Friday 18 January 2013

(2013-01-17 ) ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ဖော်ထုတ်အရေးယူမည့် ကလောင်ရှင်ဒေါက်တာဆိတ်ဖွားရဲ့ ဆောင်းပါး

(2013-01-17 ) ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ဖော်ထုတ်အရေးယူမည့် ကလောင်ရှင်ဒေါက်တာဆိတ်ဖွားရဲ ဆောင်းပါး





ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား? ဒေါက်တာဆိတ်ဖွါး

ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းတဲ့ အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာမှာ အဆိုးမြင် ဝေဖန်ရေး သားဖော်ပြနေတဲ့ ဒေါက်တာဆိတ်ဖွားဆိုတဲ့ ကလောင်ရှင်ကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်မင်း ဒေါက်တာစိုးရင် က ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုတစ်ခု တင်သွင်းခဲ့ပြီး ၊ ဒေါက်တာစိုးရင် တင်သွင်းတဲ့အဆိုကို သဘောတူမတူ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၃၄၇) ကန့်ကွက်မဲ (၁၅၇) ၊ ကြားနေမဲ (၄၂) မဲ ရရှိခဲ့တဲ့အတွက် ပြည်ထောင်စုလွှတ်တော်က ကော်မရှင်ဖွဲ့စည်းပြီး၊
 စုံစမ်းစစ်ဆေးကာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

အင်တာနက် စာမျက်နှာမှာ လွှတ်တော်ကို ဝေဖန်ရေးသားတဲ့ ဒေါက်တာ ဆိတ်ဖွားကို ကော်မရှင်ဖွဲ့ပြီး အရေးယူပေးဖို့ အဆိုတင်သွင်းတဲ့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က ဒေါက်တာစိုးရင်ဟာ
 ရန်ကုန် တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်းတစ်ဦး ဖြစ်တဲ့ အပြင် ၊နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မရှင်မှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။

ဒေါက်တာဆိပ်ဖွား၏ ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား (above the law) ဆိုတဲ့ မြန်မာ့နိုင်ငံရေးလောကမှာ ရာဇဝင်တွင်ရစ်တော့မယ့် ဆောင်းပါး အပြည့်အစုံကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ကြစေရန် ထပ်ဆင့်မျှဝေတင်ပြလိုက်ပါတယ် ။


ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းဝေးတွေမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကိစ္စ ဆွေးနွေးကြတယ် အခြေခံဥပဒေ ပုဒ်မ ၃၂၁ မှာ မူလပြဌာန်းထားတာက -“နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၉ ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖြစ် ပါဝင်ပေးအပ်ရန် အဖွဲ့ဝင် ၁ ဦး၏ အမည်ကိုသော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည် " လို့ဖြစ်တယ် ။

ဒါကိုလွှတ်တော်က အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌအဖြစ် ဘယ်သူ့ကို ခန့်မယ်ဆိုတဲ့ဟာကို လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံတော် သမ္မတက ညှိနှိုင်းရွေးချယ်ပြီးတော့မှသာနာမည်စာရင်းတင်ရမယ်လို့ ပြင်ထားတာ။
ဒါကိုသမ္မတက ခုလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာနဲ့ ဆန့်ကျင်တာကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလုပ်ထုံးလုပ်နည်းနဲ့အညီပြင်ပါလို့မှတ်ချက်ပြုထားတာ။ဒါကိုလုပ်ထုံးလုပ်နည်းနဲ့
အညီမလုပ်ပဲနဲ့ လွှတ်တော်မှာမဲခွဲပြီးပြင်တာ ။

အလားတူပဲ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းမှာလည်း နိုင်ငံတော်သမ္မတရဲ့
သဘောထား မှတ်ချက် ကိုမဲခွဲဆုံးဖြတ်ပြီး ပယ်ပစ်လိုက်ကြပါတယ် ။ဒီလုပ်ရပ်တွေဟာ ဥပဒေစကားနဲ့ပြောရရင် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ထားသူများက အခြေခံဥပဒေနှင့် မညီမှန်းသိလျှက်နှင့်တမင် အခြေခံဥပဒေကိုဖေါက်ဖျက်ကျူးလွန်လိုက်ကြတာပါ ...။ခုလိုလုပ်နေရတာရှုပ်ပါတယ် ... အခြေခံဥပဒေထဲမှာ " အခြေခံဥပဒေကမည်သို့ပင်ဆိုစေ၊ မည်သို့ပင်ပြဌာန်းထားစေကာမူ လွှတ်တော်ဥက္ကဌများနှင့် အပေါင်းပါများက လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည် " ဆိုတာလေးပါ တခါတည်း ထည့်ပြင်လိုက်ကြပါလားဗျာ....။


No comments:

Post a Comment