Saturday 16 February 2013

အမိမြန်မာပြည် ....၏ လွမ်းစိတ်မပြေ ....တမ်းချင်းသံချို


သမ္ဘာရှိန် ... ညိုမှောင်သန်းချိန်ထင့်
ခန္ဓာအိမ် ပြိုလောင်ကျွမ်းရှာပေါ့
ပြန်တရာကြိမ် ဆိုရောင်တမ်းမိပါရဲ့
(အမယ်လေး) ဗိုလ်အောင်ဆန်း(ဆိုတဲ့)
သားမောင်ရယ်။

(မကြည့်ရက်ပါကလားနော် ...
အမယ်မင်း ... သတိပျက်တဲ့လူကလေးရယ်
အ၀ီစိပွတ်သလို ပူဆွေးဖွယ်, လူယုံတွေက, သတ်လေရော့သလား
အမေ အသိခက်လှချည်ရယ့်ကွဲ့ ...)
သြော်... မကြည့်ရက်ပါကလား
ဝိဘက်ကြမ္မာထင်ငဲ့
ကမ္ဘာတွင် မည်နာမလွှမ်းတဲ့ပြင်
လွတ်လပ်ရန် ရည်သန်မှန်းကာမှ
မရဏခွင် ယာယီမြန်းရှာပေါ့
နွမ်းလျကာ တမ်းတလို့ ရွယ်မိပါရဲ့
(အိုကွယ်...) လွမ်းစမပြယ်။

မကြာမီ ၀ဋ်ကပ်အေးစေဖို့ 
မြန်မာပြည်လွတ်လပ်ရေးကိုလ
အထွဋ်အမြတ်ပေးမယ်လို့  ကြံစည်ကာရွယ်
စံမဟီထယ်ဝါတဲ့ အာဇာနည်တပါး
သြော်... မြန်မာပြည်အလယ်မှာဖြင့်
ဥာဏ်ရယ်ကြွယ်ပါတဲ့ အမေ့သား။

သွားပြီလား... သားရဲ့... )
သွားရှာပေါ့ကို
အားလျှော့ကာ အမေငိုရပါပေါ့
ပြေလိုအောင် ဖြေဆိုလို့ တားလှည့်ပါဦး
နေမညိုခင်မှာကွယ် ရွှေဗဟိုရ်ကလဲ, ကြားရတော့မှာမို့ 
ထားကြတန်းပဆိုရင်ကွယ်...
သမ္မတဘုရင် ထိုက်တန်လှသူရဲ့
ကနက ပလ္လင်ပျံမှာ ပထမအရင် , အကြိုက်မခံစားချင်လို့ ထင့်
စရိုက်ဥာဏ်များကာ...
မင်းနောင်တော်တွေကိုပါ ပင့်ဆောင်ခေါ်လို့ သွားတာက,
အမေ့မှာဖြင့် အစားမရနိုင်ပါဘူး အမယ်မင်း...
မင်း တစ်ခြားဘ၀မှာ မနားတစ်ခဏရယ်နဲ့ 
မင်းနောင်တော်တွေနဲ့  အားပြဖို့ လား မောင်ရဲ့
(လူကလေးရယ်...) မင်း... အာပြဖို့ လား။ ။


No comments:

Post a Comment