ရေအကျိုးဆယ်ပါး..က ဖြစ်ရာဘ၀မှာ........
(၁)ခန္ဓာကိုယ်တစ်ခုလုံး အနာရောဂါကင်းပြီးသန့်ရှင်းစင်ကြယ်တယ်။
(၂) ထင်ရှားကျော်ကြားပြီးလူသိများတယ်၊
(၃) တပည့် သားသမီး မိတ်ဆွေ ၊ အဖော်အခြံအရံ များပြားတယ်၊
(၄) လေးလံ ထိုင်းမှိုင်းခြင်းမရှိဘဲ လျှင်မြန်သွက်လက်တယ်၊
(၅) အစာရေစာငတ်မွတ်ဆာလောင်ခြင်းဘေးက အမြဲလွတ်ကင်းတယ်၊
(၆) အသက်ရှည်တယ်၊
(၇) အဆင်းလှတယ်၊
(၈) ခန္ဓာ ကိုယ်ဟာအမြဲအေးချမ်းနေတယ်၊
(၉) ခွန်အားဗလကြီးတယ်၊
(၁၀) ဥာဏ်ပညာကြီးမားတယ်၊
ရေအကျိုးဆယ်ပါး..လင်္ကာလေးကတော့...~~~~~..
"စင်ကြယ်ကျော်ကြား၊ ဖော်များလျှင်မြန်၊
မွတ်သိတ်ဆာခြင်း၊ ကွာကင်းရပြန်၊
သက်ရှည်ဆင်းလှ ၊ ချမ်းမြအားသန်၊
ဥာဏ်ဝေဖြိုး၊ ရေကျိုးဤ ဆယ်တန်၊"

No comments:
Post a Comment