Thursday 10 January 2013

နန်းခင်ဇေယျာနှင့်အတူ ကျော်သူ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာမည်








နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူသည် နုပညာလောကမွှက်ခွာခဲ့သည်မှာ
 () နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း လာမည့်အချိန် အနည်းငယ်အတွင်းတွင်
ါရိုက်တာကျော်သူအဖြစ် နုပညာလောကထဲသို့ ပြန်လည် ဝင်ရောက်လာတော့မည်
 ဖစ်ကြောင်း ဦးကျော်သူထံမှ သိရသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့်ရုပ်ရှင် ရိုက်ကူးပြီးရှိလာသော
အကျိုးအမြတ်ျားအားအများအကျိုးအတွက် အသုံးပြုရန်အတွက်
ဖြစ်ကြောင်းနှင့် ၎င်းတိုလုပ်ကိုင်နေသောပရဟိတလုပ်ငန်းအား ငွေကျပ်သိန်း(၁၅၀)
ှူဒါန်းခဲ့သော ရွှေစင်စင်္ကြာ မော်တော်ယာဉ်လိုင်း၏ဆန္ဒအားဖြည့်ဆည်းပေးရန်အတွက်
ရုပ်ရှင်ပြန်ရိုက်ရန် ဆုံးဖြတ်ချက်ချ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။စတင်ရိုက်ကူမည့်
ဇာတ်ကားသည် အတနုပညာအတွက် မဟုတ်ဘဲ၊ ပရဟိတအနုပညာလုပ်ငန်း
သက်သက်သာဖစ်စေမည်ဖြစ်ပြီး ပရဟိတ လုပ်ငန်းများအာါးသနာပါသော၊  
ွန်လွှတ်ပေးဆပ်နိုင်သော နုပညာ ရှင်များဖြင့်သာ လက်တွဲ၍ရိုက်ကူးသွားမည်ဟု
 ဦးကျော်သူထံမှသိရသည်။အဆိုပါရုပ်ရှင်ဇာတ်ကားအားနန်းခင်ဇေယျာဖြင့်
 စတင်ရိုက်ကူးမည်ဖြစ်ကြောင်းသိရပြီးဇာတ်ကားရိုက်ကူးမှုနှင့်ပတ်သက်၍
ဘယ်နေ့ရိုက်ဖြစ်မယ်ဆိုတာ အတိအကျမသိသေးဘူး။အခု ဦးကျော်သူက
ခရီးသွားနေတာဆိုတော့ ဘာမှမသိရသေးဘူး။ညီမရိုက်မယ်ပြောလိုက်တော့
 ဦးကျော်သူက ဇာတ်ညွန်းကိုအသစ်ပြန်ရေးနေတယ်။ဇာတ်ကားလေးက  
တကယ့်ဘဝမှာ တွေ့ကြုံရတဲ့အခက်ခဲမျိုးစုံကိုရိုက်မယ့်အတွက်ကြောင့်
အရမ်းပဲရင်ခုန်တယ်။ ဘယ်လိုဇာတ်ညွှန်းဖြစ်မလဲလို့ အရမ်းလည်းသိချင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ကိုယ်က ရုပ်ရှင်လောကက လာတာမဟုတ်တဲ့အတွက်
ကြိုတင်ပြင်ဆင်ထားချင်တာလည်းပါပါတယ်ဟုနန်းခင်ဇေယျာက ပာကြားသည်။
ဒါရိုက်တာဦးကျော်သူ ရိုက်ကူးမည့်ဇာတ်ကားတွင် လူမှုရေးစိတ်ဓါတ်ပြင်းထန်သော၊
စွန့်လွှတ်ပေးဆပ်ရဲသောရုပ်ဆောင်အနုပညာရှင်များ၊လူမှုရေးဂီတသူရဲကောင်းများ၏
သီချင်းသံစဉ်များ၊ပြည်သူ့အတွက်ရုပ်ရှင်စက်မှုလုပ်သားများ၊ နာရေးကူညီမှုအသင်း
(ရန်ကုန်)ရှိ လူမှုရေးသမားများ၊ဝန်ထမ်းများအပြင်အနယ်နယ်အရပ်ရပ်ရ 
လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် တစ်ကြိမ်တစ်ခါမျှ ရိုက်ကူးမတင်ပြဖူးသော 
 လူ့လောကအတွင်းရှိ ဖြစ်ရပ်မှန်များကိုရိုက်ကူးသွားမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment