Saturday 16 February 2013

ကျောက်ကပ်ပြဿနာအတွက် အိမ်တွင်းကုထုံးများ



၁) ကျောက်ကပ်ရောဂါဖြစ်တယ်ဆိုတာ ရောဂါပိုးနဲ့ ဘက်တီးရီးယားတွေက သင့် ကျောက်ကပ်ထဲမှာနေထိုင်ပြီး ပွားများနေတာပါပဲ...
၂) ရေများများသောက်ခြင်းဖြင့် ဒီရောဂါပိုးနဲ့ ဘက်တီးရီးယားတွေကို ဆေးကြောဖယ်ရှားပေးဖို့ ကူညီနိုင်ပါလိမ့်မယ်...
၃) ဆီးအောင့်တဲ့အခါမှာ ရှောက်ဖျော်ရည်ကိုရေနဲ့ သကြားနဲ့ ရောဖျော်ပြီး တစ်နေ့ ၂ ကြိမ်ကနေ ၃ ကြိမ်သောက်ပေးပါ...
၎) ကညွတ်၊ သခွား၊ တရုတ်နံနံ၊ တရုတ်နံနံကြီးနဲ့ ကြက်သွန်ဖြူတို့ဟာ ကျောက်ကပ်ရောဂါကုသရာမှာ သင့်တော်တဲ့ အသီးအရွက်တွေဖြစ်ပါတယ်... သင်္ဘောသီးဟာလည်း ကျောက်ကပ်ကိုကုသနိုင်စွမ်းရှိပါတယ်...
၅) ကျောက်ကပ်ရောဂါကြောင့် ဝေဒနာခံစားနေရတဲ့သူတွေဟာ အာလူးကိုစားသင့်ပါတယ်... အာလူးမှာ ဆိုဒီယမ်အများအပြားပါဝင်ပြီး ပိုတက်စီယမ် အနည်းငယ်လေးသာပါဝင်ပါတယ်...
၆) ပိုတက်စီယမ်များနေရင် ကျောက်ကပ်ကနေပြီး ဆားဓာတ်အများအပြားထွက်စေပါတယ်...
၇) အသားစားနှုန်းကိုလည်း တစ်နေ့ကို လေးဆယ်ဂရမ်အောက်သာရှိသင့်ပါတယ်... အစားအစာမှာ အသားဓာတ်ပါဝင်နှုန်းများရင် ကျောက်ကပ်ကဖယ်ရှားရမယ့် စွန့်ပစ်ပစ္စည်းတွေပိုများလာပါတယ်...
၈) ဒီအချက်ဟာ နဂိုကတည်းက အားနည်းနေတဲ့ ကျောက်ကပ်ကို အလွန်အကျွံဒဏ်ဖြစ်စေနိုင်ပါတယ်... ဒါကြောင့် အသားဓာတ်အသင့်အတင့်စားသုံးခြင်းဟာ သင့်ကျောက်ကပ်ကိုကာကွယ်နိုင်ပါလိမ့်မယ်....။


No comments:

Post a Comment