Monday 11 February 2013

ဖေဖေါ်ဝါရီ (၁၃) ရက်နေ့ သည်အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင် ဆန်း၏ (၉၈) နှစ်မြောက်မွေးနေ့ ဖြစ်သည်.ကွယ်လွန်ချိန်တွင်အသက် (၃၃) နှစ်ပဲရှိသေးသည်

ဖေဖေါ်ဝါရီ (၁၃) ရက်နေ့ သည်အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်
ဆန်း၏ (၉၈) နှစ်မြောက်မွေးနေ့ ဖြစ်သည်.ကွယ်လွန်ချိန်တွင်အသက် (၃၃)
နှစ်ပဲရှိသေးသည်
ပထမဆုံးတိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ယူစဉ်ကအသက်(၃၂)နှစ်သာရှိသေးသည်.ထိုလွှတ်တော်သည်ပင်လွတ်လပ်သည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
တော်ပေါ်ပေါက်ရေးပထမဆုံးခြေလှမ်းပင်ဖြစ်သည်၊
ကျွန်တော်စဉ်းစားမိသည်၊။။။။။ကျွန်တော်(၃၂)နှစ်သားမှာဘာတွေလုပ်ခဲ့ပြီးပြီ
လဲ၊ မိမိအတွက်၊ မိမိပတ်ဝန်းကျင်အတွက်၊မိမိတိုင်းပြည်အတွက်ဘာမှမယ်မယ်ရရလက်ဆုပ်
လက်ကိုင်မပြနိုင်ခဲ့ပါ.ဗိုလ်ချုပ်အောင်ဆန်း၏ခြေဖျားမပြောနဲ့ ၊ခြေမှာကပ်နေတဲ့မြေမူံလေးအဆင့်တောင်မရှိ၊ဘယ်လိုစိတ်ဓါတ်တွေ၊ဘယ်လိုသတ္တိတွေ၊
ဘယ်လိုအားထုတ်မူတွေနဲ့ များခေါင်းဆောင်နိုင်ခဲ့ပါသနည်း။
ထိုကြောင့်ပင် အာဇာနည်မျိုးသေရိုးမရှိ ဆိုသလိုယနေ့ ခေတ်အထိသူ့ စိတ်
ဓာတ်၊သူ့ သတ္တိ နဲ့ သူ့ အားထုတ်မူတွေကရှင်သန်နေသည်ကိုမြင်ရခြင်းဖြစ်
သည်။ကျွန်တော်တို့ အသက်တွေကိုပြန်ကြည့်လျှင်ရှက်စရာပါ။
မျိုးဆက်တွေပြတ်ခဲ့သည်၊အမှောင်ခေတ်ကြီးတစ်ခေတ်လုံးကိုဖြတ်ခဲ့ရသည်၊
တိုင်းပြည်ကံကြမ္မာက ဗိုလ်ချုပ်ဖြစ်စေချင်သလ်ု မဖြစ်ခဲ့ရသေး၊လူထုကောင်း
စားရေးနဲ့ တိုင်းပြည်တိုးတက်ရေးမှာဗိုလ်ချုပ်ဖြစ်ချင်သလိုမဖြစ်သေးပါ၊
လမ်းပေါ်မှာဆေးရိုးလှမ်းနေတုန်းပဲ၊ ပန်းမ၀င်ခင်ကတက်ထောင်နေတုန်းပဲ၊
အပြဲပြဲ အကွဲကွဲ လုပ်စားနေတောင်မှလူမွေးသူမွေးမပြောင်နိုင်သေး၊ဒီလိုပုံစံ
မျိုးနှင့် ဆက်သာသွားကြမယ်ဆိုလျှင် ဗိုလ်ချုပ်ပြောခဲ့ သည့်နိုင်ငံတောင်..
မဟုတ်ဘူး သူ့ ထက်တောင် ကဲ သွားမည်ဖြစ်သည်၊
ဗိုလ်ချုပ်မွေးနေ့ နီးလာတော့မြန်မာပြည် မှာတော့ဘယ်လိုမသိ၊ ထိုင်းမှာရှိတဲ့
မြန်မာတွေ ဖွင့်နေတဲ့သီချင်း တစ်ပုဒ် နားထဲဝင်လာခဲ့သည်။

" ငါတို့ ဗမာပြည်ဝယ် ×××မိဘတိုင်းကရယ်×××ဗိုလ်အောင်ဆန်းလို××
သူရဲကောင်းတွေ ×××မွေးရမယ်"


No comments:

Post a Comment