Wednesday 9 January 2013

ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်တိုင်ပြဋ္ဌာန်းမလား?





ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်တိုင်ပြဋ္ဌာန်းမလား?
 

09 JANUARY 2013

ပြဿနာ၊ ဘွဲ့ရပညာမတတ်တဲ့ အဖြစ်တွေနဲ့ ဘွဲ့ရလူငယ် တော်တော်များများ ကြုံတွေ့နေ ရပါ တယ်။ တက္ကသိုလ်က ဘွဲ့တစ်ခုက ဘဝအာမခံချက် အတွက် ပညာနဲ့ အလုပ်အကိုင်တစ်ခုကို ဖန်တီးမပေး နိုင်တဲ့အခါ ဘွဲ့ရလူငယ်တွေအတွက် အလုပ်လက်မဲ့ ပြဿနာက ကြီးမားလာခဲ့ ပါတယ်။ လက်မဲ့ လူငယ် များအဖွဲ့၊ ဘွဲ့ရပညာ မတတ်အဖွဲ့ဆိုပြီး အသင်းတွေ ဖွဲ့ထားတဲ့ လူငယ်တွေကိုလည်း တွေ့ရပါတယ်။ တချို့ လူငယ်တွေရဲ့ Profile မှာ အလုပ် အကိုင်နေရာမှာ ဘွဲ့ရအလုပ် လက်မဲ့လို့ ဖြည့်ထားကြတာတွေတော် တော်များများ တွေ့နေရပါတယ်။ ဒါက မြန်မာပြည် ပညာရေးရဲ့ လူအရေအတွက် ဦးစားပေးပြီး အရည်အချင်း အားနည်းတယ်ဆိုတာကို အထူး ပြောစရာလိုမယ် မထင်ပါဘူး။ တချို့တွေလည်း ရထားတဲ့ဘွဲ့နဲ့ လုပ်နေရတဲ့ အလုပ်က တခြားစီဖြစ်နေ ပါတယ်။
ပညာရေးနဲ့ လုပ်ငန်းခွင်ဆက်စပ် မှုမရှိတာ၊ ဘွဲ့ဒီဂရီ ဆိုတာ လက်မှတ်တစ်ခု သာရတဲ့ အခြေအနေမှာ ဘွဲ့ရတွေ တက္ကဆီ မောင်းတယ်၊ လမ်းဘေးမှာ ဈေးရောင်းတယ်၊ ကွမ်းယာရောင်းတယ်၊ ကုန်ထမ်းတယ်စတာတွေက ဘွဲ့ရလူငယ် တွေအနေနဲ့ တက္ကသိုလ်ကရတဲ့ ဘွဲ့ဒီဂရီ အပေါ် တန်ဖိုးထားမှု၊ အလေးထားမှု အားနည်းလာစေတာပဲဖြစ်ပါတယ်။ တက္ကသိုလ် မှာတော့ ဘာသာရပ် တစ်ခုနဲ့ ကျောင်းပြီးလာတယ်။ ဒါပေမဲ့ ကျောင်းပြီးတဲ့အခါ အဆင်ပြေတဲ့ အလုပ်၊ ပိုက်ဆံရမယ့်အလုပ်တစ်ခုကို ဝင်လုပ်ကြ တယ်။ ကိုယ်သင်ယူလာတဲ့ ဘာသာရပ်နဲ့ ကိုယ့်ရဲ့အလုပ်နဲ့က ဆက်စပ်လို့မရနိုင် လောက်အောင် ကွာခြားနေတာမျိုးတွေ က လက်ရှိဘွဲ့ရလူငယ်တွေအားလုံး ကြုံတွေ့ နေရတဲ့ အဖြစ်တစ်ခုပါ။ တက္ကသိုလ်ရှိတဲ့ ဘာသာရပ်တွေ အားလုံးက သူဟာနဲ့သူ အသုံးချလို့ရတဲ့ ဘာသာရပ်တွေ အဖြစ်ရှိကြတယ်။
ဒါပေမဲ့ လက်ရှိ ပညာရေးက တကယ့်လက်တွေ့ ဘဝနဲ့ ပညာရေး ချိတ်ဆက်မှုမရှိတာ အားလုံးအသိပါ။ အင်္ဂလိပ်စာမေဂျာနဲ့ ကျောင်းပြီးလာတဲ့သူက CV ဖောင်ဖြည့်တဲ့ အခါ မိမိရဲ့ ကိုယ်ရေးရာဇဝင် ကိုတောင် အင်္ဂလိပ်လို မှန်ကန်အောင် မဖြည့်နိုင်တာ တွေ့နေရပါတယ်။ ဒါက အရေအတွက်ကို ဦးစားပေးတဲ့၊ အရည်အချင်းမရှိတဲ့ ပညာ ရေးစနစ်ကြောင့်လို့ ဆိုရမှာပါ။ ဆယ်တန်းအောင်ပြီး ရမှတ်အပေါ် မူတည်ပြီးဘာသာရပ်ကို ရွေးချယ်တဲ့ အခါ လူငယ်တွေ အနေနဲ့ ကိုယ်ရဲ့ဝါသနာ၊ ကိုယ့်ရဲ့ ရည်မှန်းချက် ဘာဆိုတာ ကိုတောင်မသိတဲ့ အခြေအနေမျိုးအထိ ဖြစ်လာစေတာ တွေ့ရပါတယ်။ ကိုယ့်ရဲ့ ဝါသနာအလျောက် ရွေးချယ်ရတာ မဟုတ်တော့ ဝါသနာမပါလည်း တက်၊ စိတ်မဝင်စားလည်း တက်ရတဲ့အခြေ အနေမျိုးမှာ လူငယ်တွေအနေနဲ့ ကိုယ်သင်နေရတဲ့ ဘာသာရပ်အပေါ် စိတ်မဝင်စားတာ၊ အလေးမထားတာတွေ ဖြစ်လာတာပါပဲ။ ဘွဲ့လက်မှတ်ရပြီး တကယ့်ပညာ အစစ် ပါမလာတဲ့အခါ လူငယ်တွေ အနေ မနည်းပါ။
ဒီအခြေအနေမှာ လက်ရှိပညာရေး စနစ်ကြီးကိုပဲ ထိုင်ပြီးအပြစ်ပြောမနေကြဖို့ အရေးကြီးပါတယ်။ ပြင်ပသင်တန်းတွေ၊ ကွန်ပျူတာ အင်တာနက်တွေနဲ့ ကျောင်း ပြင်ပမှာ ပညာရှာဖွေရင်း ကိုယ့်ရဲ့အရည် အချင်း၊ အရည်အသွေးကို ပိုမိုတိုးတက်အောင် လုပ်ဆောင်လို့ ရနေပြီ ဖြစ်ပါတယ်။ အခုအခါမှာ ပြည်ပနိုင်ငံတွေက ပညာသင်ဆု အစီအစဉ်တွေက လူငယ်တွေအတွက် အခွင့်အလမ်း တစ်ရပ်ဖြစ်လာပါပြီ။ "ဘွဲ့ရပညာတတ်ဆိုတာ ဘွဲ့ရပြီး ပညာကို ဆက်လက်ရှာဖွေနေသူများ ဖြစ်ပြီး ဘွဲ့ရပညာမတတ်ဆိုတာက ဘွဲ့ရပြီးပညာကို ဆက်လက် မရှာဖွေ သူမူများဖြစ်မ်မယ်...."လို့ ရေးသားထားတဲ့ စာတစ်ပုဒ်ကို ဖတ်ခဲ့ဖူးပါတယ်။
အလွန်ကို မှတ်သား လိုက်နာဖွယ်ကောင်းတဲ့ စာသား လေးပဲ ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ နိမ့်ကျတဲ့ ပညာရေးစနစ်ကို အပြစ်တင်မနေဘဲ ကိုယ့်ရဲ့ တိုးတက်မှုတွေအတွက် ကိုယ့် ကိုယ်ကိုယ်အားကိုးပြီး ကြိုးစားကြဖို့ လိုအပ်တယ်လို့ ဆရာကြီး ဦးအောင်သင်းက ပြောခဲ့တာ ဖတ်မှတ်ခဲ့ရဖူးပါတယ်။ ဒါ့ကြောင့် ခေတ်စနစ်ဆိုးတစ်ခုကို အပြစ်တင်နေရုံနဲ့ ကိုယ့်ရဲ့ဘဝပြောင်းလဲ လာမှာမဟုတ်ဘဲ မိမိကိုယ်တိုင် ပြုပြင် ပြောင်းလဲပြီး ကြိုးစားအားထုတ်မှသာ အနာဂတ်လှပပြီး တန်ဖိုးရှိတဲ့ သူတစ် ယောက်အဖြစ်ရပ်တည်နေနိုင်မှာ ဖြစ်ပါ တယ်။
ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်တိုင်ပြဋ္ဌာန်းမလား

No comments:

Post a Comment