Wednesday 9 January 2013

ဒေါ်အောင်ဆန်းစုကြည်ဆုနှင့် ကိုမင်းကိုနိုင်ဆု ချီးမြှင့်မည်။



ဒေါ်အောင်ဆန်းစုကြည်ဆုနှင့် ကိုမင်းကိုနိုင်ဆု ချီးမြှင့်မည်။

ရန်ကုန်မြို့၊ ဇန်နဝါရီ (၈)ရက်နေ့

လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်ဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဟုရုပ်ရှင်ပွဲတော်စီစဉ်သူဒါရိုက်တာမင်းထင်ကိုကိုကြီးက

 ပြောသည်။“Documentary အကောင်းဆုံး ဖန်တီးမှုကို ဒေါ်အောင်ဆန်း စုကြည်ဆု၊ Short (ဇာတ်လမ်းတို) အကောင်းဆုံး ဖန်တီးမှုကို ကိုမင်းကိုနိုင်ဆုဟု အမည်ပေးထားပြီး Animation အကောင်းဆုံးဆုကိုမူ နာမည်မပေး ရသေးကြောင်း ၄င်းက ပြောသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်သို့ နိုင်ငံတကာနှင့် ပြည်တွင်းမှ အနုပညာရှင်များ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန် ဖိတ်ခေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ဇွန်လ ၁၉ ရက်တွင် အထက်ပါဆုများကို ရွေးချယ်ပေးအပ် သွားမည် ဟု ၄င်းက ပြောသည်။ကိုမင်းကိုနိုင်နဲ့ ဒေါ်အောင် ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ လူ့အခွင့်အရေး လှုပ် ရှားသူတွေ ဖြစ်လို့ ကျွန်တော်တို့ ရုပ်ရှင်ပွဲတော်မှာ ပေးအပ်မယ့် ဆု တွေကို ဒီလိုနာမည်တွေ ပေးခဲ့တာပါ'' ဟု ၄င်းက ဆက် ပြောသည်။

၎င်းရုပ်ရှင်ပွဲတော်တွင် နိုင်ငံတကာမှ ပါဝင်ယှဉ်ပြိုင်သူများနှင့် ပြည်တွင်း ယှဉ်ပြိုင်သူများဟူ၍ ကဏ္ဍနှစ်ရပ်ခွဲထားကာ သီးသန့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့် ကာလမှာ ဇွန်လ ၁၅ ရက် နေ့မှ ၁၉ ရက်နေ့အထိ ဖြစ် ကြောင်း သိရသည်။'နိုင်ငံတကာနဲ့ ပြည်တွင်း အတူရောပြီး ယှဉ်ပြိုင်လို့မရဘူး။ အရမ်းရောထွေး ပြီး ဆုရွေးချယ်မှုမှာ အခက်အခဲတွေ ဖြစ်သွားလိမ့်မယ်'' ဟု ၄င်းက ဆက် လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့ကိုလည်း ဆက်သွယ် အကြောင်း ကြားထားပြီး ဖြစ်ရာ ကိုမင်းကိုနိုင်ကိုယ်တိုင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မည် ဖြစ်သည်။ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ နှင့် ဆက်သွယ်ထားပြီး အကဲဖြတ်ဒိုင်အဖြစ် ပြုလုပ်မည့် ပညာရှင်များအား ထပ်မံကြေညာ သွားမည်ဟု ဆက်ပြောသည်။ပူးပေါင်းပါဝင်လိုတဲ့ Media များကို ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်ပွဲတော်မှာ ပြသမယ့် ဇာတ်လမ်းတွေကို ရုပ်သံ Channel တွေမှာ လွှင့်ခွင့်ရချင်ပါတယ်'' ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့၌ ရုပ်ရှင်ပွဲတော် ပြီးစီးသွားပါက ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး ရှိ မြို့ကြီးများတွင် Mobile အသွင်ဖြင့် ဆက်လက် ပြသသွားမည်ဟု သိရ သည်။ဝင်ရောက်ယှဉ်ပြိုင်လိုသော ပြည်တွင်းပြည်ပမှ အနုပညာရှင်များ အနေဖြင့် အခန်း-၃ဝ၂၊ တတိယထပ်၊ တာဝါ (B)၊ ၇ မိုင်ကွန်ဒို၊ ပါရမီလမ်း၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံသို့ ဆက်သွယ် နိုင်ပြီး ဖုန်း ဝ၁-၆၅၄ဝ၈၅ နှင့် Website လိပ်စာ www.hrhdiff.org တွင် ဆက်သွယ် ကြည့်ရှုစုံစမ်း နိုင် ကြောင်း သိရသည်။

No comments:

Post a Comment