒ္ဓရုပ်ပွားတော်ကို စကျင်ကျောက်ဖြူသားဖြင့် ထုဆစ်ပြီး တောင်ကိုရီးယားနိုင်ငံ၊
ပူချွန်းမြို့ ဆောဂွမ်စာ ဗုဒ္ဓဘာသာကျောင်း ဗဟိုကျောင်းဆောင် အတွင်းသို့ ပင့်ဆောင်ကာ ၉ပေအမြင့် ရှိသော ရွှေဝါရောင် ပလ္လင်တော်ပေါ်တွင် ကိုးကွယ်ထားပါသည်။

တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံသားများ အပါအဝင် မည်သူမဆို လွတ်လပ်စွာ ဖူးမျှော်နိုင်ပါသည်။ အပတ်စဉ် ဘုရားသန့်ရှင်းရေးကို ဆောင်ရွက်နေသော မြန်မာလူငယ်များနှင့်အတူ ပါဝင်၍ ကုသိုလ် ယူနိုင်ပါသည်။ ထို့အပြင်…

၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက် (၁၄)ကြိမ်မြောက် တိလောကမုနိ ဘုရား ပွဲတော်တွင် ဘုရားပုံတော်ကို လှူဒါန်းရန်စီစဉ်လျက်ရှိပါသည်။

အလိုရှိသူများအနေဖြင့် လာမည့် ၃၀ရက်နေ့ ဘုရားပွဲတော်တွင် လည်းကောင်း၊ ဆက်သွယ်၍လည်းကောင်း လက်ခံရယူနိုင်ပါသည်။

ဆက်သွယ်ရန်။ ။
ကိုကောင်းဆက်၊ ကိုဝင်းမြင့်ဦး၊ ကိုမွန်လေးနှင့် ဇနီး၊ ဦးဝင်းတင်။ ကိုဘော်ဘော်၊ ကိုချစ်ကိုကို၊ ကိုမော်လေး။

No comments:

Post a Comment