ယုံပါ လို့ ခဏခဏပြောစရာမလိုဘူး
ယုံကြည်အောင်နေပေးပါလို့ပဲ တောင်းဆိုချင်တယ်
ခွဲမသွားဘူးလို့ ကတိအထပ်ထပ်ပေးစရာမလိုဘူး
သစ္စာရှိရှိလေး ချစ်ပေးဖို့ပဲ တောင်းဆိုချင်တယ်
လိုအင်တွေအမြဲပြည့်စုံနေအောင်ထားဖို့မလိုဘူး
နှစ်ယောက်အတူ ပျော်ရွှင်တဲ့ဘ၀လေးတခု ဖန်တီးပေးဖို့ပဲ တောင်းဆိုချင်တယ်
နောက်ထပ် ဘာမှ ထပ်မတောင်းဆိုတော့ဘူး
ငါ့အနား နင် တသက်လုံး ရှိနေပေးဖို့ပဲ တောင်းဆိုတော့မယ်..။
မနောဖြူ
အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ။

No comments:
Post a Comment