Monday 7 January 2013

ကချင်နှင့် ငြိမ်းချမ်းရေးတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့တောင်းဆို


 

  ကချင်နှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုတွင် ပါဝင်ရန် အစိုးရမှ တရားဝင်ကမ်းလှမ်းရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

တနင်္လာနေ့၊ ဇန်နဝါရီလ ၀၇ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၃၁ မိနစ်


မြန်မာစစ်တပ်နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်တို့ အကြား
 ဖြစ်ပွါးနေသည့်တိုက်ပွဲများ ရပ်တန့်ရေး ကြိုးပမ်းမှုနှင့်ပတ်သတ်၍ မြန်မာအတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရမှသူ့မထံ တရားဝင်ကမ်းလှမ်းရန်လိုအပ်သည်ဟု 
တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။ဒေါ်အောင်ဆန်းစုကြည်က “အဲဒါက အစိုးရရဲ့ 
တာဝန်ပါပဲ” ဟု AFP သတင်းဌာနသို့ပြောဆိုလိုက်ပြီး နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်နေကာ ပိုမိုဆိုးဝါးလာနေသည့် မြန်မာ့ပြည်တွင်းစစ် ရပ်တန့်သွားစေရန် ရည်ရွယ်သည့်ငြိမ်းချမ်းရေး 
 ဆွေးနွေးညှိနှိုင်းမှုများတွင်ပါဝင်ရန် သူ၏ ထိုသို့မရပ်တန့်ပါက ဒေသတွင်းတွင် ပဋိပက္ခများပိုမိုပြင်းထန်လာလိမ့်မည်  ဖြစ်ကြောင်း သတိပေးခဲ့သည်။သဘောထား ကို ထုတ်ဖေါ်လိုက်ခြင်းဖြစ်သည်။


မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး၊ 
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ရှေ့တန်းနေရာ တချို့အား
 မြန်မာအစိုးရက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့အပြီးရက်အနည်းငယ်အကြာတွင်
 နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏မှတ်ချက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ အခြားသော တိုင်းရင်းသား လူနည်းစု များကဲ့သို့ပင် ကချင်များသည်လည်း ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေခဲ့ခြင်း ဖြစ်သည်။သို့သော်
 ၂၀၁၃ ခုနှစ်အတွင်းဝင်ရောက်လာချိန်တွင်မူ KIAသည် သမ္မတဦးသိန်းစိန်ခေါင်းဆောင်သည့် မြန်မာ အစိုးရအဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေးစာချုပ်မချုပ်ဆိုရသေးဘဲ ကျန်ရှိနေသည့် အဓိကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

မြန်မာအစိုးရနှင့် KIA အကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးမှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် ပျက်ပြယ်ခဲ့ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးခဲ့ကာ ယခုအချိန်အထိ လူပေါင်း ၇၅,၀၀၀ ခန့် 
အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ဒီဇင်ဘာလအတွင်းတွင် မြန်မာစစ်တပ်က တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ အသုံးပြု၍ KIA၏ ဌာနချုပ် တည်ရှိရာလိုင်ဇာမြို့အနီးတွင် KIAကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် တိုက်ပွဲများပိုမို ပြင်း ထန်လာခဲ့သည်။သမ္မတ ဦးသိန်းစိန်ကမူ မြန်မာစစ်တပ်အနေဖြင့် မိမိကိုယ်ကို ကာကွယ်သည့် အနေဖြင့်သာ ခုခံတိုက်ခိုက်ရမည်ဖြစ်ကြောင်း အမိန့်ပေးထားခဲ့သည်ဟု ဆိုခဲ့ပြီး အစိုးရအနေဖြင့် စစ်ပွဲများကိုနောက်မျိုးဆက်သို့ လက်ကမ်းမပေးလိုကြောင်းပြောခဲ့သည်။
 
မြန်မာအစိုးရက KIA အား လေကြောင်းတိုက်ခိုက်မှုပြုလုပ်စဉ်အတွင်း မြန်မာ-တရုတ်နယ်စပ် 
အနီး တရုတ်နယ်မြေအတွင်းတွင် ဗုံး(၃)လုံးကျရောက်ခဲ့သည်ဟုဆိုကာ စနေနေ့က တရုတ်အစိုးရသည် မြန်မာနိုင်ငံအား တရားဝင်ကန့်ကွက်မှု ပြုလုပ်ခဲ့သည်။တရုတ် အစိုးရက မြန်မာအစိုးရအားနှစ်နိုင်ငံနယ်စပ်ဒေသတွင် ပြန်လည်ငြိမ်းချမ်း တည်ငြိမ်ရန် 
လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့သည်။တိုက်ပွဲများကြောင့် ကချင်လူမျိုးဒုက္ခသည် အများစုပါဝင်သည့် ဒုက္ခသည်ပေါင်း ၁၀,၀၀၀ ကျော်သည် နယ်စပ်ဒေသရှိ တရုတ်နိုင်ငံ ရွှေလီမြို့သို့ ထွက်ပြေးခိုလှုံနေရသည်။ကချင်ပြည်နယ်တွင် မြန်မာအစိုးရက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းသည် အလွန်အမင်း စိုးရိမ်စရာကောင်းသည်ဟု အမေရိကန်ပြည်ထောင်စုကလည်း လွန်ခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။
 
ကုလသမ္မဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာအစိုးရအနေဖြင့် ဒေသတွင်းရှိ အရပ်သားများကို ထိခိုက်စေမည့်လုပ်ဆောင်ချက်မှန်သမျှအား ရပ်တန့်ရန်တိုက်တွန်းခဲ့ပြီး။ထိုသို့ မရပ်တန့်ပါ က ဒေသတွင်းတွင် ပဋိပက္ခများ ပိုမို ပြင်းထန်လာလိမ့်မည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

No comments:

Post a Comment