Sunday 10 February 2013

ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုသဘောထားအမြင်


ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုသဘောထားအမြင်


ကျွန်တော်တို့ လူ့ဘောင်လောကမှာ မမေ့သင့်မမေ့အပ်တဲ့ အရာတွေ၊ အမြောက်အမြားရှိခဲ့တယ်။ လူတစ်ဦးတစ်ယောက်အတွက် တစ်တိုင်းတစ်ပြည်လုံးအတွက် ဘယ်လိုမှမေ့ဖျောက်လို့ မရတဲ့ အရာတွေလည်း ဒုနဲ့ဒေး ရှိခဲ့ပြန် တယ်။ အဲဒီအရာတွေထဲမှာ ပြည် ထောင်စုနေ့ဟာ ကျွန်တော်တို့ လုံးဝမမေ့သင့် မမေ့အပ်တဲ့ အရာတွေထဲကတစ်ခုပါ။ဆောင်းပါးဆက်မရေးခင် ကြားဖြတ်ပြောရရင် ကျွန်တော်တို့ နိုင်ငံရဲ့လက်ရှိ အခြေအနေမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အရေးကြီးနေတာမို့ ပြည်ထောင်စုနေ့ဆိုတာကို ကျွန်တော်တို့ ပိုလို့ တောင် အမှတ်ရနေသင့်တယ်။ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပြန်လည် ရရှိဖို့ နိုင်ငံသားတိုင်းက ပြည်ထောင်စုရဲ့ အနှစ်သာရကိုအလေးအနက်ထား ဖော်ဆောင် သင့်တယ်။

ဒီတော့ ကျွန်တော်တို့နိုင်ငံ တော်သစ်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ အရေးတကြီး လိုအပ်နေတဲ့အချိန်မှာ ပြည်ထောင် စုနေ့ကို ကျွန်တော်တို့ မမေ့သင့် မမေ့အပ်ဘူးဆိုတာ အထူးပြောနေ ဖို့ မလိုပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ အဓိက ပြဿနာ (ဝါ) လက်ရှိဖြစ် နေတဲ့ ပဋိပက္ခတွေဟာ တိုင်းရင်း သား စည်းလုံးညီညွတ်မှု ပြိုကွဲရာ ကနေ စတင် မြစ်ဖျားခံလာတာမို့ ”ပြည်ထောင်စု” အခြေခံ၊ တိုင်း ရင်းသား စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့ နိုင်ငံ သား အားလုံးမှာ တာဝန်ကိုယ်စီ ရှိနေတယ်လို့ ကျွန်တော် ခံယူမိ တယ်။ဒါကြောင့် လွန်ခဲ့တဲ့ ၆၆ နှစ်က ရှမ်းပြည်တောင်ပိုင်း၊ လဲချား နယ်ရှိ တောင်ပေါ်မြို့လေးတစ်မြို့ ဖြစ်တဲ့ ”ပင်လုံ” မြို့ကနေ စတင် ပေါက်ဖွားလာခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေပြု ပြည် ထောင်စုနေ့ကို ယနေ့ကာလမှာ ကျွန်တော်တို့ ပိုပြောရမယ်၊ ပို အရေးထား ဖော်ဆောင်ရမယ်။ တစ်စည်းတစ်လုံး တစ်စိတ်တစ်ဝမ်း တည်းရှိရမယ့် ပြည်ထောင်စုစိတ် ဓာတ်အကျင့်တွေ ပြန်လည် သက် ဝင်လာအောင် လုပ်ဆောင်ကြရ မယ်။

ပြည်ထောင်စုနေ့ အကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့ အကျင့် တွေအကြောင်း ပြောရင်၊ ကျွန် တော်တို့ နိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းအကြောင်းကို မပြော မဖြစ် ပြောကြရမှာပါ။ ဘယ်သူတွေ ကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ ဘယ်သူတွေ လက်ခံခံ၊ မခံခံ၊ လွတ်လပ်ရေးရရှိခဲ့ခြင်း၊ ပြည် ထောင်စု စိတ်ဓာတ်အမွေပေးခဲ့ခြင်း အကြောင်းပြောတဲ့အခါ ဗိုလ်ချုပ်ကို ကျွန်တော်တို့ ချန်လှပ်ထားခဲ့လို့ မရပါ။မြန်မာပြည် လွတ်လပ်ရေးနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ တိုင်းရင်း သား စည်းလုံးညီညွတ်ခြင်းရဲ့ ပြည် ထောင်စုနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ တသီးတခြား၊ ကန့်သတ်ခွဲခြားထား လို့ မရသလို ခုတ်ထစ်ပိုင်းဖြတ်ပြီး ကွဲပြားအောင်လည်း လုပ်ဆောင်လို့ မရနိုင်ပါ။ ဒီလို ဖြစ်နေအောင်လည်း ဗိုလ်ချုပ်အောင်ဆန်း အလကား ရခဲ့တာတော့ မဟုတ်ပါ။ ရင်းနှီးပေး ဆပ်မှုများစွာ မဆုတ်မနစ်၊ လုံ့လ ဝီရိယများစွာနဲ့ ကြိုးပမ်း ဆောင် ရွက်ခဲ့ရတာပါ။

ဗိုလ်ချုပ်ရဲ့ ဥာဏ်အမြော်အမြင် ကြီးမှု၊ ဗိုလ်ချုပ်ရဲ့ ရိုးသားဖြောင့် မတ်မှု၊ ဗိုလ်ချုပ်ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်မှု၊ ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင်ပီသမှု၊ အဲဒီ အရည် အချင်း၊ အစွမ်းအစတွေကြောင့် တိုင်းပြည် လွတ်လပ်ရေးအတွက် အာမခံချက်ပေးနိုင်တဲ့ ပြည်ထောင် စုပုံစံ တိုင်းရင်းသား စည်းလုံးညီ ညွတ်မှုကို တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို တည်ဆောက်နိုင်ခဲ့လို့ လည်း ကိုလိုနီ နယ်ချဲ့စနစ်နဲ့ ဖက် ဆစ် စစ်အာဏာရှင်ဝါဒ ကြီးစိုးမှု အောက်ကနေ ရုန်းထွက် လွတ် မြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်ခေတ် ဘယ်အခါကမှ မရဖူး ခဲ့တဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမချင်း ချစ်ကြည်ရင်းနှီးမှု တွေ ရရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပိုင်း ကွဲကြ၊ ပြဲကြ၊ လွဲကြ၊ ဆဲကြ၊ ဆူကြ၊ ပူကြတာ ဗိုလ်ချုပ်နဲ့ လုံးဝ မပတ်သက်ပါ။ ဗိုလ်ချုပ်ရဲ့ လုပ်ဆောင်ချက် သေးနုပ်ညံ့ဖျင်းမှု ကြောင့်လည်း မဟုတ်ပါ။ထားတော့။ ဗိုလ်ချုပ်ရဲ့အ ကြောင်းပြောရမယ်ဆိုရင် ကုန်နိုင် ဖွယ်ရှိမှာ မဟုတ်ဘူး။ ကျွန်တော် အဓိက ပြောချင်တာ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိအောင်၊ ဗိုလ် ချုပ်လုပ်ဆောင်ခဲ့တာတွေကို နိုင်ငံ တော်သစ်ကို သွားနေပါတယ်ဆို တဲ့ ပုဂ္ဂိုလ်တွေ၊ ခေတ်သစ် စနစ် သစ်၊ မူဝါဒသစ်နဲ့ သွားချင်ပါတယ် ဆိုတဲ့ နိုင်ငံသားများ အမှတ်ရနေဖို့ ဗိုလ်ချုပ်တည်ဆောက် ခဲ့တဲ့အတိုင်း ပြန်လည် တည်ဆောက်နိုင်ဖို့ ကျွန် တော်တို့ အားထုတ် ကြိုးပမ်းကြရ မယ်။တကယ်တော့ ဗိုလ်ချုပ် စည်း ရုံးလုပ်ဆောင်ခဲ့ရတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုဟာ သက်သက် သာသာ၊ အေးအေးဆေးဆေးရခဲ့ တာတော့ မဟုတ်ဘူး။ အခန့် မသင့်ရင် အသက်အန္တရာယ်တောင် စိုးရိမ်ရတဲ့ အနေအထားကနေ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ ရတာပါ။ တစ်ဖက်က တိုင်းရင်းသား လူမျိုးစုတွေ ယုံကြည်မှုမရှိရင် အသက်နဲ့ခန္ဓာ အိုးစားကွဲရမယ့် အခြေအနေပါ။

ဒီလိုအနေအထားကနေ တိုင်း ရင်းသားထုတစ်ရပ်လုံး၊ သွေးစည်း ညီညွတ်လာကြတာ ဗိုလ်ချုပ်ရဲ့ နည်းတဲ့ အရည်အချင်းတော့ မဟုတ်ပေဘူး။ တခြားပုဂ္ဂိုလ်တွေ ဗိုလ်ချုပ်လိုတောင် စွမ်းဆောင် နိုင်လိမ့်မယ် မထင်ဘူး။ ဗိုလ်ချုပ်မို့ လို့သာ အပင်ပန်းခံ၊ အဆင်းရဲခံပြီး လုပ်နိုင်ကိုင်နိုင်ခဲ့တာ။ ဒါကို ကျွန် တော်တို့ အောက်မေ့သတိရသင့် တယ်။ ဗိုလ်ချုပ်ရဲ့ ကျေးဇူးတရား များကို ကျွန်တော်တို့ အမြဲတမ်း ဦးညွှတ် လေးစားနေသင့်တယ်။

ဗိုလ်ချုပ်ရဲ့ တိုင်းရင်းသား ညီ ညွတ်မှုရအောင် ကြိုးပမ်းဆောင် ရွက်ခဲ့တာကို ကျွန်တော်တို့ နိုင်ငံ သား အများစု သိထားကြတာက ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ ပင်လုံစာချုပ်ချုပ်ဆိုပြီး တိုင်း ရင်းသားစည်းလုံးညီညွတ်မှု ရခဲ့ တာကိုပဲ သိကြတာ။ ၁၉၄၇ ခုနှစ် မတိုင်မီ လွန်ခဲ့တဲ့ ၅ နှစ် လောက် ကတည်းက ဗိုလ်ချုပ်ဘယ်လို လုပ်ကိုင် ဆောင်ရွက်ခဲ့တယ်ဆို တာ သိတဲ့သူ အင်မတန် နည်းပါ လိမ့်မယ်။

၁၉၄၂ ခုနှစ်တစ်ဝိုက်လောက် က ဗြိတိသျှ နယ်ချဲ့ စစ်တပ်များ ဆုတ်ခွာပြေးနေရချိန် ဧရာဝတီတိုင်း ဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသ တွေမှာ ကရင်၊ ဗမာ ပဋိပက္ခ အရေးအLink to open the restခင်းတွေ ပေါ်ပေါက်ခဲ့ တယ်။ မီးရှို့၊ လူသတ်၊ လုယက် တိုက်ခိုက်မှုတွေ၊ သူတစ်ပြန် ကိုယ် တစ်လှည့် ထင်သလို ပြုချင်တိုင်း ပြုနေတဲ့အချိန် ဗိုလ်ချုပ်ဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ ကာလမှာ ခုလို အချင်းချင်းစိတ် ဝမ်းကွဲနေရင် ညီ ညွတ်မှု ပြိုကွဲနေရင် မိမိတို့ လိုချင် နေတဲ့ လွတ်လပ်ရေး နှောင့်နှေး နေမှာကိုသိလို့ နှစ်ဖက် ပဋိပက္ခဖြစ် နေတဲ့ကြားမှာ သက်စွန့်ဆံဖျား စည်းရုံးစေ့စပ် ညှိနှိုင်းအဖြေရှာခဲ့ တယ်။

ဗိုလ်ချုပ်ရဲ့ စည်းရုံးလုပ်ဆောင် မှု၊ ဗိုလ်ချုပ်ရဲ့ ရိုးသားဖြောင့်မတ် မှု၊ ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင် ပီသ မှုကြောင့် ဖြစ်ပေါ်နေတဲ့ ကရင်၊ ဗမာ ပဋိပက္ခ ပြဿနာတွေ ပြေ ငြိမ်းသွားခဲ့တယ်။ ကရင် ခေါင်း ဆောင်တချို့လည်း ဗိုလ်ချုပ်အောင် ဆန်း ဦးဆောင် လှုပ်ရှားနေတဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အင် တိုက်အားတိုက် ပါဝင်လုပ်ဆောင် လာခဲ့ကြတယ်။ ဗိုလ်ချုပ်နဲ့ ပူးပေါင်း ပြီး လွတ်လပ်ရေး ရရှိအောင် ကြိုး ပမ်း ဆောင်ရွက်ခဲ့တဲ့ ကရင် ခေါင်း ဆောင်တွေထဲမှာ ”စောစံဘိုးသင်နဲ့ ဗိုလ်မှူးကြီး စောကြာဒိုး”တို့ ထင် ရှား ကျော်ကြားတယ်။အဲဒီ ၁၉၄၂ ခုနှစ် တစ်ဝိုက် ကနေ တိုင်းရင်းသား စည်းလုံးညီ ညွတ်မှု၊ ပြည်ထောင်စုမျိုးစေ့ချပေး ခဲ့တာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မှာ ပင်လုံစာချုပ်ချုပ်ဆိုပြီး ခိုင်မာတည်တံ့စေမယ့် ပြည်ထောင် စုကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ တယ်။ ဒီလို ပြည်ထောင်စု စိတ်ဓာတ်၊ ပြည်ထောင်စုအကျင့်၊ ပြည်ထောင်စုစွမ်းရည် သတ္တိတွေ ကြောင့်လည်း ဗြိတိသျှနယ်ချဲ့တွေ လက်မလွှတ်ချင်သေးတဲ့ အမိ မြန်မာပြည်ကို မပေးချင်ပေးချင်နဲ့ လွတ်လပ်ရေး ပေးခဲ့ရတာ ဖြစ်ပါ တယ်။ ဒါဟာဘယ်သူမှ ဆန့်ကျင် ငြင်း ပယ်လို့မရတဲ့ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ စစ်မှန်တဲ့ သမိုင်းဖြစ်ပါ တယ်။ ဒီလို စုစည်းညီညွတ်မှု၊ ပြည်ထောင်စုတိုင်းရင်းသား ညီ အစ်ကို မောင်နှမများရဲ့ ချစ်ကြည် ရင်းနှီးမှုကသာလျှင် တိုင်းပြည် အတွက် လွတ်လပ်ရေးသာမက ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီ ရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ် ရေးကို တည်ဆောက်နိုင်မှာ ဖြစ် ပါတယ်။

အဲဒီကနေမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းပြည် စည်ပင် ဝပြောရေး၊ တိုင်းပြည်တောင့်တင်း ခိုင်မာ သာယာရေး အကျိုးကျေး ဇူးများ၊ ခံစား စံစားလာရမှာ ဖြစ် ပါတယ်။ ခုလို အခက်အခဲပေါင်းစုံ နဲ့ ရင်ဆိုင် တိုက်ခိုက်နေရတဲ့ အချိန်မှာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြည်ထောင်စုပုံစံ ပြန် လည် တည်ဆောက်ရမှာ ဖြစ်ပါ တယ်။

ဒီတော့ ဆောင်းပါး နိဂုံးချုပ် အနေနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုနဲ့ ပတ်သက်ပြီး ၁၉၄၅ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း သူ့ရဲ ဘော်များကို ပြောကြားခဲ့တဲ့စကား ကို ဂုဏ်ပြု ရေးသားလိုက်ပါတယ်။ ဒီအကြောင်းအရာများ ရေးသားပြီး ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ ပြည် ထောင်စုကို ဦးညွှတ်ဂုဏ်ပြုလိုက်ပါ တယ်။ ဗိုလ်ချုပ်ပြောကြားခဲ့တာက ”ဗြိတိသျှနယ်ချဲ့လက်အောက်က လွတ်မြောက်ပြီး လုံးဝလွတ်လပ်ရေး ရဖို့က ငါတို့ဟာ စစ်ရေးအရ ဗြိတိ သျှအင်ပါယာကြီးကို နိုင်အောင် မတိုက်နိုင်ဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အင်အားနဲ့မှ တိုက်လို့ရမယ်။ မင်းတို့ မြဲမြဲမှတ် ထားဖို့က ငါတို့ရဲ့ အဓိက လက် နက်၊ အထိရောက်ဆုံး လက်နက် ဟာ စက်သေနတ်တွေ၊ အမြောက် တွေ မဟုတ်ဘူး။့ ညငအပ ဆိုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု သာ ဖြစ်တယ်”တိုင်းပြည်နဲ့အဝှမ်း၊ ငြိမ်းချမ်း ညီညွတ်မှု ပြည်ထောင်စုပုံသဏ္ဌာန် ပြန်လည်တည်ဆောက်နိုင်ပါစေ။



No comments:

Post a Comment