Saturday 6 April 2013

လုံမလေးရေ.....

လုံမလေးရေ.....
အရှက်အကြောက်သည် အမျိုးသမိးတို့ ၏ တန်ဖိုး
ဘုရားရှင်လက်ထက်အခါတုန်းက တောသူ အမျိုးသမီးတစ်ဦးသည် ခန္ဓာကိုယ့်အရေးကိစ္စကြောင့် မထိန်းနိုင်ဘဲ မင်းနန်းတော်အတွင်း ဖြတ်သန်းသွားစဉ် လူမြင်ကွင်းတွင် ကိုယ့်ကို အ၀တ်ဖြင့်ခြုံပြီး ကိုယ်လက်သန့် စင်လိုက်သည်။ ထိုအခြင်းအရာကို လေသာပြတင်းပေါက်တွင်ရှိနေသော မင်းကြီးမြင်သောကြောင့် အရှက်အကြောက်ရှိသော အမျိုးသမီးဟုသတ်မှတ်ပြီး မိဖုရားအရာ ထားသည်။ မကြာမီ ထိုမိန်းမမှ သားတစ်ယောက်မွေးရာ ထိုသားသည် မင်းဖြစ်လာသည်။ ကျေးလက်သူပင်ဖြစ်သော်လည်း အရှက်အကြောက်ကြီးသောကြောင့် မင်းကြီးမြတ်နိုးတော်မူကာ မိဖုရားမြှောက်ခြင်းကိုခံရပြီး ကြီးကျယ်မြင့်မြတ်သူဘ၀သို့ ရောက်ခဲ့ရသည်။ (ဗာဟိရဇာတ်)
သင်္ကြန်တွင်း မြန်မာ မိန်းကလေးများ အရက်သောက်စားခြင်းရှောင်ကြဉ်ရန်နှင့် အ၀တ်များကို လုံလုံခြုံခြုံဝတ်ဆင်ကြပါ။ မြန်မာယဉ်ကျေးမူတွင် ဘိုးဘွား ဘီဘင် အစဉ်အဆက် မိန်းကလေးငယ်များကို လုံမလေးဟုခေါ်ဆိုခဲ့ပါတယ်။ အဘယ်ကြောင့်ဆိုသော် မြန်မာမိန်ကလေးများ အ၀တ်များကို လုံလုံခြုံခြုံ ၀တ်ဆင်သောကြောင့် လုံမလေးဟု ခေါ်ပါသည်။ မြန်မာ ယဉ်ကျေးမူ များကို ထိန်းသိမ်းကြပါစေရန် နှင့် အရှက်အကြောက်သည် အမျိုးသမီးတို့ ၏ တန်ဖိုးဖြစ်ကြောင်းကို ညီမငယ်များအား မေတ္တာရပ်ခံအပ်ပါတယ်။ မေတ္တာတရားဖြင့် (julymoe

No comments:

Post a Comment