Thursday 17 January 2013

“အနာဂတ် သာသနာ”

“အနာဂတ် သာသနာ”



 * ဒို့မြေဌာနီ - ရှေးခါဆီဝယ်
မထေရ်အပေါင်း - စံရာကျောင်းမှ
ငြိမ့်ညောင်းသာယာ - မိန့်အာဏာကို
ရပ်ရွာလူများ - လွန်လေးစားခဲ့။

* ခုကားသို့နှယ် - မဟုတ်ကွယ်၍
နယ်ပယ်ပေါက်ဖွား - အမျိုးသားတို့
ဘုန်းဘုရားကျောင်းတွင် - စာမသင်တော့။

* ဤသည့်တိုင်းသာ - နှစ်ပေါင်းကြာလျှင်
မြန်မာတိုင်းဖွား - အမျိုးသားတို့
ဘုရားကိုစွန့် - တရားစွန့်၍
စွန့်လိမ့်မှန်စွာ - မြတ်သံဃာတည်း။

* သို့တွက်များပြား - ဘုန်းဘုရားတို့
တရားကိုကျင့် - လုံအောင်ကျင့်၍
မလင့်စေရ - ကိုယ့်ဒေသ၌
သိပ္ပ၀ိဇ္ဖာ - ပြသင့်ရာကို
ကောင်းစွာပိုင်ပိုင် - ပြသနိုင်မှ
ဘုန်းလှိုင်ဟောပြ - သြ၀ါဒကို
စိတ်ကကြည်ဖြူ - လိုက်နာယူလျှက်
ကိုယ်မူနှုတ်ပြောင်း - စိတ်လည်းကောင်း၍
နောက်နှောင်းသာသနာ - ပြည်မြန်မာဝယ်
ရှည်ကြာနေသို့ - ထွန်းမည်ကို။

                                            (တောင်မြို့ - မဟာဂန္ဓာရုံဆရာတော်)


No comments:

Post a Comment