Saturday 16 February 2013

အငန်များသည့် အစာစားသူများ ကျောက်ကပ်ကျောက်တည်ခြင်းနှင့် အရိုးပါးရောဂါဖြစ်နိုင် ........


အငန်လွန်ကဲတဲ့အစားအစာ စားတာကြောင့် ကျောက်ကပ်မှာ ကျောက်တည်တာနဲ့ အရိုးပါးရောဂါ ဖြစ်နိုင်တယ်လို့ လေ့လာမှုအရ သိရှိရပါတယ်။ အယ်ဘားဒါးတက္ကသိုလ်မှ လေ့လာသူတွေက ဆိုဒီယမ်နဲ့ ကယ်လ်စီယမ်ကြားက ဆက်စပ်မှုကို တွေ့ရှိခဲ့ပါတယ်။

အဲဒီသတ္ထုဓာတ်နှစ်မျိုးစလုံးဟာ ခန္ဓာကိုယ်ရဲ့ မော်လီကျူးတစ်မျိုးထဲမှ ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ ဆိုဒီယမ်စားသုံးမှု မြင့်မားလွန်းတဲ့အခါ ခန္ဓာကိုယ်မှ ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဆီးမှတစ်ဆင့် စွန့်ထုတ်လိုက်ပြီး အဲဒီသတ္တုဓာတ်နဲ့ အတူ ကယ်လ်စီယမ်ပါ ပါဝင်သွားတာကြောင့် ခန္ဓာကိုယ်တွင်း ကယ်လ်စီယမ်ဓာတ်တွေ လျော့နည်းသွားပါတယ်။

ဆီးထဲမှာ ကယ်လ်စီယမ်တွေ မြင့်မားစွာ ပါဝင်သွားတာကြောင့် ကျောက်ကပ် ကျောက်တည်တာတွေဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ကယ်လ်စီယမ်ဓာတ်တွေ လျော့ကျသွားတာကြောင့် အရိုးပါးရောဂါဖြစ်လာတယ်လို့ အမေရိကန်နိုင်ငံ ကျောက်ကပ်ဌာနမှ ထုတ်လုပ်တဲ့ဂျာနယ်မှာ ဖော်ပြထားခဲပြီးဖြစ်ပါတယ်။Health

No comments:

Post a Comment