Sunday 10 February 2013

၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ (၁၃) ရက်နေ့ (ဗိုလ်ချုပ် လုပ်ကြံမှုမခံရမီ ၆ ရက်အလို)

၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ (၁၃) ရက်နေ့ (ဗိုလ်ချုပ် လုပ်ကြံမှုမခံရမီ ၆ ရက်အလို) ရန်ကုန်မြို့ မြို့တော်ခန်းမ၌ မြွတ်ကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ၏ နောက်ဆုံးမိန့်ခွန်း
မှ ထုတ်နှုတ်ထားပါသည်..။

"ကျွန်တော်တို့အစိုးရဟာ တိုင်းပြည်လူထုကထောက်ခံလို့ ဖြစ်လာတဲ့ အစိုးရဖြစ်တယ်..။ တိုင်းပြည်လူထုက မကြည်ညိုဘူးလို့ သိလာတဲ့တစ်နေ့မှာ တွယ်ကပ်မနေဘူး..။ ထွက်ပေးမယ်..။ သို့သော် တစ်နှစ်လောက်စောင့်ကြည့်တဲ့အခါမှာ ကျွန်တော်တို့ ဘယ်လိုလူးစားလဲ ဆိုတာ သိလိမ့်မယ်..။ ရာဇ၀င်မှာ အဆဲခံရမယ့် လူစားမဟုတ်ဘူးဆိုတာ ခဗျာင်္းတို့ကိုယ်တိုင်သိမယ်..။

လွတ်လပ်ရေးရတဲ့အခါ ယိုးဒယားလို ဖြစ်ချင်သလား..။ တူရကီလိုဖြစ်ချင်သလား..။ အိုင်ယာလန်လိုဖြစ်ချင်သလား..။ ဆိုဗီယက်ရုရှားလို ဖြစ်ချင်သလား..။ ဗမာပြည်လွတ်လပ်ရေးရတဲ့ အခါမှာ ပြန်လည်ထူထောင်ရေး စီမံကိန်းများကို အမျိုးမျိုးသော နည်းများနဲ့လုပ်မှ၊ ခပ်ရိုင်းရိုင်း ဗမာလိုပြောရရင် အတော့်ကို ပြဲအောင်ကြိုးစားလုပ်ကိုင်မှ အနှစ် ၂၀ ကျော်လောက်ကြာမှ ဗမာပြည်တော်ရုံရောက်မယ်..။ မလုပ်လို့ရှိရင် ယိုးဒယားတောင် မှီမှာမဟုတ်ဘူး..။ အခြားလွတ်လပ်သောတိုင်းပြည် ခြေတစ်လှမ်း လှမ်းရင် ကိုယ် ခြေ ၄-၅ လှမ်း လှမ်းနိုင်မှ တော်ရုံကျမယ်..။ အဲ့ဒီလို မလုပ်ရင် ဟိုလူလာလဲ မျက်နှာချိုသွေးရ..၊ ဒီလူလာလဲ မျက်နှာချိုသွေးရနဲ့ 'ဖာသယ်' နိုင်ငံဖြစ်မှာဘဲ...။

(ဤသည်ကိုကြည့်လျှင် ဗိုလ်ချုပ်သည် ပြည်သူအပေါ် အဘယ်မျှယုံကြည်သည်ကို သိနိုင်၏..။ ကွက်ကွက်ကွင်းကွင်း မြင်နိုင်၏..။ ဗိုလ်ချုပ်စကားသည် ကြမ်းသော်လည်း စေတနာပါသည်..။ သူ့စကားတွေအားလုံးက လုံးဝဥသုံ ပုံကျစေတဲ့စကားတွေပင်..။ ဗိုလ်ချုပ်စကား.. ဗိုလ်ချုပ်မှာတမ်းတွေက ကျနော်တို့တွေအတွက် ယနေ့ချိန်ထိ.. မှန်ကန်နေဆဲ.. သတိပေးနေဆဲ မဟုတ်ပါလော...)


No comments:

Post a Comment