အိမ်ထောင်သော့ခတ်ကြသူများ
ဒါကတော့ ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်က စိန်းမြစ်ကူး တံတားပေါ်က လူသွားလမ်းပါ။
ဘယ်သူက ဘယ်လိုစလိုက်မှန်းတော့ မသိပါဘူး။ လက်ထပ်ခါစ အတွဲတွေဟာ ဒီတံတားပေါ်က အကာအရံမှာ အခုလို သူတို့နာမယ်တွေ ထိုးထားတဲ့ သော့ခလောက်ကို ခတ်၊ ပြီးတော့ သော့ကို စိန်းမြစ်ထဲ ပစ်ချကြပါတယ်တဲ့။ ပြန်ဖွင့်လို့ မရတဲ့ သော့ခလောက်မို့ အိမ်ထောင်မြဲမယ်ဆိုတဲ့ ယူဆချက်တွေလို့ ဆိုပါတယ်။
နောက်တော့ နိုင်ငံတကာက လာရောက်ကြတဲ့ ဟန်းနီးမွန်း အတွဲတွေရော ပြင်သစ်က အတွဲတွေပါ လာပြီး သော့ခတ်ကြသူတွေ အတော့ကို များလာပါတယ်။အစပိုင်းမှာတော့

မြို့အာဏာပိုင်တွေက သော့တွေကို ဖြုတ်ပြီးရှင်းဖို့
ကြိုးစားခဲ့ကြပါသေးတယ်။ တချို့သော့တွေကိုလည်း ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့
သော့တွေက များသထက်များလာတဲ့အချိန်မှာတော့ ပဲရစ်မြို့ရဲ့ လူစိတ်ဝင်စားစရာ
မြင်ကွင်းတခု ဖြစ်လာပြီး ဒီသော့တွေကို မဖြုတ်တော့ဘဲ အနုပညာလက်ရာတခုအနေနဲ့
လက်ခံလာတယ်လို့ ဆိုပါတယ်။
No comments:
Post a Comment