Sunday 27 January 2013

လူငယ်တိုင်း မဖြစ်မနေ အတုယူသင့်သူ


လူငယ်တိုင်း မဖြစ်မနေ အတုယူသင့်သူ

“သောမတ်အယ်ဒီဆင်” သည် ၁၈၄၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အသက် ၇ နှစ်တွင် ကျောင်းတက်ရာ အလွန်ထုံထိုင်းထိုင်းသော လူငယ်တစ်ဦးဖြစ်သည့်အတွက် မည်သည့်ကျောင်းမှပင် လက်မခံပဲ ဆရာ/ဆရာမ များပင် လက်လျှော့ခဲ့ရသည့် ကျောင်းသား တစ်ဦးဖြစ်ပါသည်။

ကျောင်းများမှ လက်မခံသည့်အတွက် မိခင်ဖြစ်သူက သေစာရှင်စာရေး တတ်အောင် သင်ကြားပေးပါသည်။ အသက် ၁၂ နှစ်အရွယ်တွင် ဒတ်ထရိုက်မြို့နှင့် ပို(တ်)ဟူရွန်အကြား ပြေးဆွဲသည့် မီးရထားပေါ်တွင် သတင်းစာ၊ ချိုချဉ်၊ သရေစာ ရောင်းခဲ့ရပါသည်။

မီးရထား ၆ နာရီခွဲကြာ ဒတ်ထရိုက်မြို့တွင် ရပ်နားလေ့ရှိသဖြင့် ရပ်နားတိုင်း အယ်ဒီဆင်သည် စာကြည့်တိုက်သို့ပြေး၍ ရူပဗေဒ၊ ဓါတုဗေဒ စာအုပ်များကို လေ့လာဖတ်ရှုပါသည်။ တစ်နေ့ကုန်တွဲထဲတွင် မီးစုန်းများစမ်းသပ်မှုပြုရာ ပေါက်ကွဲမီးလောင်သည့်အတွက် မဟာသိပ္ပံပညာကျော်ဖြစ်လာမည့် အယ်ဒီဆင်အား မီးရထားပေါ်မှ မောင်းချခံခဲ့ရပါသည်။

အယ်ဒီဆင်သည် အခက်အခဲမျိုးစုံကြားမှ အသက် ၂၃ နှစ်တွင် ကြိုးပြားစပ်ကို တီထွင် ထုတ်လုပ်ရောင်းချခဲ့ပြီး လျှပ်စစ်မီး၊ နှိုးစက်နာရီ၊ မဲရေစက်၊ ကြိုးတစ်ချောင်းတည်းဖြင့် အသွားအပြန် ကြေးနန်းပို့စနစ် စသည်ဖြင့် တီထွင်မှုပေါင်း ၁၀၀၀ ခန့်တွင် ၁၂၂ ခုကိုမူပိုင်ပြုလုပ်နိုင်ခဲ့ပါသည်။အယ်ဒီဆင်သည် အလုပ်စွဲသူတစ်ဦးဖြစ်ပြီး အအိပ်အစား 
မစုံမက်ပဲတစ်နေ့၃နာရီခန့်သာအိပ်လေ့ရှိပါသည်။အက်ဒီဆင်သည် ကျောင်းစာမသင်ခဲ့ရသော်လည်း
 လေ့လာစူးစမ်းလိုစိတ် ကြီးမားမှုကြောင့် ကိုယ်တိုင်လေ့လာပြီး ကမ္ဘာ့သိပ္ပံပညာ ရှင်ဖြစ်အောင် ဆောင်ရွက်နိုင်မှုကို ယနေ့လူငယ်များ မဖြစ်မနေ အတုယူသင့်သည် ထင်ပါသည်။

“ဖရန်ကလင်”အား ၁၉၀၆ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး ကျောင်းတစ်နှစ်ခန့်သာ တက်ခဲ့ရပြီး ကိုယ်တိုင်လေ့လာ၍ သိပ္ပံ၊ ဘဏ္ဍာရေး၊ နိုင်ငံတကာဆက်ဆံရေး ပညာတို့ကို မိမိဘာသာ လေ့လာတတ်မြောက်ခဲ့ပါသည်။

၁၉၄၈ ခုနှစ်တွင် ကိုယ်ပိုင်ပုံနှိပ်ထုတ်ဝေသူဖြစ်အောင် ကြိုးစားနိုင်မှုကြောင့် လူချမ်းသာတစ်ဦးဖြစ်လာခဲ့ပါသည်။ သူသည် လူငယ်ဘ၀တွင် မိမိလိုချင်သော အရည်အချင်းကို မှတ်စုတစ်အုပ်တွင် ရေးထားပြီး ရင်းအရည်အချင်းတစ်ခုစီကို သီတင်းတစ်ပါတ် အာရုံစိုက်လေ့ကျင့်မှုကြောင့် ဘ၀အောင်မြင်ခဲ့သည်ဟု အခိုင်အမာယုံကြည်သူဖြစ်ပါသည်။
စာမတတ်ပဲ အသက် ၁၄ နှစ်အရွယ်တွင် စာရေးဆရာဖြစ်ချင်ခဲ့ပြီး ထင်ရှားသောစာရေးဆရာများ၏ စာပေများကို ကူးယူမှတ် မိအောင်လေ့ကျင့်သည်။

သူ၏ကိုယ်တိုင်ရေးအထ္ထုပ္ပတိသည် လူကြိုက်များသည့် စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါသည်။ 
အသက် ၇၈ နှစ်တွင် ၂ထပ် မျက်မှန်၊ ရေအားအရှိန်တိုင်းကိရိယာ၊ မုန်တိုင်းလည်ပတ် 
ရင်းရွှ့လျားမှုတို့ကို ပထမဆုံး တွေ့ရှိသူဖြစ်ပါသည်။စာမတတ်သူတောင် ဘ၀တိုးတက်အောင်၊ သိပ္ပံပညာတိုးတက်အောင် ဆောင်ရွက်နိုင်လျှင် စာအခြေခံတတ်သော လူလူငယ်များသည် ၄င်းတို့ထက် ပိုမိုဆောင်ရွက်နိုင်ရန်နှင့်မိမိတို့တွက်အားဆေးတစ်ခွက်အဖြစ်လေ့လာအတုယူလုပ်ကိုင်နိုင်စေရန်ရေးသား
လိုက်ရပါသည်။
 
 
Photo: လူငယ်တိုင်း မဖြစ်မနေ အတုယူသင့်သူ

“သောမတ်အယ်ဒီဆင်” သည် ၁၈၄၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အသက် ၇ နှစ်တွင် ကျောင်းတက်ရာ အလွန်ထုံထိုင်းထိုင်းသော လူငယ်တစ်ဦးဖြစ်သည့်အတွက် မည်သည့်ကျောင်းမှပင် လက်မခံပဲ ဆရာ/ဆရာမ များပင် လက်လျှော့ခဲ့ရသည့် ကျောင်းသား တစ်ဦးဖြစ်ပါသည်။

ကျောင်းများမှ လက်မခံသည့်အတွက် မိခင်ဖြစ်သူက သေစာရှင်စာရေး တတ်အောင် သင်ကြားပေးပါသည်။ အသက် ၁၂ နှစ်အရွယ်တွင် ဒတ်ထရိုက်မြို့နှင့် ပို(တ်)ဟူရွန်အကြား ပြေးဆွဲသည့် မီးရထားပေါ်တွင် သတင်းစာ၊ ချိုချဉ်၊ သရေစာ ရောင်းခဲ့ရပါသည်။

မီးရထား ၆ နာရီခွဲကြာ ဒတ်ထရိုက်မြို့တွင် ရပ်နားလေ့ရှိသဖြင့် ရပ်နားတိုင်း အယ်ဒီဆင်သည် စာကြည့်တိုက်သို့ပြေး၍ ရူပဗေဒ၊ ဓါတုဗေဒ စာအုပ်များကို လေ့လာဖတ်ရှုပါသည်။ တစ်နေ့ကုန်တွဲထဲတွင် မီးစုန်းများစမ်းသပ်မှုပြုရာ ပေါက်ကွဲမီးလောင်သည့်အတွက် မဟာသိပ္ပံပညာကျော်ဖြစ်လာမည့် အယ်ဒီဆင်အား မီးရထားပေါ်မှ မောင်းချခံခဲ့ရပါသည်။

အယ်ဒီဆင်သည် အခက်အခဲမျိုးစုံကြားမှ အသက် ၂၃ နှစ်တွင် ကြိုးပြားစပ်ကို တီထွင် ထုတ်လုပ်ရောင်းချခဲ့ပြီး လျှပ်စစ်မီး၊ နှိုးစက်နာရီ၊ မဲရေစက်၊ ကြိုးတစ်ချောင်းတည်းဖြင့် အသွားအပြန် ကြေးနန်းပို့စနစ် စသည်ဖြင့် တီထွင်မှုပေါင်း ၁၀၀၀ ခန့်တွင် ၁၂၂ ခုကိုမူပိုင်ပြုလုပ်နိုင်ခဲ့ပါသည်။

အယ်ဒီဆင်သည် အလုပ်စွဲသူတစ်ဦးဖြစ်ပြီး အအိပ်အစား မစုံမက်ပဲ တစ်နေ့ ၃ နာရီခန့်သာ အိပ်လေ့ရှိပါသည်။

အက်ဒီဆင်သည် ကျောင်းစာမသင်ခဲ့ရသော်လည်း လေ့လာစူးစမ်းလိုစိတ် ကြီးမားမှုကြောင့် ကိုယ်တိုင်လေ့လာပြီး ကမ္ဘာ့သိပ္ပံပညာ ရှင်ဖြစ်အောင် ဆောင်ရွက်နိုင်မှုကို ယနေ့လူငယ်များ မဖြစ်မနေ အတုယူသင့်သည် ထင်ပါသည်။

“ဖရန်ကလင်”အား ၁၉၀၆ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး ကျောင်းတစ်နှစ်ခန့်သာ တက်ခဲ့ရပြီး ကိုယ်တိုင်လေ့လာ၍ သိပ္ပံ၊ ဘဏ္ဍာရေး၊ နိုင်ငံတကာဆက်ဆံရေး ပညာတို့ကို မိမိဘာသာ လေ့လာတတ်မြောက်ခဲ့ပါသည်။

၁၉၄၈ ခုနှစ်တွင် ကိုယ်ပိုင်ပုံနှိပ်ထုတ်ဝေသူဖြစ်အောင် ကြိုးစားနိုင်မှုကြောင့် လူချမ်းသာတစ်ဦးဖြစ်လာခဲ့ပါသည်။ သူသည် လူငယ်ဘ၀တွင် မိမိလိုချင်သော အရည်အချင်းကို မှတ်စုတစ်အုပ်တွင် ရေးထားပြီး ရင်းအရည်အချင်းတစ်ခုစီကို သီတင်းတစ်ပါတ် အာရုံစိုက်လေ့ကျင့်မှုကြောင့် ဘ၀အောင်မြင်ခဲ့သည်ဟု အခိုင်အမာယုံကြည်သူဖြစ်ပါသည်။

စာမတတ်ပဲ အသက် ၁၄ နှစ်အရွယ်တွင် စာရေးဆရာဖြစ်ချင်ခဲ့ပြီး ထင်ရှားသောစာရေးဆရာများ၏ စာပေများကို ကူးယူမှတ် မိအောင်လေ့ကျင့်သည်။

သူ၏ကိုယ်တိုင်ရေးအထ္ထုပ္ပတိသည် လူကြိုက်များသည့် စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါသည်။ အသက် ၇၈ နှစ်တွင် ၂ထပ် မျက်မှန်၊ ရေအားအရှိန်တိုင်းကိရိယာ၊ မုန်တိုင်းလည်ပတ် ရင်း ရွှေ့လျားမှုတို့ကို ပထမဆုံး တွေ့ရှိသူဖြစ်ပါသည်။

စာမတတ်သူတောင် ဘ၀တိုးတက်အောင်၊ သိပ္ပံပညာတိုးတက်အောင် ဆောင်ရွက်နိုင်လျှင် စာအခြေခံတတ်သော လူလူငယ်များသည် ၄င်းတို့ထက် ပိုမိုဆောင်ရွက်နိုင်ရန်နှင့် မိမိတို့တွက်အားဆေးတစ်ခွက်အဖြစ်လေ့လာအတုယူလုပ်ကိုင်နိုင်စေရန်ရေးသားလိုက်ရပါသည်။

Posted From Worst PawOo

အေးချမ်းမွန်မှ  April Maung Maung တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

No comments:

Post a Comment