Saturday 16 February 2013

"စိတ်ထားဖြူစင်မှ ကုသိုလ်အစစ်"

"စိတ်ထားဖြူစင်မှ ကုသိုလ်အစစ်"
~~~~~~~~~~~~~~~~~~~~~~
စိတ်ကို ဖြူစင်စေတတ်တဲ့သဘောကို ကုသိုလ်လို့ခေါ်ပါတယ်။

စိတ်ဓာတ်တစ်ခု လုပ်ရပ်တစ်ခုကြောင့် မိမိရဲ့စိတ်
ဖြူစင်သန့်ရှင်းသွားတယ်ဆိုရင် အဲဒီစိတ်ဓာတ်၊
အဲဒီလုပ်ရပ်ဟာကုသိုလ်ပါပဲ။

ကုသိုလ်အလုပ် လုပ်နေပေမယ့် အတွင်းစိတ်ထဲမှာ
ဖြူစင်သန့်ရှင်းမှု ဖြစ်ပေါ်မနေရင် အဲဒီအလုပ် လုပ်နေစဉ်မှာ
ဘာကုသိုလ်မှ မရပါဘူး။

မျက်မြင်အရ စီးပွားရေး အလုပ်..လုပ်နေပေမယ့် ဖြူစင်သန့်ရှင်းတဲ့
အတွင်းစိတ်နဲ့ လုပ်နေရင် အဲဒီအလုပ် လုပ်နေစဉ်မှာ
ကုသိုလ်ရနေပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိက



No comments:

Post a Comment