Sunday 10 February 2013

အရုဏ်ဦးကကြယ်နီ

အရုဏ်ဦးကကြယ်နီ..... ကဗျာ = တင်မိုး
*************************

အရုဏ်ဦးက ကြယ်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ၊
တို့ဗမာပြည် အမှောင်တွင်း
သူခေါင်းဆောင်လို့လင်း...။

စိတ်ရင်းမှန်လို့ သစ္စာတည်
ဗိုလ်ချုပ်အာဇာနည်၊
တို့ပြည်ကောင်းအောင် သူသယ်ပိုး
သူ့ဂုဏ်ဘယ်မညှိုး...။

ရိုးသားဖြောင့်မတ် သူ့မူရာ
ငယ်ငယ်တည်းကပါ၊
ဗမာပြည်သူ့အချစ်ပန်း
ဗိုလ်ချုပ်ဦးအောင်ဆန်း...။


No comments:

Post a Comment