Saturday 16 February 2013

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏
ဗုဒ္ဓဘာသာပေါ်တွင် ထားရှိသည့်
ကမ္ဘာကျော် အမြင် ။
အိန္ဒိယလူမျိုးတစ်ယောက်က ဆရာတော်ကို
အရှင်ဘုရား ဗုဒ္ဓဘာသာကို( Religion ) ဘာသာတရားလို့ဆိုနိုင်ပါသလားလို့ မေးပါတယ်။
ဆရာတော်က ‘‘ဗုဒ္ဓဘာသာဟာ Religion ရီလေးဂျင်း မဟုတ်ဟု‘‘ ရဲဝံ့ပြတ်သားစွာ
ဖြေဆိုခဲ့ပါတယ်။
္ဒ‘‘ရီလေးဂျင်းမဟုတ်ရင် အရှင်ဘုရားကဘာလို့ပြောချင်တာလဲ‘‘
‘‘ဗုဒ္ဓဘာသာဟာ ကျင့်စဉ်တစ်မျိုးပါ။‘‘
‘‘ ရီလေးဂျင်းကတော့ ကျင့်စဉ်မဟုတ်ဘူးလား‘‘
‘‘ရီလေးဂျင်းဆိုတဲ့ ဘာသာတရားမှာ ကျင့်စဉ်မပါဘူး။
ယုံကြည်ခြင်း၊ရှိခိုးခြင်း ၊ ဆုတောင်းချင်းတို့ပဲရှိပါတယ်။
ယုံကြည်မှုနှင့်ဆုတောင်မှုကိုပဓာန မထားပဲ အကျင့်ကိုသာ ပဓာနထားတဲ့
ဘာသာဟာ ဗုဒ္ဓဘာသာပါ။‘‘
ဒါဆိုရင် ဗုဒ္ဓဘာသာဟာ ဖီလော်ဆိုဖိ (Philosophy) လို့ဆိုလို့ရှိရင်ကောရပါသလား
လို့ ဒကာကထပ်မေးပါတယ်။
ဆရာတ်ာက ‘‘မရပါဘူ။ ဒီလိုတစ်ဘက်သက်လည်းမပြောနိုင်ပါဘူး။
ဖီလောဆိုဖီ ဆိုတာ အသိသက်သက်ပဲ ။ အကျင့်စရဏမပါဘူး။‘‘
‘‘ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုနဲ့ အသိဉာဏ်ပေါင်းစပ်ပြီး ကျင့်ရတဲ့တရားပါ‘‘
ယုံကြည်မှုနဲ့ အသိဉာဏ်ပေါင်းစပ်ပြီး ကျင့်တော့ မိမိနှလုံးသားထဲက
ယုတ်ညံတဲ့ကိလေသာ တွေအကုန်ရှင်းသွားတယ်။ အဲဒီလိုရှင်းသွားတော့
ချမ်းသာသုခကိုတစ်ကယ်ရတာပါပဲ။‘‘
‘‘ မိမိရဲ့ယုတ်ညံမှုတွေကို မိမိကိုယ်တိုင် သန့်ရှင်းအောင်လုပ်ရပါတယ်။
မိမိစိတ်ဓါတ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို မိမိကိုယ်တိုင် ကြိုးစားယူရတယ်။
အလွန်တန်ဖိုးထင်မြတ်တဲ့ စိတ်၊စေတသိတ်တို့ကို အသုံချကျင့်ရတာဟာ
ဗုဒ္ဓဘာသာပါပဲ‘‘ ဟုဆရာတော်က မိန့်ဆိုလိုက်ပါတယ်။
 

No comments:

Post a Comment