Sunday 27 January 2013

မိခင်ရဲ့မေတ္တာ


မိခင်ရဲ့မေတ္တာကို လူတိုင်း လူတိုင်း အဓိပ္ပာယ်တစ်မျိုးစီ ဖွဲ့ဆို ကြမှာအမှန်ပဲ။ ထက်ထက်လည်း ထက်ထက်ဘဝမှာ မိခင်မေတ္တာငတ် မွတ်ခဲ့ရတော့ မိခင်မေတ္တာကိုသူများ တွေတောင့်တတာထက်၊ လိုလားတာ ထက်၊ မျှော်လင့်တာထက် ပိုခဲ့သူပါ။ မိခင်ဆိုတာနဲ့ အတူတူမကြီးပြင်းခဲ့ရ ဘူး။ ဒါကြောင့် မိခင်မေတ္တာဆိုတာ ဘာလဲ၊ ဘယ်လိုလဲ သိပ်သိချင်ခဲ့ တယ်။ တခြား ရွယ်တူကလေးတွေ အမေလို့ခေါ်နေချိန်မှာ ငေးမော အားကျရင်း ထက်ထက်ဘဝကို မျက်စိသူငယ်၊နားသူငယ်နဲ့ တည် ဆောက်ခဲ့ရတာပါ။ ပညာကိုလည်းဆုံးခန်းထိတိုင်မတက်ရောက်ဘဲ၊ ပညာတစ်ပိုင်းတစ်စနဲ့ ထက်ထက် အနုပညာလောကထဲ ခြေစုံပစ်ဝင် လာခဲ့ပါတယ်။ အနုပညာလောကမှာ လည်း ကိုယ်ေ နရာလေးတစ်ခုရဖို့ အတွက် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ ရတယ်။ ဇာတ်ကားတွေရိုက်ကူးရင် မိသားစုဇာတ်လမ်းဆိုရင် ထက်ထက် စိတ်ကိုတအားနှစ်ပြီး သရုပ်ဆောင် ပစ် လိုက်တယ်။ မိသားစုဇာတ်ကား ရိုက်ပြီဆိုလည်း ပြောမပြတတ်အောင် ခံစားရပါတယ်။




No comments:

Post a Comment