Monday 7 January 2013

စွန့်လွတ်ခြင်းဆိုတာ ဘာကိုခေါ်ပါသလဲ...?




စွန့်လွတ်ခြင်းဆိုတာ ဘာကိုခေါ်ပါသလဲ...?

တစ်နေ့ကျွန်တော် မော်လမြိုင်ရထားစီးလာတော့ လမ်းကြားဘူတာတစ်ခုမှာ ရထားရပ်တော့ 

ရဲဘော် (၄ - ၅) ယောက်လောက်ကို တွေ့ရတယ်။ ဘာလဲလို့စပ်စုကြည့်
လိုက်တော့ ဒဏ်ရာရလာတဲ့ရဲဘော်လေးတစ်ယောက်ကို ထမ်းစင်နဲ့ ထမ်းလာကြတာကိုတွေ့ လိုက်ရပါတယ်။ဒါနဲ့သူတို့လည်း တွဲပေါ်တက်လာကြပါတယ်။ ကျွန်တော်လည်း သူ့ဒဏ်ရာကိုကြည့် လိုက်တော့ ညာဘက်ဒူးဆစ်အောက်ပိုင်း တစ်ပိုင်းလုံးမရှိတော့ပဲဒဏ်ရာကို ပတ်တီးနဲ့ အထပ်ထပ်စည်းထားတာကိုတွေ့ရပါတယ်။

ရဲဘော်လေးရဲ့မျက်နှာကို ကြည့်လိုက်တော့ အလွန်ဆုံးရှိလှအသက်(၂၀) ပေါ့။ သူ့မျက်နှာ နုနုလေးမှာအရွယ်နဲ့ မလိုက်အောင်ထမ်းဆောင်ရတဲ့ တာဝန်တွေကြမ်းတမ်းမှုတွေအပြင် ဒဏ်ရာရဲ့အနာရှိန်တွေကြောင့် ညိုးနွမ်းနေပြီး နှုတ်ကလည်း အော်သံသဲ့သဲ့ ထွက်နေတာကိုတွေ့လိုက်ရပါတယ်။ဒီအချိန်မှာ ကျန်တဲ့ခရီးသည်တွေကိုကြည့်လိုက်တော့

တော်တော်များများဟာ မျက်နှာတွေရှုံနေတာကိုတွေ့လိုက်ပါတယ်။ဒဏ်ရာကထွက်တဲ့ အနံ့ အသက်တွေကြောင့်ဖြစ်ပါလိမ့်မယ်။ သူတို့ နေရာဘေးကို ဒီလူနာနဲ့ရဲဘော်တွေရောက်လာမှာ
စိုးရိမ်နေတဲ့ ပုံပါပဲ။ဒီအချိန်မှာ ရထားပေါ်ပါလာတဲ့ အရာရှိတစ်ယောက်က လူနာရဲဘော်လေးစီးဖို့
အတွက်ူ့နေရာကိုဖယ်ပေးပြီး သူကတော့ဘေးက သေတာပေါ်ထိုင်တာတွေ့လိုက်ရပါတယ်။ 
အရင်ဒီအရာရှိရဲ့ဘေးခုံက ၀တ်ကောင်းစားလှတွေဝတ်ထားတဲ့ မိန်းမတစ်ယောက်က မဲ့ရွဲ့ပြီး ထထွက်သွားတာကိုတွေ့လိုက်ရပါတယ်။ ဒီမြင်ကွင်းကိုမြင်တော့ ရင်ထဲနင့်နေအောင်ခံစားလိုက်ရပါတယ်။



စိတ်ထဲမှာလည်းအတွေးတွေက အဆက်မပြတ်ပေါ်လို့လာပါတယ်။ လူတွေမှာကိုယ်ချင်းစာ
တရားတွေခေါင်းပါးလှပါလား။ဒီရဲဘော်လေးရဲ့ဒဏ်ရာကအလေနတောလိုက်ပြီး ဘီယာဆိုင် လမ်းဘေးမှာသူများဝိုင်းရိုက်လို့ရတဲ့ဒဏ်ရာမဟုတ်ပါဘူး။တောထဲတောင်ထဲ လူမနီး သူမနီးအရပ်မှာ မိဝေးဖဝေးနဲ့ သက်တူရယ်တူတွေမြို့ပေါ်မှာ သင်တန်းတွေတက်ကျောင်းတွေတက်နေတဲ့အရွယ်မှာ တာဝန်ထမ်းဆောင်ရင်း ခြေထောက်တစ်ချောင်းလုံးစွန့်ခဲ့ရတာပါ။မြို့ပေါ်မှာအေးအေးချမ်းချမ်းနေလို့
ရအောင်စွန့်လွတ်ခဲ့ရတာပါ။တောထဲတောင်ထဲမှာ ဒီလိုတာဝန်ထမ်းဆောင်နေတဲ့ လူငယ်စစ်ဗိုလ်စစ်သားလေးတွေမြောက်များစွာရှိကြပါတယ်။

ဒါတွေကိုပြည်သူတွေသိမှသိပါလေစွ။ ကိုယ့်သားအလောင်းတွေ့ခွင့်မရလိုက်တဲ့မိဘတွေ
ကိုယ့်လင်အလောင်းဘယ်မှာရှိမှန်းမသိလိုက်ရတဲ့ဇနီးမယားတွေအများကြီးပါ။ 
ဒါတွေကိုစစ်သားတွေပဲနားလည်နိုင်ပါလိမ့်မယ်။ရင်နင့်စရာအဖြစ်တွေအများကြီးပါ။ ဒဏ်ရာရပြီးမြို့ပေါ်ရောက်လာတော့လည်း ပြည်သူတွေက ဒီလိုသူ့ကိုဆက်ဆံကြတော့ .......
ကိုယ်ချင်းစာကြည့်ကြပါဗျာ။ဒီတော့တစ်ခုပဲတောင်းဆိုချင်မိပါတယ်။ဒီရဲဘော်လေးတွေဟာ ဘာနိုင်ငံရေးမှလည်းနားမလည်ပါဘူး။ကိုယ်ကျိုးအတွက်ဘာမှမျှော်လင့်ချက်လည်းမရှိပါဘူး။
သူတို့လည်း ပြည်သူထဲကမိဘတွေက ပေါက်ဖွားလာတဲ့ပြည်သူထဲကပြည်သူတွေပါပဲ။

ပေးထားတဲ့တာဝန်တစ်ခုအရင်းပြုပြီးသေဆိုသေရှင်ဆိုရှင်ရတာပါ။ဒါကြောင့်ခင်ဗျားတို့လေးစားပါတယ်ဆိုတဲ့ ပြည်တွင်းပြည်ပမြေပေါ်မြေအောက်ထောင်တွင်းထောင်ပြင်နိုင်ငံရေးသမားတွေ freedom fighter ဆိုတဲ့သူတွေကို ချီးကျူးရင်ချီးကျူးကြပါ။လေးစားရင်လေးစားကြပါ။ဒါပေမယ့် အသက်နဲ့ရင်းပြီ လူဖြစ်ရှုံးခံကာ တာဝန်ထမ်းဆောင်နေကြပါလျက်နဲ့။ကိုယ့်ရဲ့ကိုရည်ကိုသွေးကိုလည်း မသွေးတတ်တဲ့ ရဲဘော်လေးတွေရဲ့ဂုဏ်ကိုနင်းချေရှုံ့ချပြီးတော့မှ မြို့ပေါ်မှာကိုယ်ရည်သွေးနေ
ဲ့ နိုင်ငံရေးသမားတွေကိုဂုဏ်မဖော်လိုက်ကြပါနဲ့နှိုင်းယှဉ်စရာမဟုတ်ပါဘူး။နှိုင်းယှဉ်စရာ
အကြောင်းလည်းမဟုတ်ပါဘူး။
                                                                                                Aye Chan Mon


No comments:

Post a Comment