ရသေ့ကြီး
ဦးခန္တီကို လူတိုင်းသိမှာပါ။ ကိုလိုနီခေတ်က ဖြစ်ပျက်တာ တခုလေး တင်ပြပါ့မယ်။
ထိုစဉ်က ရသေ့ကြီးက အလှူအဒါန်းကို အမြောက်အများ လုပ်နိုင်သဖြင့်
ရွှေဖြစ်ငွေဖြစ် ပေါက်သည်ဟု နာမည်ကြီး လာပါတယ်။ အဲတာ အင်္ဂလန်ထိတောင်
သတင်းရောက်သွားသဖြင့် အင်္ဂလန်ဘုရင်ခံချူပ် က
စုံစမ်းရန် မြန်မာဘုရင်ခံ ကို ညွှန်ကြားပါတယ်။ အဲတာ ရန်ကုန်ရဲမင်းကြီး
မစ္စတာစကော့ ကိုယ်တိုင် မန္တလေးတောင် တက်ပြီး စုံစမ်းခဲ့ပါတယ်။
ရဲမင်းကြီးလည်း စကားပြန်ဖြင့် ရသေ့ကြီး ရွှေဖြစ်ငွေဖြစ် လုပ်တတ်သည်ဟု
သတင်းရသည်။ လုပ်ပြဟု တောင်းဆိုခဲ့ပါတယ်။ ရသေ့ကြီးကလည်း ဒါဖြင့်
စောင့်နေပါဟုပြောပြီး၊ ဘုရားခန်းသို့ ၀င်ပြီး ဘုရားဝင် ရှိခိုးနေပါတယ်။
ပြီးတော့ တပည့်တစ်ယောက်ကို လင်ပန်းတခု ယူခိုင်းပြီး စောင့်နေပါတယ်။
ရဲမင်းကြီးတို့က ဘာမှ မထူးခြားလို့ ရွှေတွေကော လို့မေးတာ ရသေ့က လာပြီဟိုမှာ
လို့ပြောလို့ရော လှူတဲ့ လူတွေ တစ်ယောက်ပြီး တစ်ယောက် ၀င်လာပြီး
လင်ပန်းအပြည့် ရွှေလက်စွပ်၊ရွှေဆွဲကြိုး ပုလဲများဖြင့် ပြည့်သွားပါတယ်။ အဲတာ
လူမျိုးခြားရဲမင်းကြီးက လေးစားသွားပြီး ဓါတ်ပုံအတူတူ ရိုက်ခွင့်
တောင်းခဲ့ပါတယ်။ (သည်ဓါတ်ပုံ ရှိရင် လာ share ပေးကြပါနော်) ရသေ့ကြီးရဲ့
အလှူအဒါန်းကြောင့် အင်္ဂလိပ်အစိုးရ လေးစားပြီး ရသေ့ကြီးကို
အထူးအခွင့်တစ်ရပ်အဖြစ် ရသေ့ကြီး ပြုလုပ်သမျှ ဘုရားပွဲများကို အစိုးရ ထံ
ခွင့်တောင်းစရာမလိုပါဘူး။ ပြီးတော့ မြန်မာတနိုင်ငံလုံး ရထား၊သဘောင်္
အလကားစီးလို့ရပါတယ်။ ရသေ့ကြီးကတော့ သက်တော် ၈၂ မှာ ပျံလွန်တော်မူပါတယ်။
ရသေ့ကြီးဘုရားခန်းမှာ ရွတ်ဆိုပြီးဘုရားဝတ်ပြုခဲ့တဲ့ ဂါထာကတော့
( အရဟံ ဗဟိအန္တဇယံ သုဂတံ၊
အမိတံ ၀ိရဇံ လလိတံ အတုလံ။
စရဏံ တိဘ၀ူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ) ဂါထာတော်ပဲဖြစ်ပါတယ်။
ရသေ့ကြီးဘုရားခန်းမှာ ရွတ်ဆိုပြီးဘုရားဝတ်ပြုခဲ့တဲ့ ဂါထာကတော့
( အရဟံ ဗဟိအန္တဇယံ သုဂတံ၊
အမိတံ ၀ိရဇံ လလိတံ အတုလံ။
စရဏံ တိဘ၀ူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ) ဂါထာတော်ပဲဖြစ်ပါတယ်။
No comments:
Post a Comment