Saturday 16 February 2013

ရေလယ်ခေါင်မှ အီတလီရဲတိုက်



အီတလီနိုင်င်ငံ Lambordy ပြည်နယ်က Lake Iseo လို့အမည်ရတဲ့ ရေကန် အလယ်မှာ ဖြစ်ပါတယ်။

ယင်းရေကန်အလယ်မှာ လူဦးရေ ထောင်ဂဏန်းသာ ရှိတဲ့ Monte Isola ကျွန်းမြို့  နဲ့အတူ သီးခြား တည်ရှိနေတဲ့ ရဲတိုက် တစ်ခုကိုလည်း ယခုလို မြင်တွေ့ ရပါတယ်။ Lake Iseo က အီတလီက စတုတ္ထအကြီးဆုံး ကုန်းတွင်းပိတ် ရေအိုင်ြ့ကီး တစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါက် မြောက်များစွာ ကတည်းက တည်ရှိနေတာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့ ရဲတိုက်ရဲ့  ကို ၁၅ ရာစုနောင်းပိုင်းကာလကတည်းက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ပြန်လည် ပြုပြင်မွမ်းမံမှု များကြောင့် အမွေအနှစ်အပြတ်စီးပဲ အရင်အတိုင်း တည်ရှိနေပါတယ်။ အီတလနိုင်ငံရဲ့  နေရာတော်တော်များများမှာ စက်မှုထွန်းကားပြီး လူဦးရေ သိပ်သည်းနေပြီ ဖြစ်ပေမယ့် Lake Iseo ပတ်ဝန်းကျင်ကတော့ သဘာဝ ပတ်ဝန်းကျင် တစ်ခုအတိုင်း စိမ်းစိမ်းလန်းလန်း ကျန်ရှိနေပါတယ်။

ဒါကြောင့်ပဲ Lake Iseo နဲ့ ကျွန်းလယ်ခေါင်က ရဲတိုက်ဟာ ကမ္ဘာလှည့်ခရီးသည် များအတွက် လည်ပတ်ချင်စရာ နေရာကောင်း တစ်ခုအဖြစ် တည်ရှိနေကြောင်း သိရပါတယ်။ 


No comments:

Post a Comment