Saturday 16 February 2013

မျက်မှောက်ဘ၀ချမ်းသာကြောင်းတရားလေးပါး



၁။ ဥဋ္ဌာနသံပဒါ -
ထကြွလုံ့လ၀ီရိယနှင့်ပြည့်စုံခြင်း ။
၂။ အာရက္ခသံပဒါ -
ပစ္စည်းဥစ္စာတို့ကိုစောင့်ရှောက်ထိန်းသိမ်းတတ်မှုနှင့်ပြည့်စုံခြင်း ။
၃။ သမဇီဝိတသံပဒါ -
အသက်မွေးမှုမျှတမှန်ကန်ခြင်း ။
၎။ ကလျာဏမိတ္တသံပဒါ -
သူတော်ကောင်းမိတ်ဆွေများနှင့်ပေါင်းသင်းဆက်ဆံရခြင်း ။
နောင်သံသရာဘ၀ချမ်းသာကြောင်းတရားလေးပါး -
၁။ သဒ္ဓါသံပဒါ -
ရတနာသုံးတန် ကံ-ကံ၏အကျိုးကိုမြတ်နိုးယုံကြည်ခြင်း ။
၂။ သီလသံပဒါ -
ငါးပါးသီလိကိုလုံခြုံအောင်စောင့်ရှောက်ထိန်းသိမ်းခြင်း ။
၃။ စာဂသံပဒါ -
ပေးကမ်းလှူဒါန်းစွန့်ကြဲခြင်း ။
၎။ ဥာဏသံပဒါ -
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တလက္ခဏာရေးသုံးပါးကိုသိခြင်း ။
( လင်္ကာ )
(က) ထကြွ ၊ သိမ်းဆဲ ၊ မျှသုံးစွဲ ၊ ပေါင်းမြဲ မိတ်ဆွေကောင်း ။
( ခ ) သဒ္ဓါ ၊ သီလ ၊ ကျင့်စာဂ ၊ ဥာဏ ဆင့်ကာလောင်း ။
ရှေ့လေးပါးမှာ ၊ ခုဖို့ရာ ။ နောင် မှာ နောက်ကောင်းကြောင်း ။
( အင်္ဂုတ္တရနိကာယငါဠိတော်-အဋ္ဌကနိပါတ်-ဂေါတမီဝဂ် ၊
ဗျဂ်ဃပဇ္ဖသုတ် ၊ ဒီဃဇာဏုသုတ် ၊ ဥဇ်ဇယသုတ် )
 
ရွှေနီဆရာတော်
 
 

No comments:

Post a Comment