Saturday 5 January 2013


ကျောင်းသားတွေစိတ်ပေါက်လို့သပိတ်မှောက်သတဲ့ နှင့် ၁၉၇၆ မတ်လ ၂၃ မှိုင်းရာပြည့်အရေးအခင်း


စင်စစ်အားဖြင့် ““မျိုးချစ်စာဆိုကြီး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း””ဟု ဘွဲ့ အမည်ပေးထားခြင်းမှာ နိုင်ငံတော်၊တစ် ရပ်၊အစိုးရတစ်ဖွဲ့မှ ပေးအပ်ထားသော ဘွဲ့ထူးမဟုတ်။
ပြည်သူတို့ ကိုယ်တိုင် မိမိတို့နှလုံး အိမ်မှာ စွဲမြဲခံစားပေးအပ်ထားသော ဘွဲ့ထူး။ မျိုးချစ်စာဆို ဘွဲ့ထူးဖြင့် ပြည်သူ မှ ချီးမြှင့်ခံယူပေးအပ်ထားသော ပုဂ်္ဂိုလ် သည် သာမန်စာဆိုစာရေးဆရာများထက် ထူးခြားရ၏။ ပြောရလျှင် အမျိုးသား အရေးကိုဦးစားပေးကာစာပေ၊လက်နက် ဖြင့် ထက်မြတ်ပြတ်သားစွာအစဉ်တစိုက် တိုက်ပွဲဝင်ခဲ့သည့် ပုဂ်္ဂိုလ်ဖြစ်ရမည်။ ဆရာ ကြီးသခင်ကိုယ်တော်မှိုင်းသည် ထိုကဲ့သို့ သော ပုဂ်္ဂိုလ်၊အစဉ်အဆက် ကျောင်းသား ထုတိုက်ပွကြိုထောက်ခံခဲ့သော ပုဂ်္ဂိုလ် ပထမကျောင်း သားသပိတ်ကြီး (၁၉၂၀)မှစကား ၁၉၆၂ ဇွန်လပိုင်း(၇)ရက် တ.က.သ အဖြိုခံရ၊ ကျောင်းသားများ အသတ်ခံရသည်အထိ ဆရာကြီးသည် ပထမကျောင်းသားသပိတ် ကြီးအား ““ယူနီဗာစီတီ ဘွဲ့လေးချိုးကြီး”” ဖြင့် ဂုဏ်ပြုခဲ့၏ သြော်ဝေးခရီးက ပေမယ့်၊အရေးကြီးလျှင်ဖြင့် သွေးနီရာ ပါစမြဲပေမို့ ဆရာလည်း ကွာ ပထမအရင် ကနဦးဆီက မြန်မာ တခွင်မှာ သမ္မတရှင် မလူးခင်ပ ထံချင် ထူးကို တမြည်မြည်သင်ခဲ့သမို့၊ထီမထင် ကျောင်းတော်သားတွေရဲ့ အမည်၊အစဉ် ခေါင်းပေါ်ဖျားမှာလ၊မင်းတို့ဆရာကိုစာ ရင်းတို့ကာ ထားလိုက်ကြပေတော့။ဆရာ ကြီး၏ ကျောင်းသားထုတိုက်ပွဲနှင့်တစ်သား တည်း ရပ်တည်သော သဘော ၁၉၆၂ တ.က.သ ဖောက်ခွဲဖြိုဖျက်ခံရစဉ်က လည်း ““တ.က.သ ကိုသာ”” ဖောက်ခွဲ ဖြိုဖျက်လို့ ရချင်ရမယ် ကျောင်းသားထု ရဲ့ အနိုင်မခံ အရှုံးမပေး တိုက်ပွဲစိတ်ဓာတ် ကို ဖြိုဖျက်မရကြောင်း ပြောခဲ့သည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကား (၁၈၇၆)ခုနှစ် မတ်လ(၂၃)ရက်ဖွားမြင်ရာ ၁၉၇၆ မတ်လ ၂၃ရက်မှာ ရာပြည့် အ ထိမ်းအမှတ် ကာလကျရောက်ပြီး။ ကျောင်း သားလူထုတိုက်ပွဲများအား ထောက်ခံခဲ့ သော အမျိုးသားရေး ငြိမ်းချမ်းရေး စာပေ ရေး အစစဦးဆောင်တက်ကြွလှုပ်ရှားသူ မြန်မာအမျိုးသားကြီးတစ်ဦး၏ ကျက်သ ရေဆောင် ရုပ်ရည်၊ကြန်အင်လက္ခဏာ အပြည့်ရှိသော ဆရာကြီး၊ သခင်ကိုယ် တော်မှိုင်း ရာပြည့်အထိမ်းအမှတ်ပွဲ မဖြစ် ဖြစ်အောင် ကျင်းပကြရမည်ဟု ခံယူကြ သည်မှာ ထိုစဉ်ကာလ စာရေးဆရာ နိုင်ငံရေးသမား ကျောင်းသားပြည်သူ အားလုံး၏ တညီတညွတ်တည်းသော ဆန္ဒ။ထိုသို့ဖြင့် ထိုဆရာကြီးသခင်ကိုယ် တော်မှိုင်း(မှိုင်းရာပြည့်)အထိမ်းအမှတ် အတွက် စာရေးဆရာ နိုင်ငံရေးသမား နှင့် ကျောင်းသားထုကား သူ့ကဏ္ဍနှင့်သူ စီစဉ်ကြပြီ။
တို့ဗမာအစည်းအရုံး၊ခေတ်ကာလက အစဉ်အလာကြီးသော နိုင်ငံရေးသမား ကြီး သခင်လေးမောင် ခေါင်းဆောင်ကာ ရာပြည့် အထိမ်းအမှတ်မို့ လူပုဂ်္ဂိုလ်(၁၀၀) (ရာပြည့်)အရေအတွက်ဖြင့် ရာပြည့် ကော်မတီဖွဲ့ပြီး သို့သော် အရပ်ရပ် နေ ပြည်တော် ကြားလို့မတော်ဆိုသည့်အတိုင်း ထိုရာပြည့်ကော်မတီထဲ ဗိုလ်ချုပ်နေ၀င်း မှ ဦးနေ၀င်း၊တစ်ဖြစ်လဲ ပြည်သူဆန့်ကျင် သည့် မ.ဆ.လ ခေါင်းဆောင် ဦးနေ၀င်း ရောပါလာ၏။
ဦးနေ၀င်းကား ရာပြည့်ကော်မတီ အပေါ်တင်းကျပ်စွပ်ဖက်လာမှုများရှိလာ သဖြင့် ဆရာဗန်းမော်တင်အောင်၊ဆရာ ဒဂုန်တာရာ၊ကျွန်တော့်ဖခင်စာရေးဆရာ၊ သခင်မြသန်းတို့နှုတ်ထွက်ကြ၏ ရာပြည့် ကော်မတီဦးဆောင်၊သခင်လေးမောင်သည် ဖခင်၏ နိုင်ငံရေးဆရာ(ဖေဖေကား ထိုရာ ပြည့်ကော်မတီမှနှုတ်ထွက်ပြီး တရှောင် ရှောင် မမာရာမှ ၁၉၇၆ခုနှစ် မေလ၃၁ ရက်မှာကွယ်လွန်ခဲ့၏။) ပြောကြစို့။ရာပြည့်ကော်မတီကား မှိုင်းရာပြည့်ပွဲကျင်းပ ပြုလုပ်ရန် အခက်အခဲများ တွေ့လာသည်။ ဒါက မှိုင်းရာပြည့် ကျင်းပရေး ရာပြည့် ကော်မတီအပိုင်း ပြည်သူကျောင်းသားထု အပိုင်းကို ကြည့်ကြဦးစို့။ ပြည်သူ၊ကျောင်း သား(အထူးသဖြင့်)ကျောင်းသားထုအတွင်း မှာလည်း ဟန့်တားနှောင့်ယှက်ဖမ်းဆီး ဖိနှိပ်မှုများရှိလာ၏ ထိုဟန့်တားနှောက် ယှက် ဖမ်းဆီးမှုများအကြားအချိန်များမှာ ““မတ်လ ၂၃ (မှိုင်းရာပြည့်)နီးကပ်လာ သော အချိန်များမှာ မတ်လ ၂၃ကျရင် မှိုင်းရာပြည့်ရှိတယ်ကွ။အဲဒီနေ့ ရာထူးမှာ စုပြီး တို့ကျောင်းသားတွေဆရာကြီးသခင် ကိုယ်တော်မှိုင်း ဂူကို ချီတက်ကြမယ်။မင်းသိပြီး ပြီလား စသည်ဖြင့် ကျောင်း သားထုကား သူတို့ချင်းပြောသလိုနှင့် ပြည်သူကြား စကား၊၀ါဒဖြန့်၏။ ထိုသည် ကို ကျွန်တော်မှတ်မိသည်။နောက်မိသည် မှာ- ကျောင်းသားထု၏ ရင်ဖွင့်နိဒါန်း လက်ကမ်း၊စာစောင်မှာ လာရောက်စု စည်းကာ မ.ဆ.လ ထု ရာဇူးတက္ကသိုလ် မှာလာရောက်စုစည်းကာ မ.ဆ.လ အား တိုက်ပွဲဝင်ရန်ထူးခြားသည်မှာ တက္ကသိုလ်မှနေ ကန်တော်မင်ပန်းခြံ ဆရာကြီးသခင်ကိုယ် တော်မှိုင်း ဂူဗိမာန်သို့ချီတက်ရာ လမ်း ကြောင်းပြ မြေပုံပါရှိခြင်း ပြီး ဆရာဒဂုန် တာရာ၊ဆရာဗန်းမော်တင်အောင်တို့ မှိုင်း ရာပြည့်အထိမ်းအမှတ်ပွဲမှာ အမှာစကား ပြောကြမည့်အစီအစဉ်။သို့သော် ထိုအစီ အစဉ်ကား ထိုစကားပြောပွဲစီစဉ်သူ စာ ပေသမား၊ကျောင်းသားများ အထိမ်းအမှတ် ရက်မတိုင်မီ အဖမ်းခံရ၍ မဖြစ်ခဲ့။နောက် ကဗျာဆရာ၊ဆရာတင်မိုး(မိုးဝေ၊မဂ္ဂဇင်းမှာ ထင်သည်)မှိုင်းရာပြည့် ကဗျာရှည်ကြီးလှုံ့ ဆော်ရေးသား၏။
မှိုင်းရာပြည်၏ ထူးခြားဖြစ်စဉ်ကား ဗိုလ်နေ၀င်း၊ဗိုလ်စန်းယုတို့၏ စစ်အာဏာ ရှင်အစိုးရမှ ကြိုးမိန့်သေဒဏ်ပေးကွပ်မျက် ခဲ့သော ကျောင်းသားခေါင်းဆောင်ဆလိုင်း တင်မောင်ဦး ၁၉၄၇ဇွန် အလုပ်သမား သပိတ်(နှစ်ပတ်လည်) ၁၉၇၅ရွှေတိဂုံ အရေးအခင်းအပြီး နယ်စပ်တစ်နေရာ ရှောင်ရှားသွားရာမှ မှိုင်းရာပြည့် တိုက်ပွဲ နီးကပ်လာသော မတ်လအတွင်းမှာ ပြန် လည်ရောက်ရှိလာခြင်း ဆလိုင်းတင်မောင် ဦးနှင်အတူ မှိုင်းရာပြည့် ပါဝင်ဆင်နွှဲရန် ကြေငြာချက်များ လက်ကမ်းစာစောင် များ ခွပ်ဒေါင်းအလံများ ယူဆောင်ပါရှိ လာခဲ့၏ သို့သော်မှတ်သားမိသည်မှာ ဆလိုင်းတင်မောင်ဦးကား ဖော်ကောင် သတင်းပေးတစ်ဦး၏ လက်ချက်ဖြင့် မှိုင်း ရာပြည့် မတိုင်မီ စစ်အစိုးရ၏ လက်ဦးမှု ရှိစွာ ဖမ်းဆီးခြင်းကိုခံလိုက်ရ၏။ ဆလိုင်း တင်မောင်ဦးကား သမိုင်းချည်မျှင်စက် အနီး ဘာတာမှတ်တိုင် ဘာတာတိုက်တန်း မှာ အဖမ်းခံရခြင်း အဓိက အရေးတကြီး ကျောင်းသားခေါင်းဆောင်ဆလိုင်းတင် မောင်ဦး အဖမ်းခံရခြင်းမှာ ကျောင်းသား ရဲဘော်တစ်ယောက်၏ တိုက်ပွဲအင်အား ထက် အဆပေါင်းများသော တိုက်ပွဲဝင် ကျောင်းသားအင်အား ဆုံးရှုံးလိုက်ရသလို ပင်။သို့သော်ဆရာကြီးသခင်ကိုယ်တော် မှိုင်း၏ ရာပြည့်အထိမ်းအမှတ် မှိုင်းရာ ပြည့် ကျောင်းသားတိုက်ပွဲကား ၁၉၇၆ မတ်လ ၂၃မှာ မလွဲမသွေဖြစ်ပေါ်ခဲ့၏။
၁၉၇၆ခုနှစ် မတ်လ ၂၃ရက် ဆရာ ကြီးသခင်ကိုယ်တော်မှိုင်း၏ နှစ်တစ်ရာ ပြည့် မွေးနေ့ မှိုင်းရာပြည့် ကျောင်းသား ထုကား ရန်ကုန်တက်္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာ စုရုန်းကာ ကန်တော်မင်ပန်းခြံ အနီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူ ဗိမ်္မာန်သို့ချီတက်လာပြီး မျိုးချစ်စာဆို ငြိမ်းချမ်းရေးဖခင်ကြီး၏ ပြည်တွင်းငြိမ်း ချမ်းရေး လုပ်ဆောင်သူလှုပ်ရှားမှုများကို တိုင် တည်သောကြွေးကြော်သံများဖြင့်-
““ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး တို့ အရေး””
““ငြိမ်းချမ်းရေး ဖျက်ဆီးသူ တို့ရန်သူ””
၁၉၆၉ခုနှစ်က ပြည်တွင်းငြိမ်းချမ်း ရေး ဟန်ပြခေါ်ယူတစ်ဖတ်သတ် ဖျက်ဆီး ခဲ့သည့် (ထိုစဉ် တော်လှန်ရေးကောင်စီ) စစ်အာဏာရှင်အစိုးရ၏ လုပ်ရပ်အား ရည်ညွှန်း၊ဟစ်ကြွေးသော ကြွေးကြော် သံ ကျောင်းသားထု၏ ချီတက်ရာ လမ်း ကြောင်းကား ပြည်လမ်း မြန်မာ့အသံရှေ့ ထိုမှ ဦးဝိစာရလမ်းတစ်လျှောက်တို့မှ ကန်တော်မင်ပန်းခြံအနီး ဆရာကြီးသခင် ကိုယ်တော်မှိုင်း ဂူဗိမ္မာန်အရောက် ပြောစ ရာ တစ်ခုကျန်သွား၏ မှိုင်းရာပြည့် အ ထိမ်းအမှတ်မဖြစ်စေရန် မ.ဆ.လအစိုး ရက ရန်ကုန်တိုင်းတစ်တိုင်းလုံး၏ လမ်းမ များပေါ်မှာ လူ(၅)ယောက်ထက် ပိုမစုရ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ထားခြင်း။ ကျောင်းသားထုကား ထိုပုဒ်မ ၁၄၄အား ဖီဆန်ဆန့်ကျင်ကာ ရဲဝံ့စွာချီတက်လာကြ ပြီး စာအုပ် ကဒေါင်း ငြိမ်းချမ်းရေး ဂျိုးဖြူ ငှက်၊ အလုပ်သမား၊ဘ၀သင်္ကေတ။တူ၊တံဇဉ်အစရှိဆရာကြီး၏ ဘ၀သင်္ကေ တ၊ပိုစတာများနှင့်ကျောင်းသားထု၏ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံများ တလွင့်လွင့် နှင့်ထုံးစံအတိုင်း ကျောင်းသားထု ချီတက် ရာလမ်းတစ်လျှောက်မှာ လက်နက်စစ် သားများ၊စစ်ကားများအရံအတား၊သံဆူး ကြိုးများ ကျောင်းသားထုကားတစ်လျှောက် လုံး ကျောင်းသားတိုက်ပွဲအားထောက်ခံ ခဲ့သော ဆရာကြီးအား ရင်ဖွင့်တိုင်တည် ကြေငြာချက်များဖတ်ကြားကြပြီး ဆရာ ကြီး၏ မဟာ လေးချိုးကဗျာများ သ၀ဏ် လွှာများ၊ဂုဏ်ပြုစာတန်းများအားဖတ်ကြား ကြပြီး ထိုသို့ဖြင့် မှိုင်းရာပြည့်မတိုင်ခင် အဖမ်းခံရသော ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ညီမထိုစဉ်က (၉) တန်းကျောင်းသူ မလှမြိုင် ဆရာကြီးအုတ် ဂူရှေ့မှာ စကားပြောနေစဉ် ဗိမ္မာန်အပြင် ဘက် ကျောင်းသားထုအကြား စစ်ကား တစ်စီး တရကြမ်းမောင်းဝင်လာသည်။ “ရန်စ”သည့်သဘော ကျောင်းသားထုကား ပေါက်ကွဲပြီ မခံမရပ်နိုင်ပေါက်ကွဲခံစား ကာ ကြွေးကြော်သံများဟစ်ကြွေးပြီး ““မ.ဆ.လ စစ်အာဏာရှင်အစိုးရအလို မရှိ””
““ဖမ်းဆီးခံ ကျောင်းသား၊အလုပ်သ မား၊ပြန်လွှတ်ပေးရေးတို့ အရေး””
““ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး တို့ အရေး”” ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မှိုင်းရာပြည့်အား ငြိမ်းချမ်းစွာ ဂါရ၀ပြုဦးညွတ်ကျောင်းသား ထုအား မလိုမလား စစ်အာဏာရှင်အာ ဏာပိုင်များမှ နှောင့်ယှက်လာကြခြင်း ထိုသည်၏ နောက်ပိုင်းကတော့ ထုံးစံ အတိုင်းပေါ့။ ကျောင်းသားထုအား မြိုင် ရပ်နှင်ကျောင်းနှင့်တကွကျောင်းအဆောင် များမှ ၂၄နာရီအတွင်း ထွက်ခွာပေးရေး နှင့်ကျောင်းအား ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဆိုသော သတင်းကြေငြာခြင်း ပေါ့။ထိုစဉ်မှာ ကျောင်းသား၏မှိုင်းရာပြည့် အရေးအခင်းသပိတ်စခန်းကား ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ အာဏာ ရှိ၍ အာဏာရှင်ဆန်စွာ ထုတ်ပြန်ကြေ ငြာသောအမိန့် ကြေငြာပြီး နောက်နေ့ မှာ အမိန့်ကြေငြာပြီး နောက်နေ့မှာ စစ်တပ် မှ စစ်အင်အားအလုံးအရင်းဖြင့် ဘွဲ့နှင်း သဘင်ခန်းမရှိ တိုက်ပွဲဝင်ကျောင်းသား ထုအား ရိုက်နှက်ဖမ်းဆီးအတင်းဖြိုခွင်း ၏။ ဖြိုခွင်း၍ ပြိုကွဲသွားသော်လည်း မှိုင်း ရာပြည့်ကျောင်းသားထု တိုက်ပွဲကား မြန်မာ့လွတ်မြောက်ရေးတိုက်ပွဲတစ်စု အဖြစ် နိုင်ငံ့သမိုင်းမှာ ကဗ်္ဗည်းမော်ကွန်း စိုက်ထူ နိုင်ခဲ့ပါသတည်း။
ဆိုပါရစေ။ယခု စာစုသည် မျိုးချစ် စာဆို ငြိမ်းချမ်းရေး ဖခင်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မှိုင်းရာပြည့် ကျောင်းသားထု တိုက်ပွဲအား ရည်ညွှန်း ရေးသား ဆောင်းပါးဖြစ်ရာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ဘွိုင်းကောက်ဋီ ကာပါ စာသား စာပိုဒ်တစ်ပိုဒ်ဖြင့် ကျွန်တော့်စာစုအား နိဂုံးပြုလိုသည်။
ဆရာမှိုင်းရယ် ကိုင်းဘယ့်နှယ့် လုပ် မတုံး၊ သပိတ်မှောက်ကျောင်းသားတွေဟာ ကျောင်းကိုမျှသာ မဟုတ် တွေ့ကရာအရပ် လေးမျက်နှာ လျှောက် မှောက်နေကြ သတဲ့ အနို့ပြိး ဇာတ်မင်းသားမောင်စိန် ကိုလည်း မန္တလေး ကျောင်းသားတွေ စိတ်ပေါက်တာနဲ့သပိတ်မှောက်သတဲ့ တ ဆိတ်လောက်ကယ်တော်မူပါ။

စည်သူမြသန်း