Sunday 27 January 2013

ကမ္ဘာ့မိခင်များနေ့

 Photo: ကမ္ဘာ့မိခင်များနေ့

ကမ္ဘာပေါ်တွင်ရှိသော နိုင်ငံပေါင်း(၄၆) နိုင်ငံတို့သည် မိခင်များနေ့ကို နေ့ထူးနေ့မြတ်အနေနှင့်ကျင်း ပပြုလုပ်ကြပါသည်။သို့သော်လည်း တနိုင်ငံနှင့် တနိုင်ငံ၏ ကျင်းပသောနေ့ရက်မှာ မတူကြပါ။အမေ ရိကန်နိုင်ငံ၌ မေလဒုတိ ယပတ် တနင်္ဂနွေနေ့တွင် ကျင်းပပြီး ဖိလိပိုင်နိုင်၌လည်း ထိုနေ့ရက်တွင်ပင် ကျင်းပပြုလုပ်ကြသည်။

သို့ရာတွင် အင်္ဂလန်နိုင်ငံ၌မူ မေလစတုတ္တတနင်္ဂနွေတွင် ကျင်းပကြပါသည်။ နိုင်ငံတကာ မိခင်များ နေ့အဖြစ် သတ်မှတ်အတည်ပြုသည်မှာ မေလ(၁၁) ရက်နေ့ဖြစ်ပါသည်။တချို့သောသူများကဆိုခဲ့ သည်မှာ ကမ္ဘာပေါ်တွင် မိခင်များနေ့ စတင်လုပ်ဆောင်ခြင်းသည် အနှစ်(၁၈၀၀) ဝန်းကျင်လောက် ကတည်းက စတင်နေပြီဟူ၍ ဆိုကြပါသည်။သို့သော် ခိုင်လုံထင်ရှားသည့် အထောက်အထားမရှိခဲ့ ပေ။

မည်သို့ပင်ဆိုစေကာမူ အများစု၏ သဘောတူညီချက်အရ ပထမဦးဆုံး မိခင်များနေ့ စတင်ကျင်းပ သည့်နေရာသည်(၁၉၀၇)ခုနှစ်၌ အမေရိကန်ပြည် အနောက်ပိုင်း Virgi na မြို့ရှိ အသင်းတော်ငယ် တစ်ပါး၌ ဖြစ်ကြောင်းသိရှိရ သည်။ထို အထူးအစီအစဉ်ကို စတင်စီစဉ် ဦးဆောင်သူမှာ Anna M. Jarvis ဖြစ်ပြီး ပထမဦးဆုံး မိခင်များနေ့ ဝတ်ပြုအစီအစဉ်၌ သူငယ်ချင်းများတစ်ချို့နှင့် မိသားစုဝင် များသာ ပါဝင်ပြီး မေလ(၁၀) ရက်နေ့ ၁၉၀၇ ခုနှစ်ဖြစ်ပါတယ်။ Anna M. Jarvis ဆိုသူ၏(၁၉၀၄) ခုနှစ်၌ ကွယ်လွန်သွားပြီး ဖြစ်သောသူ၏ မိခင်ကြီးကို အောက်မေ့ဘွယ်အခမ်းအနား ကျင်းပပြုလုပ် ခြင်းဖြစ်ပါသည်။ သူသည် မိခင်များနေ့အဖြစ် နေ့ထူးနေ့မြတ်တနေ့နေ့ကို အသင်းတော်မှာ ထားရှိ ဖို့ရန် ဆန္ဒပြုခြင်း၏ အဖြေကို (၃)နှစ်ကြာမှ ပြည်စုံခွင့်ရရှိခဲ့ပါသည်။
Anna M. Jarvis အနေနှင့်ကံကြမ္မာနှစ်ခု ဖန်တီးခဲ့ပါသည်။တစ်ခုက သူ၏သြဇာညောင်းနိုင်သော လူထောင်ပေါင်းများစွာတို့အပေါ်၌ စာရေးခြင်း အားဖြင့် ၄င်းမိရိုးဖလာ မိခင်များအဖြစ် ဦးစီးဦး ဆောင်သူတိုင်းရရှီနိုင်အောင် စာအုပ်ငယ်မြောက်ပေါင်းများစွာ ပုံနှိပ်ထုတ်ဝေဖြန့်ချီသည်အထိကြိုး ပမ်းခဲ့ ပါသည်။ ထိုကဲ့သို့ မိခင်များနေ့ကို နှစ်တိုင်းကျင်းပခဲ့ရာ(၇) နှစ်မြောက်သော (၁၉၁၃) ခုနှစ် Pennsyivania ကနေပြီး မိခင်များနေ့ကို နိုင်ငံတော်ရုံး ပိတ် ရက်အဖြစ် သတ်မှတ်လိုက်ပါသည်။

သမ္မတ Woodrow Wilson ရဲ့ ကူညီအားပေးမှုကြောင့် လွှတ်တော်တွင် အသိအမှတ်ပြုပြီး Penn- sylyania က တစ်နှစ်ကျော်ကျော် ဦးဆောင်ခဲ့ရာ မေလ ဒုတိယပတ်သည် မိခင်များနေ့ အဖြစ်ကြေ ညာနိုင်ခဲ့သည်။ သမိုင်းဝင် စာအုပ်များက မကြာခဏ Anna M. Jarvis ဆိုသူအမျိုး သမီး တစ်ဦး၏ Crusade ဆိုပြီး အမွန်းတင်ထားပါသည်။ (၁၉၀၀)ခုနှစ် စောစောပိုင်းတွင် မြောက်များစွာသော အ မျိုးသမီးများ၏ ပြုပြင်တိုးတက်မှုများ၌ စေ့စပ်နေ ရခြင်းသည် ထို Crusade ၏ ရလဒ်ဖြစ်ပါသည်။

ဤ အသစ်သောပြုပြင် ပြောင်းလဲခြင်းနှင့် ရိပ်သာလမ်းအားဖြင့် အမျိုးသမီး များ၏ သမိုင်းတွင် မိခင် များနေ့အဖြစ်စုရုံးပြီး တရားဆင်နွဲနိုင်ရန် Anna M. Jarvis အသက်တာနှင့်အချိန်စတင်ပေးနိုင်ဖို့ရန် အဆက်အစပ်ပေးသော အရာဖြစ်လာသည်။

အထူးသဖြင့် မိခင်များသည် ယနေ့အဖွဲ့အစည်းများ၏ စိန်ခေါ်ခြင်းနှင့် ရင်ဆိုင် ရပါသည်။ သို့သော် မိခင်ဖြစ်ရခြင်း၏ နောက်ဆုံးလွှမ်းမိုးမှုတို့သည် ကျွန်ုပ်တို့ တစ်ဦးစီအပေါ်၌သော်၎င်း၊ တမျိုးသားလုံး အပေါ်၌ ၄င်းကျန်ရစ်ခဲ့ပါသည်။(၁၉၀၇)ခုနှစ်တွင် မိခင်၏ချစ်ခြင်း မေတ္တာကို တရားမဝင် အသိအ မှတ်ပြု ခွင့်ရသည့်နည်းတူ ယနေ့၌လည်း အသိအမှတ်ပြု ကျင်းပဆဲပင်ဖြစ်သည်။ Anna M. Jarvis ကဲ့သို့ ကျွန်တော်တို့ နှလုံးသားပြုပြင် ပြောင်း လဲခြင်း မရှိသည့် တိုင် ကိုယ့်နည်းကိုယ့်ဟန်နှင့် ကျွန်ုပ်တို့ သည်လည်း အမှန်တကယ် နေ့ ထူးနေ့မြတ် အနေနှင့် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

မေလ၁၃ရက်နေ့ ၂၀၁၃ ကျရောက်သော ကမ္ဘာတဝန်းရှိမိခင်များတို့ မိခင် များနေ့ ၌ ဝမ်းမြောက်ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ...

http://on.fb.me/UWRK0Q
လမင်းမောင်

အေးချမ်းမွန်မှ  လမင်းမောင် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
 
No comments:

Post a Comment